backup og meta

Bags under eyes (မျက်ရစ်ဖောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bags under eyes (မျက်ရစ်ဖောင်းခြင်း) ကဘာလဲ။

မျက်ရစ်ဖောင်းခြင်းဆိုတာ မျက်လုံးရဲ့အောက်မှာ ရောင်ရမ်းဖောင်းကြွလာခြင်းဖြစ်ပြီး အသက်ကြီးလာရင် တွေ့ရတတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ မျက်လုံးတဝိုက်က ကြွက်သားတွေဟာ အားနည်းလာပါတယ်။ မျက်လုံးကို ပုံမှန် ထောက်ပံ့ပေးထားတဲ့ အဆီတွေဟာ အောက်မျက်ခမ်းထဲ ရောက်သွားတဲ့အခါ ဖောင်းလာပါတယ်။ မျက်လုံးအောက်မှာ အရည်တွေ စုလာခင်းကလည်း ရောင်ရမ်းဖောင်းကြွခြင်းကို အားဖြည့်ပေးပါတယ်။

မျက်ရစ်ဖောင်းခြင်းဟာ အလှအပဆိုင်ရာ ပြသနာတခုပဲ ဖြစ်ပြီး ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေတော့ မဟုတ်ပါဘူး။ အိမ်တွင်းကုထုံးအနေနဲ့ အေးတဲ့အရာနဲ့ ဖိကပ်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ ပိုမိုဆိုးရွားနေတဲ့ မျက်ရစ်ဖောင်းခြင်းကိုတော့ အလှအပဆိုင်ရာ ကုသနည်းတွေနဲ့ ကုသနိုင်ပါတယ်။

Bags under eyes (မျက်ရစ်ဖောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Bags under eyes (မျက်ရစ်ဖောင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာတွေကတော့

  • အတော်အသင့် ရောင်ရမ်းခြင်း
  • အရေပြားအိတွဲခြင်း
  • ပတ်လည်မည်းလာခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအခြေအနေတွေမှာ ဆရာဝန်ပြသင့်ပါတယ်။

  • ဆိုးရွားပြိး မပျောက်ကင်းတဲ့အခါ
  • နီခြင်း၊ ယားယံနာကျင်ခြင်းများ ဖြစ်ပေါ်လာသောအခါ
  • ကိုယ်ခန္ဓါရဲ့ အခြားနေရာတွေကို ထိခိုက်လာသောအခါ

အကြောင်းရင်းများ

Bags under eyes (မျက်ရစ်ဖောင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မျက်ခမ်းအောက်မှာ အသားအရေ ဆိုးရွားစွာ အိတွဲလာခြင်းဟာ အောက်ပါအခြေအနေတွေကြောင့် ဖြစ်စေပါတယ်။

  • မျက်လုံးအထက်ပိုင်းမှ အဆီဓါတ်များ အောက်ဘက်သို့ ရွေ့လျားသွားခြင်း
  • မျက်လုံးအောက်တွင် အရည်များစုခြင်း
  • မျက်လုံးအောက်ကြွက်သားများ အားနည်းလာခြင်း
  • အသက်အရွယ်ကြီးခြင်း၊ အသားအရေပါးပြီး တွန့်ခေါက်လာခြင်း

များသောအားဖြင့် မျက်ရစ်ဖောင်းခြင်းဟာ အလှအပဆိုင်ရာ ပြသနာတခုပဲ ဖြစ်ပြီး ဆိုးရွားတဲ့ ကျန်းမာရေးပြသနာ မဟုတ်ပါဘူး။ ဒါပေမယ့် မျက်ရစ်နေရာမှာ ဖောင်းတဲ့အပြင် နီရဲယားယံနေရင်၊ နာကျင်နေရင် ဆရာဝန်ပြသင့်ပါတယ်။ အဲ့ဒါဟာ ဓါတ်မတည့်ခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

အသက်ကြီးလာခြင်းဟာ အဓိကအကြောင်းအရင်း ဖြစ်ပေမယ့် လူတော်တော်များများဟာ မျိုးရိုးဗီဇအရ ဖြစ်လွယ်ပါတယ်။ မိသားစုဝင်တွေဟာ ပုံစံတူ ဖြစ်တတ်ပါတယ်။

တချို့တွေမှာတော့ နေထိုင်မှုပုံစံတွေကြောင့်ဖြစ်ပြီး ပြုပြင်လျှော့ချနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bags under eyes (မျက်ရစ်ဖောင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါအတိုင်း မေးခွန်းတွေ မေးပါလိမ့်မယ်။

  • မျက်လုံးအောက်မှာ ဖောင်းလာတာကို ပထမဆုံး ဘယ်တုန်းက သတိထားမိလဲ။
  • ဆက်တိုက်ဖြစ်လား တခါတလေမှလား
  • ဘယ်အရာတွေက သက်သာစေလဲ
  • ဘယ်အရာတွေက ပိုဆိုးစေတယ်လို့ ထင်လဲ

မေးခွန်းတွေ စာရင်းပြုစုထားခြင်းဟာ အချိန်ကုန် သက်သာစေပါတယ်။ မျက်ရစ်ဖောင်းခြင်းအတွက် ဆရာဝန်နဲ့ တွေ့တဲ့အခါ မေးသင့်တဲ့မေးခွန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဘယ်ဟာတွေက ဖြစ်စေလဲ
  • ယာယီလား ကြာရှည်ဖြစ်သွားမှာလား
  • ဘယ်လိုကုသမှုမျိုး လုပ်သင့်လဲ
  • ဘယ်လောက်ကုန်ကျမလဲ၊ ကျန်းမာရေးအာမခံနဲ့ လောက်ပါ့မလား
  • ဘယ်လိုရလဒ်မျိုးကို မျှော်လင့်နိုင်လဲ
  • သက်သာအောင် အိမ်မှာ ဘာတွေလုပ်နိုင်လဲ
  • ပြန်ပြဖို့လိုသလား

မေးခွန်းတွေမေးဖို့ မတွေဝေပါနဲ့။

Bags under eyes (မျက်ရစ်ဖောင်းခြင်း) ကို ဘယ်လိုကုသပါသလဲ

အလှအပဆိုင်ရာ ပြသနာတခုပဲ ဖြစ်ပါတယ်။ ရောဂါမဟုတ်ပါဘူး။ နေထိုင်မှုပုံစံတွေဟာ ဒီပြသနာကို လျှော့ချဖြေရှင်းပေးနိုင်ပါတယ်။

မျက်ရစ်ဖောင်းခြင်းရဲ့ ပုံစံနဲ့ပတ်သက်လို့ စိတ်ပူရင် ဆေးဝါးကုသမှု၊ ခွဲစိတ်ကုသမှုတွေ ရှိပါသေးတယ်။ ကြည့်ကောင်းအောက် ပြုပြင်မယ်ဆိုရင်တော့ ကျန်းမာရေး အာမခံနဲ့ မလုံလောက်နိုင်ပါဘူး။

ဆေးဝါးကုသခြင်း

ဓါတ်မတည့်မှုကြောင့် ဖြစ်တာဆိုရင် ဓါတ်မတည့်ခြင်းနဲ့ ဆိုင်တဲ့ကုသမှု ခံယူရပါမယ်။

ကုထုံးများ

ကုသမုမျိုးစုံ ရှိပါတယ်။ လေဆာဖြင့်ပြုပြင်ခြင်း၊ ဓါတုဗေဒနည်းသုံးခြင်း စသဖြင့် အသားအရေ တင်းရင်းအောင်၊ ကြည့်ကောင်းအောင် ပြုပြင်နိုင်ပါတယ်။

မျက်ခမ်းခွဲစိတ်ခြင်း

မျက်ရစ်ဖောင်းခြင်းကို ကုသမယ့် နည်းလမ်းတခုပဲ ဖြစ်ပါတယ်။ မျက်ခမ်းရစ်ထဲမှာ အနည်းငယ်ခွဲစိတ်ပြီး ပိုနေတဲ့ အဆီဓါတ်၊ ကြွက်သားနဲ့ အိတွဲနေတဲ့ အရေပြားတွေကို ဖယ်ထုတ်ပါလိမ့်မယ်။ အရေပြားထဲ ပျော်ဝင်နိုင်တဲ့ ချုပ်ရိုးအသေးလေးတွေနဲ့ အရေပြားတွေကို ပြန်လည် ပြုပြင်ပေးပါလိမ့်မယ်။ ဆေးရုံတက်စရာ မလိုဘဲနဲ့ ကုသနိုင်ပါတယ်။

အောက်မျက်ရစ်ဖောင်းခြင်းအပြင် အောက်ပါအခြေအနေတွေကိုလည်း ကုသနိုင်ပါတယ်။

  • အပေါ်မျက်ရစ်ဖောင်းခြင်း
  • မြင်ကွင်းကို နှောင့်ယှက်နေအောင် အရေပြား ထူထဲနေခြင်း
  • အောက်မျက်ခမ်းတွဲကျနေခြင်း
  • အောက်မျက်ခမ်းတွင် အရေပြားပိုနေခြင်း

မျက်ခမ်းခွဲစိတ်ခြင်းရဲ့ နောက်ဆက်တွဲပြသနာတွေဖြစ်တဲ့ ပိုးဝင်ခြင်း၊ မျက်လုံးခြောက်ခြင်း၊ အမြင်အာရုံဆိုင်ရာ ပြသနာများ၊ မျက်ရည်လမ်းကြောင်းနှင့် မျက်ခမ်းနေရာ ပြသနာများ စတာတွေနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက မျက်ရစ်ဖောင်းခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

အေးတဲ့အရာနဲ့ ဖိကပ်ပါ။ သန့်ရှင်းတဲ့အဝတ်စကို ရေအေးအေးဆွတ်ပါ။ ထိုင်ပြီးရင် မျက်လုံးတဝိုက်ကို အဲဒီအဝတ်စနဲ့ မိနစ်အနည်းငယ်အနည်းငယ်ဖိကပ်ထားပါ။

အိပ်ရေးဝအောင်အိပ်ပါ။ အရွယ်ရောက်ပြီးသူတွေဟာ တညကို ၇-၈နာရီ အိပ်ရင် လုံလောက်ပါတယ်။

ဦးခေါင်းကို အနည်းငယ်မြှင့်ပြီးအိပ်ပါ။ ခေါင်းအုံးအပိုဖြစ်ဖြစ်၊ မွေ့ယာမြှင့်ပြီး ဖြစ်ဖြစ် အိပ်ပါ။

ဒီလိုလုပ်ခြင်းဟာ အိပ်နေစဉ်မှာ မျက်လုံးတဝိုက် အရည်များ စုခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ဓါတ်မတည့်ခြင်းကို ကာကွယ်ပါ။ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်သော ဆေးဝါးများကို သုံးစွဲပါ။

ဆံပင်ဆိုးဆေး၊ ဆပ်ပြာ၊ အလှပြင်ပစ္စည်းများနဲ့ တခြား ဓါတ်မတည့်စေနိုင်တဲ့အရာတွေအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Bags under eyes.

http://www.mayoclinic.org/diseases-conditions/bags-under-eyes/basics/definition/con-20034185. Accessed August 15, 2017.

How to improve the appearance of bags under your eyes. http://www.medicalnewstoday.com/articles/316710.php. Accessed August 15, 2017.

ယခုပုံစံ

13/09/2019

Written by Dr. Thant Zin

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဝေးမှုန်စေနိုင်တဲ့ အရာများ

မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား!


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement