backup og meta

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

တန်ဆောင်မုန်း လပြည့်နဲ့ မယ်ဇလီပင်ဟာ ခွဲလို့ မရစကောင်းတဲ့ အရာပါ။ လပြည့်ကျော် တစ်ရက်နေ့ နက္ခတ်စုံညီတဲ့နေ့မှာ နွယ်မြက်သစ်ပင်တွေအားလုံး ဆေးဖက်ဝင်ပြီး မယ်ဇလီဖူးသုပ်ကို စားရင် ဆေးပေါင်းခ၊ ရောဂါတွေပျောက်တယ်လို့ အားလုံးကြားဖူးပြီး ဖြစ်မှာပါ။

ဒါဆိုရင် တကယ်တမ်း သိပ္ပံနည်းကျရော မယ်ဇလီဖူး၊ မယ်ဇလီရွက်၊ မယ်ဇလီပင်က ဆေးဖက်ဝင်ရဲ့လား။

မယ်ဇလီပင်ဟာ ဝမ်းချုပ်ခြင်းကို အဓိက ပျောက်ကင်းသက်သာစေပါတယ်။ ဒီ သဘာဝ ကုထုံးဟာ ကိုယ်ဝန်သည်တွေနဲ့ ကလေးတွေအတွက်ပါ အသုံးပြုလို့ ရနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။

မယ်ဇလီဖူး (မယ်ဇလီစေ့ပေါ်က အဖူး) ကို ရေထဲ စိမ်ထားပြီး တစ်ညသိပ်ထားပါ။ ပြီးတော့ အရည်စစ်ချပြီး သကြားနဲ့ သောက်လို့ ရပါတယ်။ နောက်ပြီး မယ်ဇလီရွက် ကို အခြောက်လှမ်းပြီး ရေနွေးကြမ်းအဖြစ် သောက်တာက အစာကြေစေပြီး အူလမ်းကြောင်းကို ရှင်းလင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီ ရေနွေးကြမ်းကို အလွန်အကျွံသောက်မယ်ဆိုရင်တော့ အသည်းကို အဆိပ်အတောက် ဖြစ်စေမှာပါ။

မယ်ဇလီအမြစ်ကိုတော့ နှာစေးခြင်း နဲ့ ဖျားနာခြင်းတွေအတွက် သုံးလို့ ရပါတယ်။ မယ်ဇလီမြစ်ကို မီးရှို့ပြီး အငွေ့ကို ရှူတာက နှာပိတ်ခြင်းတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။ ပြီးတော့ မယ်ဇလီမြစ်ကို အရည်ပြုတ်သောက်ရင်လည်း ဖျားနာခြင်းကို သက်သာစေနိုင်ပါသေးတယ်။

မယ်ဇလီဆီဟာ အရေပြားရောဂါတွေကို သက်သာစေပါတယ်။ မယ်ဇလီမှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် မယ်ဇလီကို သုံးလို့ အရေပြားနီမြန်းရောင်ရမ်းမှုတွေ ကို လျှော့ချပေးနိုင်ပြီး မယ်ဇလီရွက်ကို ကြိတ်ပြီး အနာနဲ့ အပူလောင်နာတွေပေါ် အနှစ်တွေ လိမ်းပေးလို့ ရပါတယ်။

မယ်ဇလီရွက်တွေကို ခြေ၊လက်တွေ ရောင်ရမ်းတာတွေအတွက် အသုံးပြုနိုင်ပြီး မယ်ဇလီအဆီကိုတော့ ရောင်ရမ်းမှုတွေကို လျော့ကျစေတဲ့ အာနိသင်ကြောင့် အဆစ်နဲ့ ကြွက်သားတွေကို သန်မာစေဖို့၊ သွေးလည်ပတ်မှု ကောင်းမွန်ပြီး အဆစ်တွေဆီ အောက်ဆီဂျင်ပံ့ပိုးမှု ကောင်းမွန်စေဖို့ အသုံးပြုနိုင်ပါတယ်။

မယ်ဇလီကြောင့် ပိုရလာတဲ့ အောက်ဆီဂျင်တွေဟာ အဆစ်တွေနဲ့ အနီးနားက ကြွက်သားတွေ၊ တစ်ရှူးတွေကို အားဖြည့်ပေးနိုင်တာကြောင့် ရောင်ရမ်းနာကျင်ကိုက်ခဲတာတွေကို လျှော့ချပေးနိုင်ပါတယ်။

မယ်ဇလီရွက်တွေကို အိပ်မပျော်ခြင်း၊ စိတ်ဖိစီးမှုတွေကို ကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ မယ်ဇလီကို လိုအပ်တာထက် ပိုပြီး ရေရှည်မှာ အလွန်အကျွံ သုံးမိ၊ စားမိမယ်ဆိုရင် နှလုံးရောဂါကို ပိုဆိုးစေနိုင်ပြီး ဝမ်းလျှောတာမျိုး၊ အော့အန်ပြီး မအီမသာ ဖြစ်တာမျိုးတွေ ခံစားရမှာဖြစ်သလို ကြွက်သားအားနည်းတာ၊ အသည်းပျက်စီးတာတွေ ဖြစ်စေနိုင်သလို ရေဓာတ်ချို့တဲ့တာမျိုးတွေ၊ ဗိုက်နာတာမျိုးတွေ၊ အူအတက်ရောင်တာ၊ အစာအိမ်ရောင်တာ စတာတွေလည်း ဖြစ်နိုင်ပါသေးတယ်။

Wathun Myet Chal

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.home-remedies-for-you.com/herbs/cassia-herb.html

https://herbpathy.com/Uses-and-Benefits-of-Cassia-Siamea-Cid5406

https://www.rxlist.com/nonalcoholic_alcoholic_fatty_liver_disease_causes/article.htm

ယခုပုံစံ

26/11/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မုတ်ဆိတ် နဲ့ အမျိုးသား ကျန်းမာရေး

ဆေးဖက်ဝင်တဲ့ သင်္ဘောမယ်ဇလီ



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement