brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း) ကဘာလဲ။

Otitis externa ဆိုတာ နားရဲ့ အပြင်ပြွန်လမ်းကြောင်းကို အုပ်ထားတဲ့ အရေပြားအလွှာပါးလေးမှာ ရောဂါးပိုးဝင်ခြင်းကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ဘက်တီးရီးယားကြောင့် ဖြစ်တတ်သော်လည်း တစ်ခါတလေ မှိုကြောင့်လည်း ဖြစ်တတ်ပါတယ်။

Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း)

နားပြွန်လမ်းကြောင်း ဆိုတာ နားစည်ကနေ နားအပြင်ဘက်ကို ဆက်ထားတဲ့ လိုဏ်ခေါင်းပေါက်ဖြစ်ပါတယ်။ Otitis externa ဟာ ပုံမှန်အားဖြင့် သင်ရေကူးပြီး နောက်တစ်နေ့မှာ ဖြစ်တတ်ပြီး ရက်တို သို့မဟုတ် နာတာရှည်လည်း ဖြစ်တတ်ပါတယ်။

Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ ကလေးတွေမှာ အဖြစ်များပြီး ရေမကြာခဏကူးတဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ ဆီးချိုရှိတဲ့ သူတွေ (သို)့ အရေပြားဓါတ်မတည့်တတ်တဲ့ သူတွေ နဲ့ နားဖာချေး ထုတ်တာ နည်းတဲ့ သူတွေမှာ ဒီရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။ (နားဖာချေးသည် အမှုန် နဲ့ ပိုးမွှားများ နားစည်တွင်း မဝင်အောင် ကာကွယ်ပေးသော သဘာဝပစ္စည်းတစ်မျိုးဖြစ်သည်။) ဒီဖြစ်နိုင်ချေတွေကို လျှော့ချခြင်းဖြင့် ရောဂါကို ကုသလို့ရနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Otitis externa ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • နားရွက်ကိုဆွဲတဲ့ အခါ သို့ နားထဲထိုးတဲ့ အခါ နားပိုကိုက်လာခြင်း
    • နားအတွင်း ယားခြင်း
    • အနည်းငယ် ဖျားခြင်း (တစ်ခါတစ်ရံ)
    • နားပြည်ယိုခြင်း
    • ယာယီ အကြားအာရုံပျောက်ဆုံးခြင်း
    • တစ်ခါတရံ နားအတွင်း အနာဖု (သို့) အနာစိမ်း ပေါက်ခြင်း။ ထိုအနာဖုများမှာ အလွန်နာကျင် စေတတ်ပါသည်။ သူတို့ ပေါက်သွားသည့်အခါ သွေး သို့ ပြည် အနည်းငယ် ထွက်တတ်သည်။

    အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်မှာ နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း(otitis externa) ရဲ့ လက္ခဏာတွေပြနေရင် ဆရာဝန်နဲ့ ဆက်သွယ်ပါ။ အောက်ပါ အချက်တွေ ဖြစ်လာလျှင် ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ (သို)့ ဆေးရုံးသွားပါ။

    • ဆိုးရွာစွာ နားကိုက်ခြင်း
    • ဖျားခြင်း

    လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    ဒီရောဂါဟာ ညစ်ညမ်းနေတဲ့ ရေထဲမှာ ရေကူးပြီးနောက် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် pseudomonas နဲ့ တခြား ဘက်တီးရီးယားတွေက otitis externa ကိုဖြစ်တတ်ပါတယ်။ တချို့ကိစ္စတွေမှာ မှိုကြောင့်ဖြစ်တတ်ပါတယ်။

    တခြားဖြစ်ပွားစေတဲ့ အရာများမှာ

    • နား သို့ နားအတွင်းပိုင်းအား တအားဆွဲခြင်း
    • နားအတွင်း အမျိုးအမည် မသိသော အရာများ တစ်စို့ နေ ခြင်း
    • နားကို နားကြပ်တံ၊ ဂွမ်း သို့ တခြားထိခိုက်စေတဲ့အရာတွေနဲ့ အတင်းထိုးခြင်း

    နာတာရှည် otitis externa ကို ဖြစ်စေတဲ့ အရာများမှာ

    • နားအတွင်း ဓါတ်မတည့်မှု ဖြစ်ခြင်း
    • နှင်းခူ သို့ ဆိုရီရေးစစ် အရေပြားရောဂါ ကဲ့သို့သော နာတာရှည် အရေပြား ရောဂါများဖြစ်ခြင်း

    ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများ

    Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    Otitis externa ဖြစ်ပွားနိုင်ချေ ကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    • ပုံမှန် ရေကူးခြင်း
    • ဘက်တီးရီးပေါများတဲ့ ရေမှာ ရေကူးခြင်း
    • နားလမ်းကြောင်းကျဉ်းတဲ့ ကလေးတွေမှာ ရေဝင်ပြီး ကျန်နေနိုင်တာကြောင့် otitis externa ဖြစ်နိုင်မှုပိုများခြင်း
    • နားကို နားကြပ်ဂွမ်း သို့ တခြားအရာများနှင့် အသန့်လွန်ခြင်း
    • သီချင်းနားထောင်တဲ့ နားကြပ် သို့ အကြားကိရိယာများ အလွန်အသုံးများခြင်း

    အသုံးဆောင်ပစ္စည်းတွေ၊ဆံပင်ဖြန်းဆေးတွေ သို့ ဆံပင်အရောင်ဆိုးဆေးတို့ကို ဓါတ်မတည့်ခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    သင့်ရဲ့ ဆရာဝန်က သင့်ရဲ့နားကို ကြည့်ရှုစမ်းသပ်ပြီး ပိုဆိုးတဲ့ သို့ ပြန်ဖြစ်တဲ့ ရောဂါတွေမှာ နားအတွင်းက အရည်ကိုယူပြီး လေ့လာမှုတွေ ပြုလုပ်ပါလိမ့်မယ်။

    Otitis Externa (နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    များသောအားဖြင့်တော့ ပဋ္ဋိဇီဝပါတဲ့ နားခပ်ဆေးကို ၁၀ ရက်ကနေ ၁၄ ရက်အတွင်း ချပေးရပါတယ်။

    တခြားကုသနည်းတွေကတော့

    • နားအလယ်ပြွန်နဲ့ အပြင်ပြွန် မှာ ကူးစက်မှုဖြစ်နေ လျှင် ပဋ္ဋိဇီဝဆေး သောက်ပါ
    • ယားယံခြင်းနှင့် ရောင်ခြင်းတို့အတွင် corticosteroid စတီးရွိုက်ဆေး သုံးပါ။
    • အနာသက်သာစေတဲ့ acetaminophen (Tylenol) or ibuprofen (Advil, Motrin) တို့ကို သုံးပါ။
    • နားထဲသို့ ရှာလကာရည်(acid acetic) ထည့်ပေးပါ
    • နားကိုက်တာ နည်းနည်းသက်သာအောင် ရေနွေးကပ်ပါ။

    လက္ခဏာတွေ သက်သာသွားပြီးနောက် ၇ ရက် ကနေ ၁၀ရက်အထိ နားကို ရေမဝင်ပါစေနဲ့။

    နာတာရှည် Otitis externa ဖြစ်နေတဲ့သူတွေကတော့ နောက်ဆက်တွဲရောဂါတွေ ကာကွယ်ရန် ကာလရှည် ဆေးကုသမှုတွေ သို့ ပုံမှန်ရက်ချိန်း စမ်းသပ်မှုတွေလုပ်သင့်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နားအပြင်ပြွန်လမ်းကြောင်း ရောင်ခြင်း (Otitis externa ) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Otitis externa ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • နားထဲ ရေမဝင်အောင် ဂရုစိုက်ပါ။ ရေကူးတဲ့ နားစွပ် သို့ ခေါင်းစွပ်များ စွပ်ထားပါ။

    • သင့်နားပိတ်နေလျှင် (သို)့ ကုနေရင်း နားကိုက်တာပိုဆိုးလာလျှင် ဆရာဝန် ကိုပြောပါ။

    • နားခပ်ဆေး တွေကို ညွှန်ကြားသည့်အတိုင်း သုံးပါ။

    • သင့်နားကိုက်တာဟာ ဆရာဝန် မညွှန်ထားတဲ့ ဆေးတွေသုံးပြီး ပိုဆိုးလာတယ်ဆိုလျှင် ဆရာဝန်ခေါ်ပါ။

    • ဆေးစကုပြီးနောက် အဖျားတက်လာလျှင်လည်း သင့်ဆရာဝန်ကိုပြောပါ။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။