ဘာကြောင့် လည်ပင်းနာနေတာလဲ


Wathun Myat Chal မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာကြောင့် လည်ပင်းနာနေတာလဲ

    ဇက်ကြောတက်ခြင်းဟာ ပုံမှန်ပါပဲ။ အထူးသဖြင့်တော့ အသက် ၅၀အထက် လူကြီးတွေမှာပေါ့။ ဇက်ကြောတက်ခြင်း (လည်ပင်းနာခြင်း) ဟာ လည်ပင်းဧရိယာဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ ခေါင်းရဲ့အောက်ခြေကနေပြီး ပုခုံးစွန်းတွေထိပေါ့။

    ဒါတွေက သင့်ရဲ့ နောက်ကျောအပေါ်ပိုင်းတွေ ဒါမှမဟုတ် လက်မောင်းတွေထိတောင် ပြန့်နှံ့နိုင်ပါသေးတယ်။ ဒါက သင့်ရဲ့ ခေါင်းနဲ့ လည်ပင်းလှုပ်ရှားမှုတွေကို ကန့်သတ်ထားနိုင်ပါတယ်။

    ကျွန်တော်တို့ရဲ့လည်ပင်း (ဇက်)ဟာ ခေါင်းခွံရိုးကနေ ကိုယ်အထိ ရှည်တဲ့ အရိုးတွေနဲ့ ပြုလုပ်ထားတာပါ။ Cervical discs တွေကတော့ အရိုးတွေကြားထဲက ထိခိုက်မှုတွေ ရှော့ခ်တွေကို စုပ်ယူနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။

    ဇက်ရဲ့ အရိုးတွေ၊ ကြွက်သားကြောတွေ နဲ့ ကြွက်သားတွေက ခေါင်းကိုထောက်ပံ့ပေးပြီး လှုပ်ရှားလို့ရအောင် ကူညီပေးပါတယ။် ပုံမှန်မဟုတ်တဲ့ ထူးခြားမှုတွေ၊ ရောင်ရမ်းမှုတွေ ဒါမှမဟုတ် ဒဏ်ရာအနာတရဖြစ်မှုတွေ က ဇက်ကြောတက်ခြင်း၊ ဇက်နာခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

    အဓိက အကြောင်းရင်းတွေက ဘာတွေလဲ။

    • ကြွက်သားတင်းနေခြင်းနဲ့ တောင့်တင်းခြင်း

    ဒါက ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အပြုအမူတွေကြောင့်ဖြစ်ရတာပါ။

    ဥပမာ-

    ကိုယ်နေဟန်ထား

    လည်ပင်း အနေအထားမမှန်ကန်ဘဲ အိပ်စက်ခြင်း

    အနေအထားမပြောင်းဘဲ စားပွဲပေါ်ကမထတမ်း အလုပ်လုပ်ခြင်း

    လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ဇက်ကို လှုပ်ရှားမိခြင်း

    ထိခိုက်အနာတရများ

    လှေကားပေါ်က ပြုတ်ကျခြင်း သို့မဟုတ် ကားမတော်တဆမှုကြောင့် ထိခိုက်ခြင်းတွေက ဇက်နာခြင်းကိုဖြစ်ပေါ်စေပါတယ်။

    ဦးနှောက် အမြှေးရောင်ခြင်း

    ဦးနှောက်အမြှေးရောင်ခြင်းဟာ ဦးနှောက်နဲ့ ကျောရိုးကို ဝန်းရံထားတဲ့ ပါးလွှာတဲ့ တစ်သျှူးလေးတွေ ရောင်ရမ်းခြင်းပါ။ ဥိးနှောက်အမြှေးရောင်တဲ့သူတွေမှာ အဖျားသို့မဟုတ် ခေါင်းကိုက်ခြင်းတွေဖြစ်နိုင်ပြိး တစ်ခါတလေမှာတော့ ဇက်ခိုင်နေတတ်ပါတယ်။

    ဦးနှောက်အမြှေးရောင်ခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ တကယ်လို့များဦးနှောက်အမြှေးရောင်တဲ့ လက္ခဏာတွေ သင့်မှာတွေ့ရပြီဆိုရင်တော့ ဆရာဝန်ကို ရှာဖို့ မမေ့ပါနဲ့။

    နှလုံးဖောက်ပြန်ခြင်း (Heart attack)

    ဇက်နာခြင်းဟာ နှလုံးဖောက်ပြန်ခြင်းရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါသေးတယ်။ ဒါပေမဲ့ နှလုံးဖောက်ပြန်မယ်ဆိုရင်တော့ အခြားသော လက္ခဏာတွေရှိနေပါသေးတယ်။

    အသက်ရှူမဝခြင်း

    ပျို့အန်ခြင်း

    ချွေးထွက်ခြင်း

    လက်မောင်း သို့မဟုတ် မေးရိုးနာခြင်း

    တကယ်လို့များ ဇက်လည်းနာပြီး ဒီလက္ခဏာတွေလည်း တွေ့နေရမယ်ဆိုရင်တော့ ဆေးရုံကားခေါ်ပါ။ ဒါမှမဟုတ် အရေးပေါ်ဆေးခန်းကို ချက်ချင်းသွားပါ။

    အခြားသော အကြောင်းရင်းများ

    သင့်အသက်အရွယ်အလိုက် cervical discs တွေက အသစ်ပြန်လည်ဖွဲ့စည်းနှုန်းနှေးနိုင်ပါတယ်။ ဒါကိုတော့ ဇက်ရဲ့ spondylosis သို့မဟုတ် osteoarthritis လို့ခေါ်ပါတယ်။ ဒါက အရိုးတစ်ခုနဲ့တစ်ခုကြားကနေရာလွတ်တွေကို ကျဉ်းစေနိုင်ပြီး အဆစ်တွေပေါ် ဖိအားပေးနိုင်ပါတယ်။

    Rheumatoid arthritis ကလည်း အဆစ်တွေကို နာကျင်မှုတွေ ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပြီး အရိုးတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ တကယ်လို့များ ဒါတွေ ဇက်မှာဖြစ်ခဲ့ပြိဆိုရင် ဇက်တွေနာတာမျိုး ဖြစ်စေတတ်ပါတယ်။

    တကယ်လို့များ ဒဏ်ရာအနာတရဖြစ်တာတစ်ခုခုကြောင့်၊ ထိခိုက်မိတာတစ်ခုခုကြောင့် အရိုးငေါထါက်လာပြီဆိုရင် ဒါက ကျောရိုး ဒါမှမဟုတ် အာရုံကြောအမြစ်တွေပေါ် ဖိအားတွေ သက်ရောက်စေပါတယ်။ ဒါကိုတော့ herniated cervical disc လို့ခေါ်ပြီး ပေါက်နေတဲ့ ဒါမှမဟုတ် ချော်ထွက်နေတဲ့ disc လို့ခေါ်ပါတယ်။

    Fibromyalgia ကတော့ ခန္ဓါကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေကို နာကျင်စေနိုင်တဲ့ အခြေအနေတစ်ခုပါ။ အထူးသဖြင့်တော့ ဇက်နဲ့ ပုခုံးပတ်ဝန်းကျင်တွေပေါ့။

    Spinal stenosis ကတော့ ကျောရိုးကော်လမ်က ကျဉ်းလာပြီး ကျောရိုးမကြီး ဒါမှမဟုတ် ကျောရိုးမှာရှိတဲ့ အာရုံကြောအမြစ်တွေပေါ် ဖိအားတွေဖြစ်စေတဲ့အချိန်မှာ ဖြစ်ပေါ်ပါတယ်။ ဒီအခြေအနေဟာ arthritis ကြောင့်သော်လည်းကောင်း အခြားအကြောင်းရင်း တစ်ခုခုကြောင့်သော်လည်းကောင်း ကာလကြာရှည်ရောင်ရမ်းမှုကြောင့် ဖြစ်လာတာပါ။

    လူအများစုဟာ ကိုယ်နေဟန်ထားမမှန်မှုတွေနဲ့ ကြွက်သားတင်းမှုတွေကြောင့် ဇက်နာမှုကို ခံစားကြရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင့်ရဲ့ ဇက်နာကျင်မှုဟာ နာနေဆဲအချိန်မှာ သင်က ကောင်းကောင်းလှုပ်ရှားပြီး ဇက်ကြွက်သားတွေကို အနားပေးလိုက်ရင် ကောင်းသွားနိုင်ပါတယ်။ တကယ်လို့ အိမ်တွင်းကုသမှုတွေလုပ်နေတာတောင်မှ ဇက်နာတဲ့ အခြေအနေက မတိုးတက်လာဘူးဆိုရင် ဆရာဝန်သွားပြပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement