Cervarix ဆိုတာဘာလဲ
Cervarix ဆိုတာ သားအိမ်ခေါင်းကင်ဆြာဖစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်အမျိုးအစားတွေဖြစ်တဲ့HPV 16 နဲ့ HPV 18 တို့ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။Cervarix ကာကွယ်ဆေးကို အသက် ၉နှစ်ကနေ ၂၅ နှစ်အတွင်း မိန်းကလေးတွေမှာ ထိုးပေးနိုင်ပါတယ်။
HPV ကူးစက်ခံရတာက အဖြစ်များကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးဖြစ်ပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့အမျိုးသမီးတိုင်းမှာ သားအိမ်ခေါင်းကင်ဆာမဖြစ်နိုင်ပါဘူး။ သားအိမ်ခေါင်းကင်ဆြာဖစ်စေနိုင်တဲ့တခြားအကြောင်းရင်းတွေရှိနိုင်ပါသေးတယ်။
Human papillomavirus (HPV) ဗိုင်းရပ်စ်က လိင်အင်္ဂါကြွက်နို့၊သားအိမ်ခေါင်းကင်ဆာ၊ စအိုကင်ဆာ၊အပြင်ယောနိမှာဖြစ်တဲ့ ကင်ဆာရောဂါတွေကိုလည်းဖြစ်စေနိုင်ပါတယ်။
Cervarix ကို ဘာအတွက်အသုံးပြုကြသလဲ
HPV စစ်ဆေးမှု သို့မဟုတ် Pap Test (သားအိမ်ခေါင်းချွဲမြှေးယူစစ်ဆေးမှု) တို့လုပ်ဆောင်ပြီးရောဂါပိုးကူးစက်ခံခြင်းမရှိရင်Cervarix ကို ထိုးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးက HPVကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါတွေကိုမကုသနိုင် သလို HPV ကူးစက်ခံရပြီးသူတွေကိုလည်း ကုသနိုင်မှာမဟုတ်ပါဘူး။
Cervarix ကHPV အမျိုးအစား 16 နဲ့ 18 တို့ကြောင့်ဖြစ်တဲ့ရောဂါတွေကိုပဲ ကာကွယ်နိုင်တာဖြစ်ပြီး HPVကြောင့်ဖြစ်တဲ့တခြားရောဂါတွေကို မကာကွယ်နိုင်ပါဘူး။
HPV ကာကွယ်ဆေးကို ထိုးသင့်တယ်လို့ အကြံပြုကြတဲ့အသက်အရွယ်ကတော့ အသက် ၁၁ နှစ်- ၁၂နှစ်အရွယ် မိန်းကလေးတွေဖြစ်ပါတယ်။ အသက် ၉နှစ်ကစပြီးလည်း ထိုးနိုင်ပါတယ်။
ဒီအသက်အရွယ်ပိုင်းမှာ ကာကွယ်ဆေးထိုးဖို့လိုအပ်ရတဲ့အကြောင်းရင်းကတော့ ဆေးမထိုးခင်မှာ ဒီရောဂါပိုး ကူးစက်ခံရပြီးသူတွေမဖြစ်စေဖို့မိန်းကလေးတွေမှာ တစ်ခါမှလိင်မဆက်ဆံရသေးတဲ့သူဖြစ်ဖို့လိုတာကြောင့်ပါ။
မိန်းကလေးငယ်တစ်ယောက် သို့မဟုတ် အမျိုးသမီးတစ်ယောက်မှာ ဒီဗိုင်းရပ်စ်ကူးစက်ခံရပြီးသားဖြစ်နေရင် ကာကွယ်ဆေးက အကျိုးထူးမှာမဟုတ်လို့ဖြစ်ပါတယ်။
ငယ်ငယ်တုန်းက မထိုးခဲ့ရတဲ့သူတွေအနေနဲ့လည်း အသက် ၁၃ နှစ်နဲ့ ၂၆ နှစ်အတွင်း မိန်းကလေးတွေ ကာကွယ်ဆေးထိုးလို့ရသေးတယ်လို့ သိရပါတယ်။
HPV ကာကွယ်ဆေးထိုးတဲ့အခါ အဆင့် ၃ ဆင့်ရှိပါတယ် –
HPV ကာကွယ်ဆေးထိုးတဲ့အချိန်မှာ တခြားကာကွယ်ဆေးတွေလည်းထိုးနိုင်ပါတယ်။
HPV ကာကွယ်ဆေးကို မထိုးသင့်တဲ့လူတွေ သို့မဟုတ် ဆေးထိုးဖို့အချိန်စောင့်ဆိုင်းသင့်တဲ့သူတွေကတော့ –
Cervarix ကာကွယ်ဆေး ထိုးတဲ့အခါ
ဒီဆေးကို Cervarix လက်မောင်းကြွက်သားမှာထိုးပေးတာဖြစ်ပြီး သုံးကြိမ်ထိုးရပါတယ်။ ပထမအကြိမ်ကို အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း ဘယ်အချိန်မှာထိုးခဲ့ပါစေ၊ ထိုးပြီး ၁ လအကြာမှာ ဒုတိယအကြိမ်ထပ်ထိုးရပါတယ်။ ပထမဆေးထိုးပြီၤး ၆ လအကြာမှာတော့နောက်ဆုံးတစ်ကြိမ်ဆေးထိုးရတာဖြစ်ပါတယ်။
ဒီအဆင့်အတိုင်းမပျက်မကွက်ဆေးထိုးဖို့တော့လိုပါတယ်။ မဟုတ်ရင်ရောဂါကာကွယ်နိုင်စွမ်း အပြည့်အဝမရရှိနိုင်ပါဘူး။
Cervarixဆေးက သင့်အတွက်ဘေးကင်းမကင်းသေချာစေဖို့အောက်ပါအချက်တွေသင့်မှာ ရှိနေရင် ဆရာဝန်ကိုပြောပြပါ –
Cervarix က သန္ဓေသားကို မထိခိုက်စေနိုင်ဘူးလို့ မျှော်လင့်ရပေမယ့် ဆေးထိုးကာလအတွင်း ကိုယ်ဝန်ရှိလာရင် ဒါမှမဟုတ် ကလေးယူဖို့အစီအစဉ်ရှိရင် ဆရာဝန်ကိုပြောပြပါ။
PasteTextHere
Cervarix ကို ကမ္ဘာတလွှားမှာ အသုံးပြုနေကြတာနှစ်အတော်ကြာပြီဖြစ်ပြီးဘေးအန္တရာယ်လည်းကင်းခဲ့ပါတယ်။ ဒါပေမယ့်ဆေးတိုင်းမှာဘေးဥပါဒ်နဲ့ဘေးထွက်ဆိုးကျိုးက မကင်းကြပါဘူး။ အနည်းနဲ့အများသာပြင်းထန်မှုအတိုင်းအတာကွာခြားတာဖြစ်ပါတယ်။ ဆိုးရွားတဲ့ ထိခိုက်မှု၊သေဆုံးမှုဖြစ်ဖို့ကတော့ဖြစ်နိုင်ခြေအရမ်းနည်းပါတယ်။
တခြားကာကွယ်ဆေးတွေလိုပဲ HPVကာကွယ်ဆေးကိုလည်း ပုံမှန်မဟုတ်တဲ့၊ပြင်းထန်တဲ့ပြဿနာတွေဖြစ်လာခြင်းရှိမရှိ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Cervarix ကိုထိုးပြီးနောက်ပိုင်းဖြစ်လာသမျှထူးခြားမှုတွေကိုစောင့်ကြည့်ပါ။
Cervarixဆေးကိုထိုးပြီးရင် တချို့လူတွေမှာ မူးကနဲမိုက်ကနဲဖြစ်နိုင်ပါတယ်။ ဆေးထိုးပြီး ၁၅ မိနစ်လောက် ထိုင်နေ၊ လှဲလျောင်းနေသင့်ပါတယ်။
Cervarix ရဲ့အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတချို့က –
ဒါတွေအားလုံးကဘေးထွက်ဆိုးကျိုးအားလုံးပါတဲ့အတိအကျမဟုတ်ပါဘူး။ဘေးထွက်ဆိုးကျိုးနဲ့ပတ်သက်ပြီး ဆရာဝန်ကိုမေးမြန်းပြီး သူ့ရဲ့အကြံဉာဏ်ရယူပါ။
Cervarixဆေးက သင့်အတွက်ဘေးကင်းမကင်းသေချာစေဖို့အောက်ပါအချက်တွေသင့်မှာ ရှိနေရင် ဆရာဝန်ကိုပြောပြပါ –
Cervarix က သန္ဓေသားကို မထိခိုက်စေနိုင်ဘူးလို့ မျှော်လင့်ရပေမယ့် ဆေးထိုးကာလအတွင်း ကိုယ်ဝန်ရှိလာရင် ဒါမှမဟုတ် ကလေးယူဖို့အစီအစဉ်ရှိရင် ဆရာဝန်ကိုပြောပြပါ။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
HPV ကာကွယ်ဆေးထိုးတဲ့အခါ အဆင့် ၃ ဆင့်ရှိပါတယ် –
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Cervarix
https://www.drugs.com/cervarix.html
Human Papillomavirus (HPV) Vaccine (Cervarix)
https://medlineplus.gov/druginfo/meds/a610014.html
ယခုပုံစံ
26/08/2020
Yun Sandi Nan Mon မှ ရေးသားသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar