အသုံးပြုပုံများ
Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) ကို ဘာအတွက်အသုံးပြုကြသလဲ
succinylcholine/suxamethonium သည် ကြွက်သားများကို ပြေလျော့စေသော ဆေးဖြစ်ပါသည်။ ထိုဆေးသည် ကြွက်သားများကျုံ့ခြင်းကို တားပေးပြီး မျက်နှာ၊ လှုပ်ရှားမှုပြုလုပ်သော နေရာများနှင့် အသက်ရှုလမ်းကြောင်းရှိ ကြွက်သားများကို ခဏတာ ပျော့သွားစေပါသည်။
ထို့ကြောင့် succinylcholine/suxamethonium ကိုများသောအားဖြင့် ခွဲစိတ်မှုများ ပြုလုပ်နေစဉ်နှင့် အသက်ရှုစက်များတပ်နေချိန်တွင် ကြွက်သားများ ကျုံ့ဆန့်ခြင်း မပြုရန် အသုံးပြုပါသည်။
ထို့ပြင် မေ့ဆေးအနေဖြင့်လည်း အသုံးပြုနိုင်သလို ဆရာဝန်ညွှန်ကြားချက်များနှင့်အညီ အခြား လိုအပ်သလို အသုံးပြုနိုင်ပါသည်။
Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) ဘယ်လိုသုံးသင့်သလဲ
succinylcholine/suxamethonium ကို ဆေးရုံ ဆေးခန်းများတွင် ထိုးဆေးအနေနှင့် ဆရာဝန်များ သို့မဟုတ် ကျွမ်းကျင်ပညာရှင်များက ထိုးပေးသော ဆေးဖြစ်ပါသည်။ ဆေးထိုးရာတွင် တနေရာနှင့် တနေရာမတူညီအောင်ထိုးခြင်းဖြင့် အနာဖြစ်ခြင်းမှ ကာကွယ်မည်ဖြစ်သည်။ ဆေးသည် ရောဂါဖြစ်နေသော နေရာသို့တိုက်ရိုက်ထိုးနိုင်ပြီး သွေးပြန်ကြောထဲသို့လည်း ထိုးသွင်းနိုင်ပါသည်။
ဆေးရည်သည် အရောင်နောက်နေခြင်း၊အရောင်ပြောင်းနေခြင်း၊ ဆေးဗူးများကွဲကြေပျက်စီးနေခြင်းများရှိလျှင် ဆေးကို မသုံးပါနှင့်။
ဆေးထိုးသည့် ပစ္စည်းများနှင့် ဆေးဗူးများကို ကလေးသူငယ်များနှင့် ဝေးသော နေရာတွင်ထားပါ။ ဆေးထိုးအပ်များကို တခါသုံးများအသုံးပြုပါ။ အသုံးပြုသော ဆေးထိုးအပ်များနှင့် ချွန်ထက်သော အရာများကို သတ်မှတ်ထားသော နေရာတွင် စနစ်တကျစွန့်ပစ်ပါ။
ဆေးနှင့် ပတ်သက်ပြီး မသိလျှင် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) ဘယ်လိုသိမ်းဆည်းရမလဲ
succinylcholine/suxamethonium ကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်များက သိမ်းဆည်းပါသည်။
သင်သည် ထိုဆေးကို အိမ်တွင် သိမ်းဆည်းမည်ဆိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်၏ ညွှန်ကြားချက်များအတိုင်းလိုက်နာရမည် ဖြစ်ပါသည်။ ဆေးဗူးများကို ကလေးသူငယ်များ၊ အိမ်မွေး သတ္တဝါများနှင့် ဝေးသော နေရာတွင်ထားပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Suxamethonium/Succinylcholine (ဆက်စနိုင်းကိုလင်း/ ဆက်ဆာ မီသိုနီယမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။
- succinylcholine/suxamethonium ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
- ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
- ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
- အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
succinylcholine/suxamethonium ကြောင့် ခန္ဓါကိုယ် အပူချိန်လွန်ကဲခြင်းဖြစ်ပြီး ယင်းသည်သေစေနိုင်ပါသည်။ ထိုလက္ခဏာများမှာ နှလုံးခုန်မြန်ခြင်း၊ မေးရိုးများ ဆတ်ဆတ်တုန်ခြင်း၊ မေးခိုင်ခြင်းနှင့် အခြား ကြွက်သားများတောင့်တင်းခြင်းတို့ဖြစ်ပါသည်။ ထိုလက္ခဏာများ ဖြစ်လာပါက ဆရာဝန်အား ချက်ချင်းဆက်သွယ်ရမည်ဖြစ်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။