မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Solu-Medrol® ဟာ ကော်တီကိုစတီးရွိုက် အမျိုးအစားဆေး ဖြစ်ပြီး ဖောရောင်ခြင်း၊ပြင်းထန်စွာ ဓါတ်မတည့်ခြင်း၊adrenal ဂလင်း ပြဿနာများ၊အဆစ်အမြစ်ရောင်ခြင်း၊ပန်းနာရင်ကျပ်ဝေဒနာ ခံစားရခြင်း၊သွေး သို့မဟုတ် ရိုးတွင်းချဉ်ဆီဆိုင်ရာ ပြဿနာများ၊မျက်စိနှင့် အမြင်အာရုံဆိုင်ရာ ပြဿနာများ၊lupus ရောဂါ၊အရေပြားပြဿနာများ၊ကျောက်ကပ်ပြဿနာများ၊အူမကြီးရောင်ရမ်းခြင်း၊multiple sclerosis လို့ခေါ်တဲ့ ပြင်းထန်တဲ့ ရောဂါတမျိုး ပျံ့နှံ့ခြင်းတို့မှာ အများဆုံး အသုံးပြုပါတယ်။
ထိုးဆေးအဖြစ်
Solu-Medrol® ကို မသုံးစွဲခင်မှာ အောက်ပါအခြေအနေတွေ ရှိနေရင် သင့်ဆရာဝန်ကို အသိပေးရပါမယ်။
အခြားသော ကျန်းမာရေးပြဿနာတွေကြောင့် Solu-Medrol® နဲ့ ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကို သုံးစွဲနေရခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
အခြားသော ဆေးဝါးများနည်းတူ Solu-Medrol® ဟာလည်း ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ဘေးထွက်ဆိုးကျိုး အများစုဟာ ဖြစ်ခဲပြီး ထူးထူးခြားခြားကုသမှုတွေ ပြုလုပ်ပေးဖို့ မလိုပါဘူး။ ဒါပေမယ့် ဆေးသောက်ပြီးတဲ့အချိန်မှာ ပြဿနာတစုံတရာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ဆရာဝန်ကို အသိပေးဖို့ အရေးကြီးပါတယ်။ ဘေးထွက်ဆိုးကျိုးအချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Solu-Medrol® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
ဥပမာ-
Aminoglutethimide;
Amphotericin B;
Carbamazepine;
Cholestyramine;
Cyclosporine;
Digoxin;
Isoniazid;
Ketoconazole;
Pancuronium;
Phenobarbital;
Phenytoin;
Rifampin သို့မဟုတ် အချို့သော ပဋိဇီဝပိုးသတ်ဆေးများ (ဥပမာ clarithromycin, erythromycin);
ဆီးဆေးများ။
သွေးကျဲဆေးများ (ဥပမာ warfarin)။
အကိုက်အခဲပျောက်ဆေး၊အဆစ်အမြစ်ရောင်ရောဂါများအတွက် အသုံးပြုသော ဆေးများ (စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ ဥပမာ aspirin, celecoxib, ibuprofen);
အင်ဆူလင် သို့မဟုတ် အခြားသော ဆီးချိုဆေးများ သောက်နေရခြင်း (ဥပမာ glyburide,metformin) သို့မဟုတ် မဟော်မုန်း estrogen သုံးစွဲနေရခြင်း (ပဋိသန္ဓေတားဆေးများ၊ဟော်မုန်းအစားထိုးကုသမှုခံယူနေရခြင်း) ၊ ကာကွယ်ဆေးထိုးထားခြင်း။
Solu-Medrol® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Solu-Medrol® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ ဥပမာ
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
Solu-Medrol® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ထိုးဆေးဖျော်ရန်ဆေးမှုန့် : ၅၀၀ မီလီဂရမ်၊ ၁၀၀၀ မီလီဂရမ်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Solu-Medrol® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။