မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Nitroprussid Sodium ကိုများသောအားဖြင့် နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းနှင့် သွေးတိုးရောဂါများကို ကုသရာတွင် အသုံးပြုကြပါသည်။ ထို့ပြင် ခွဲစိတ်ကုသမှုများပြူလုပ်ရာတွင် သွေးပေါင်ကို အနိမ့်အနေအထားတွင် ထားရန် အသုံးပြုပါသည်။
Nitroprussid Sodium ကို ဖော်ပြပါများအပြင် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုအပ်သလို အသုံးပြုနိုင်ပါသည်။
Nitroprussid Sodium ကို ဆေးရုံဆေးခန်းများတွင် သွေးပြန်ကြောထဲသို့ ဆေးထိုးစက်နှင့် ထိုးသွင်းခြင်းဖြစ်သည်။ ယင်းကို သင့်ခန္ဓါကိုယ်ထဲတွင် လုံလောက်သော Nitroprussid Sodium ဓါတ်များရရှိချိန်အထိ သွင်းရန်လိုအပ်ပါသည်။
ထိုသို့ဆေးသွင်းနေချိန် သင့်အသက်ရှုပုံ၊သွေးပေါင်ချိန်နှင့် သွေးထဲရှိအောက်ဆီဂျင်ဓါတ်များကို စောင့်ကြည့်နေရန်လိုအပ်ပြီး
ဆီးစစ်ခြင်း၊ သွေးစစ်ခြင်းများကို ပြုလုပ်ရန်လည်း လိုအပ်ပါသည်။
Nitroprussid Sodium နှင့် ကုသရန် အရေးပေါ်အခြေအနေများတွင် ကိုယ်ဝန်ရှိနေခြင်း၊ နို့တိုက်နေခြင်းများရှိပါက ဆရာဝန်အားကြိုပြောရန်လိုအပ်ပါသည်။ ထို့ပြင် ထိုဆေးကို အသုံးပြုဖူးပါကလည်း သင့်ဆရာဝန်အားအသိပေးပါ။
(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Nitroprussid Sodium
ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်ထားပြီး အခန်းအပူချိန် 20 ံC မှ 25 ံC (68 ံF မှ 77 ံF) အတွင်းသိမ်းဆည်းပါ။
ထို့နောက် Nitroprussid Sodiumဆေးကို အကြောဆေးရည်များဖြစ်သော D5W/ RL/ NS များတွင်ထည့်ဖျော်ပြီး အခန်းအပူချိန် 25 ံC တွင်ထားနိုင်ပြီး 4 ံC ရှိသော ရေခဲသေတ္တာထဲတွင် ၂၄ နာရီကြာအောင်ထားနိုင်ပါသည်။
အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။
Nitroprussid Sodium တွင်ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်လျှင်သို့မဟုတ် မွေးရာပါ အမြင်အာရုံချို့ယွင်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဦးနှောက်ထဲတွင် သွေးခဲပိတ်ခြင်းများကြောင့် မျက်စိအမြင်အာရုံထိခိုက်ခြင်းများရှိပါက Nitroprussid Sodium ကို အသုံးမပြုသင့်ပါ။
အထူးသဖြင့် သင့်မှာ သွေးတိုးရောဂါ ၊ကျောက်ကပ်ရောဂါ ၊အသည်းရောဂါ ၊သွေးအားနည်းရောဂါ၊ ဝက်ရူးပြန်ခြင်း ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်အကြိတ်ဖြစ်ခြင်းများရှိလျှင် ဆေးမသုံးမီတွင် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါသည်။
ထို့ပြင်အောက်ပါ ပြင်းထန်ဆိုးကျိုးများခံစားရပါက ဆရာဝန်သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူကို ချက်ချင်းအကြောင်းကြားရမည်ဖြစ်သည်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
Nitroprussid Sodium သည်မိခင်နို့ရည်ထဲတွင်ပါဝင်မှုရှိမရှိနှင့် ကလေးအတွက် အန္တရာယ်ရှိမရှိ မသိရသေးသောကြောင့် သင်သည်နို့တိုက်မိခင်ဖြစ်ပါက Nitroprussid Sodium ကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်ရပါ။
Nitroprussid Sodium နှင့် ကုသရန် အရေးပေါ်အခြေအနေများတွင် ကိုယ်ဝန်ရှိနေခြင်း၊ နို့တိုက်နေခြင်းများရှိပါက ဆရာဝန်အားကြိုပြောရန်လိုအပ်ပါသည်။ ထို့ပြင် ထိုဆေးကို အသုံးပြုဖူးပါကလည်း သင့်ဆရာဝန်အားအသိပေးပါ။
ပြင်းထန်စွာ ဓါတ်မတည့်မှုဖြစ်ခြင်း(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
ခံစားရပါက အရေးပေါ်ဆေးကုသမှုခံယူရမည်ဖြစ်သည်။
ထို့ပြင်အောက်ပါ ပြင်းထန်ဆိုးကျိုးများခံစားရပါက ဆရာဝန်သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူကို ချက်ချင်းအကြောင်းကြားရမည်ဖြစ်သည်။
မပြင်းထန်သော လက္ခဏာများမှာ
အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Nitroprussid Sodium
ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Nitroprussid Sodium က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Nitroprussid Sodium
ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြးီပါတယ်။
အထူးသဖြင့် သင့်မှာ
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
ပထမအဆင့် အနေဖြင့်
အကြောထိုးဆေးကို အဆက်မပြတ်သွင်းရမည့် ပမာဏ မှာ 0.3 mcg/kg/min IBW ဖြစ်ပြီး
ထို့နောက် အများဆုံး10 mcg/kg/min IBW အသုံးပြုနိုင်ပါသည်။
ပထမအဆင့် အနေဖြင့်
အကြောထိုးဆေးကို အဆက်မပြတ်သွင်းရမည့် ပမာဏ 10 to 15 mcg/min ဖြစ်ပြီး10 to 200 mcg/min
အထိလျှော့နိုင်ပါသည်။
ထို့နောက် အများဆုံး 280 mcg/min (4 mcg/kg/min).
အသုံးပြုနိုင်ပါသည်။
ကလေးငယ်များအတွက် Nitroprussid Sodium
နှင့် ပတ်သက်ပြီး တိကျစိတ်ချရသောဆေးပမာဏများကို ဖော်ပြထားခြင်းမရှိသည့်အတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီးမှသာ Nitroprussid Sodiumကို အသုံးပြု သင့်ပါသည်။
Nitroprussid Sodium ထိုးဆေးတစ်ဘူးလျှင် 2ml (25mg/ 2ml) နှင့် ရရှိနိုင်ပါတယ်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Nitroprussid Sodium
ကို လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်ထိုးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးထိုးတာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။