backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

NSAID ဆေးတွေက ဘာတွေလဲ


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

NSAID ဆေးတွေက ဘာတွေလဲ

NSAID ဆိုတဲ့ဆေးကို ဆရာဝန်တွေ၊ ဆေးရောင်းသူတွေဆီကနေ ကြားဖူနေကြဖြစ်မှာပါ။ NSAID ဟာ စတီးရွိုက်မပါသော အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်ပြီး ကြွက်သားနဲ့အရိုးဆိုင်ရာရောဂါတွေကို ကုရာမှာသုံးတတ်ကြပါတယ်။ အဓိကအားဖြင့်အောက်ပါလက္ခဏာတွေကိုသက်သာစေနိုင်ပါတယ်။

  • နာကျင်ခြင်း – ကြွက်သားများထိခိုက်မှု၊ ခေါင်းကိုက်ခြင်း၊ ပြင်းထန်စွာခေါင်းတခြမ်းကိုက်ခြင်း၊ ဓမ္မတာလာစဉ်ကိုက်ခဲနာကျင်ခြင်းတို့မှ နာကျင်ခြင်းတွေကိုသက်သာစေပါတယ်။
  • ဖျားခြင်း – ကိုယ်အပူချိန်လည်းလျှော့ချနိုင်တယ်။
  • ရောင်ရမ်းခြင်း – အရိုးအဆစ်များရောင်ရမ်းခြင်း ကဲ့သို့ အခြေအနေတွေမှာ အရောင်ကျဖို့အတွက်လည်းသုံးနိုင်တယ်။

အသုံးများတဲ့ NSAID တွေကတော့ aspirin, ibuprofen တို့ဖြစ်ပြီး ဆရာဝန်အညွှန်းမပါဘဲ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ ပိုပြင်းတဲ့ NSAID အတွက်တော့ ဆေးအညွှန်းလိုပါလိမ့်မယ်။ ပိုပြင်းသောဆေးသုံးသင့်သလားကိုတော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

NSAID ဆေးအလုပ်လုပ်ပုံ

NSAID မှ နာကျင်မှုနဲ့ ဖျားနာခြင်းတွေကို မည်သို့သက်သာစေကြောင်း ကြည့်ကြရအောင်…။

ပုံမှန်အားဖြင့် သင့်ခန္ဓါကိုယ်မှ Prostaglandin လို့ခေါ်တဲ့ ကယ်မီကယ်တစ်မျိုးကိုထုတ်ပါတယ်။ ထိုကယ်မီကယ်က ပျက်စီးသွားသောတစ်သျူးတွေကိုပြုပြင်ခြင်း၊ အစာအိမ်နံရံကို အက်စစ်ဒဏ်မှကာကွယ်ခြင်း၊ platelet လို့ခေါ်တဲ့သွေးဆဲလ်တစ်မျိုးရဲ့ သွေးခဲစေသောသတ္တိကိုထိန်းပေးခြင်းတို့ကိုလုပ်ဆောင်တယ်။ Prostaglandin ကို COX လို့ခေါ်တဲ့ အင်ဇိုင်းတွေကထုတ်ပေးတယ်။ COXI နဲ့ COXII ဟူ၍နှစ်မျိုးရှိပြီး နှစ်မျိုးစလုံးက ရောင်ရမ်းခြင်းနဲ့ ဖျားနာခြင်းတွေကိုဖြစ်စေပါတယ်။ အစာအိမ်နံရံကိုကာပေးပြီး platelet တွေကိုထောက်ပံ့တာကတော့ COXI တစ်မျိုးထဲသာဖြစ်တယ်။

NSAID က ထို COXI နဲ့ COXII ကိုပိတ်ပါတယ်။ ထိုအခါ အစာအိမ်နံရံကိုကာကွယ်ပြီး သွေးခဲခြင်းကိုထောက်ပံ့ပေးတဲ့ prostaglandin တွေနည်းသွားတာကြောင့် NSAID ဟာ အစာအိမ်အနာနဲ့ သွေးယိုခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ထိခိုက်ခြင်းကိုကာကွယ်ဖို့ NSAID ကိုအစာနဲ့တွဲစားဖို့ အကြံပြုထားခြင်းဖြစ်တယ။်

COXII ပိတ်သောဆေးတွေဟာ NSAID နဲ့ဆင်ပြီး နာကျင်ခြင်းနဲ့ ရောင်ရမ်းမှုကိုသက်သာစေဖို့အလုပ်လုပ်တယ်။ ထိုဆေးတွေဟာ celecoxib , rofecoxib တို့ဖြစ်ကြတယ်။

NSAID မသုံးခင်ဘာသိထားသင့်လဲ

NSAID မသုံးခင်မှာသိထားသင့်တဲ့ ဖြစ်နိုင်ချေအန္တရာယ်တွေရှီပါတယ်။ နှလုံးရောဂါရှိနေပါက သို့ ဆေးအကြာကြီးစွဲသုံးပါက နှလုံးထိခိုက်နိုင်ချေ၊ လေဖြတ်နိုင်ချေရှိပါတယ်။

NSAID ကိုနှလုံးခွဲစိတ်မှုတွေမလုပ်ခင်နဲ့ လုပ်ပြီးစမှာမသုံးသင့်ပါဘူး။

NSAID တွေဟာ ထိုဆေးကိုမှီဝဲနေစဉ်မှာ အစာအိမ်အနာပေါက်ခြင်း၊ သွေးယိုခြင်းတို့ဖြစ်နိုင်ပါတယ်။ အနာပေါက်ခြင်း၊ သွေးယိုခြင်းတွေဟာ သတိပေးလက္ခဏာတွေမရှိဘဲ ချက်ခြင်းပေါ်လာနိုင်တယ်။ တခါတလေ သေသည်ထိဖြစ်နိုင်ပါတယ်။ သွေးယိုနိုင်ချေ၊ အနာပေါက်နိုင်ချေဟာ အောက်ပါအခြေအနေတွေမှာ ပိုများနိုင်တယ်။

  • သွေးကျဲဆေး၊ စတီးရွိုက်တို့နဲ့တူတူမှီဝဲခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အချိန်ကြာသုံးခြင်း
  • အရက်သောက်ခြင်း
  • အသက်ကြိးသောအခါ
  • ကျန်းမာရေးညံ့ဖျင်းနေသောအခါ

အောက်ပါလူတွေမှာ NSAID မသုံးသင့်ပါဘူး

  • နှလုံးရောဂါရှိဖူးသူ၊ လေဖြတ်ဖူးသူ။
  • ၇၅ နှစ်အထက်
  • ဆီးချိုသွေးချိုရှိသူ
  • သွေးတိုးရှိသူ
  • ရင်ကြပ်တတ်သူ
  • ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်
  • ကျောက်ကပ်ရောဂါရှိသူ
  • အသည်းရောဂါရှိသူ
  • အစာအိမ်အနာရှိသူ၊ ရှိနိုင်သူ

အထက်ပါအခြေအနေတွေရှိနေတယ်ဆိုရင်တော့ ဆရာဝန်ကိုပြောပြသင့်ပါတယ်။

ဆရာဝန်ညွှန်ပေးသော အနည်းနိုင်ဆုံးနည်းသောပမာဏ၊ အတိုနိုင်ဆုံးသောအချိန်လောက်သာ မှီဝဲသင့်တယ်။ သာမန်မှ အလယ်အလတ်လောက်သောနာကျင်မငအတွက် လိုအပ်သလောက်သောက်နိုင်ပါတယ်။

Aspirin ဟာ NSAID တစ်မျိုးဖြစ်ပေမယ့် နှလုံးရောဂါရနိုင်ချေမများစေပါဘူး။ ဦးနှောက်၊ အစာအိမ်၊ အူ တို့မှာသွေးယိုခြင်းတွေတော့ဖြစ်စေနိုင်တယ်။ အစာအိမ်၊ အူအနာများလည်းဖြစ်စေနိုင်ပါတယ်။

Aspirin ကို အသက် ၁၆ အောက်ကလေးတွေကို ဆရာဝန်မညွှန်းမချင်းမတိုက်သင့်ပါဘူး။ ရင်ကြပ်တတ်သူတွေမှာလည်း Aspirin သို့ NSAID ကြောင့် ရင်ကြပ်နိုင်ပါတယ်။ ဒါကြောင့်မသုံးခင်မှာ ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။

ဘေးထွက်ဆိုးကျိုးများ

တခြားသောဆေးတွေလိုပဲ NSAID မှာလည်း သင်သိထားသင့်တဲ့ မလိုချင်တဲ့ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ တချို့သောပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့-

  • နှလုံးရောဂါ
  • လေဖြတ်ခြင်း
  • သွေးတိုးခြင်း
  • ခန္ဓါကိုယ်တွင်းအရည်ပြန်လည်သယ်ပို့မှုများသောကြောင့် နှလုံးထိခိုက်ခြင်း
  • ကျောက်ကပ်ထိခိုက်ခြင်း
  • အစာအိမ် အူအနာဖြစ်ခြင်း၊ သွေးယိုခြင်း
  • သွေးနီဥနည်းခြင်း (သွေးအားနည်းခြင်း)
  • အသက်အန္တရာယ်ရှိနိုင်သောအရေပြားရောဂါ
  • အသက်အန္တရာယ်ရှိနိုင်သောဓါတ်မတည့်မှု
  • အသည်းရောဂါ နှင့်
  • ရင်ကြပ်တတ်သူများ ရင်ကြပ်တတ်ခြင်း

တခြားသောမပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးတွေကတော့-

  • ဗိုက်အောင့်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ဝမ်းလျှောခြင်း
  • လေပွခြင်း
  • ရင်ပူခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • မူးဝေခြင်း

ဘယ်အချိန်ဆရာဝန်ပြသင့်လဲ

တကယ်လို့အောက်ပါလက္ခဏာတွေတွေ့ရမယ်ဆိုရင်တော့ ဆေးသောက်တာရပ်ပြီး ဆရာဝန်ချက်ခြင်းပြသင့်ပါတယ်-

  • သွေးအန်ခြင်း
  • သွေးဝမ်းသွားခြင်း
  • ပုံမှန်မဟုတ်အလေးချိန်ကျခြင်း
  • အရေပြားတွင်ယားဖုများပေါက်ခြင်း၊ အရည်ကြည်ဖုများပေါက်ခြင်း၊ ဖျားခြင်း
  • လက်၊ ခြေထောက်တို့တွင်ဖောရောင်ခြင်း

NSAID တွေဟာ လူတိုင်းနဲ့မတည့်ပါဘူး။ ဒါကြောင့်မသောက်ခင်မှာ ဆရာုဝန် သို့ ဆေးပေးသူတွေနဲ့သေချာတိုင်ပင်သင့်ပါတယ်။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement