မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
ဝက်ရူးပြန်ရောဂါအတက်ရောဂါကို ကုသရာမှာ အခြားဆေးတွေနဲ့တွဲပြီး သို့မဟုတ် သူ့သီးသန့်အသုံးပြုနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ စိတ်ကျစိတ်ကြွရောဂါမှာတွေ့ရတဲ့ ခံစားချက်ပြင်းထန်လွန်းခြင်းကို ကာကွုယ်ဖို့သုံးပါတယ်။ အတက်ရောဂါဆန့်ကျင်ဆေးအနေနဲ့ သိထားပါတယ်။ ဦးနှောက်အတွင်း သဘာဝပစ္စည်းတွေပမာ ဏ ကိုပြန်ထိန်းညှိခြင်းပေးခြင်းဖြင့် အကူအညီပေးပါတယ်။
အစာနဲ့တွဲပြီး သို့ အစာမပါဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရမှာဖြစ်ပါတယ်။ ဝါးစားရင်ခါးတဲ့အရသာရနိုင်တာကြောင့် မဝါးဘဲဆေးပြားတစ်ပြားလုံးကို မျိုချလိုက်ပါ။
ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျလိုက်နာသင့်ပါတယ်။ တဖြည်းဖြည်းနဲ့ ဆေးပမာဏကိုတိုးပေးရမှာဖြစ်ပါတယ်။ သင့်အတွက်အကောင်းဆုံးဆေးပမာဏကိုရဖို့ နဲ့ အကျိုးကျေးဇူးအပြည့်အဝရနိုင်ဖို့ သီတင်းပတ်တွေလတွေအများကြီး ကြာနိုင်ပါတယ်။ အကျိုးကျေးဇူးအကောင်းဆုံးရရှိေအောင် ပုံမှန်မှီဝဲသင့်ပါတယ်။ မှတ်မိဖို့အတွက်ဆိုရင် တစ်နေ့စီမှာ အချိန်တူတူအသုံးပြုနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ခြင်းမရှိဘဲ ဆေးကိုမရပ်လိုက်သင့်ပါဘူး။ ဆေးကိုရုတ်တရက်ကြီးရပ်လိုက်တဲ့အခါမှာ တချို့အခြေအနေတွေဟာ ပိုဆိုးသွားနိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ဆေးပမာဏကိုလျှော့သွားဖို့လိုပါတယ်။ ရပ်လိုက်ပြီးတဲ့အခါမှာလည်း ဆရာဝန်နဲ့မတိုင်ပင်ဘဲ ပြန်မသုံးသင့်ပါဘူး။
အခြေအနေမသက်သာဘူးဆိုရင် သို့ ပိုဆိုးလာတယ်ဆိုရင် သင့်ဆရာဝန်ကိုပြောပြသင့်ပါတယ်။
အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့
စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။
မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။
FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ
ဒီဆေးကိုအသုံးပြုခြင်းကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်။
အောက်ပါပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကို တွေ့ရမယ်ဆိုရင် ချက်ချင်းဂရုပြုသင့်ပါတယ်။
ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊ အသံကွဲအက်အက်ဖြစ်ခြင်း)
ဓမ္မတာကျော်သွားခြင်း သို့ အခြားဓမ္မတာဆိုင်ရာပြောင်းလဲမှုများ
ခြေသလုံးကြွက်သားများ နာခြင်း အထိမခံနိုင်အောင်နာခြင်း
ရင်ဘတ်အောင့်ခြင်း
ဆီးရော်င်ရင့်ခြင်း
ဆက်စပ်နိုင်စွမ်းကျခြင်း
ဆီးသွားရာတွင် အခက်အခဲရှိခြင်း၊ နာခြင်း
နှလုံးခုန်မြန်ခြင်း မူမမှန်ခြင်း
ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ နာတာရှည်လည်ချောင်းနာခြင်း
ခံစားချက်များဆိုးရွားခြင်း ( စိုးရိမ်ခြင်း၊ စိတ်ကျခြင်း၊ ကနာမငြိမ်ဖြစ်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ ထိန်းမရအောင်လန့်ခြင်း၊ အမူအကျငိများပြောင်းလဲခြင်း)
အတက်ရောဂါပိုဆိုးလာခြင်း
ဝမ်းအရောင်ဖျော့ခြင်း
အရေပြားနီခြင်း၊ ပေါက်ပြဲခြင်း၊ ရောင်ရမ်းခြင်း၊ ကွာကျခြင်း
ကြွက်သားများပြင်းပြင်းထန်ထန်နာခြင်း
ပြင်းပြင်းထန်ထန်မူးခြင်း ၊ ဗိုက်အောင့်ခြင်း
အသက်ရှူမဝခြင်း
ပါးစပ်ထဲ မျက်လုံးတစ်ဝိုက် အနာများပေါက်ခြင်း
အဆုံးစီရင်ချင်သည့်အတွေးများ သို့ ကြိုးပမ်းမှုများ
လက်များ၊ ခြေချင်းဝတ်၊ခြေထေက်ရောင်ခြင်း
lymph glandsများရောင်ခြင်း
တုန်ခြိင်း
ပေါက်ပြဲလွယ်ခြင်း၊ သွေးထွက်လွယ်ခြင်း
ပုံမှန်မဟုတ်ဘဲ အားနည်းခြင်း သို့မောပန်းခြင်း
မိန်းမကိုယ်အားနည်းခြင်း သို့ အဖြူဆင်းခြင်း
အမြင်ဆိုင်ရာပြောင်းလဲမှုများ
မျက်လုံးအသားဝါခြင်း
လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။
အောက်ဖော်ပြပါဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။
Carbamazepine (lamotrigineရဲ့အကျိုးသက်ရောက်မှုကို လျော့စေပြိး မူးဝေခြင်း၊ နှစ်ထပ်မြင်ခြင်း၊ အမြင်ဝါးခြင်း၊ ဆက်စပ်နိုင်စွမ်းမဲ့ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေနိုင်တာကြောင့်ဖြစ်ပါတယ်။)
Valproate ((e.g., valproic acid, divalproex sodium) (lamotrigine ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေနိုင်တာကြောင့်ဖြစ်ပါတယ်။)
Dofetilide(Dofetilideဆေးဘေးထွက်ဆိုးကျိုးပိုဆိုးသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ )
Atazanavir/ritonavir, estrogens, lopinavir/ritonavir, phenobarbital, phenytoin, primidone, rifampin, or succinimides (e.g., methsuximide) (lamotrigineအကျိုးသက်ရောက်မှုကို နည်းသွားစေနိုင်တာကြောင့်ဖြစ်ပါတယ်။ )
ဟော်မုန်းသန္ဓေတားဆေးများ ( ကိုယ်ဝန်တားဆေး) ( ဆေးနှစ်ခုလုံးရဲ့အကျိုးသက်ရောက်မှုကျသွားနိုင်တာကြောင့်ဖြစ်ပါတယ်။ )
အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြိးသူများ အတက်ရောဂါကာကွယ်ခြင်းအတွက်
Valproic Acidပါဝင်တဲ့ အတက်ရောဂါဆန့်ကျင်ဆေးပေါင်းစု
ပထမပတ်နှင့်ဒုတိယအပတ် – 25 mg နေ့စဉ်
တတိယပတ်နှင့်စတုတ္ထပတ် – 25 mg နေ့စဉ်
ရောဂါထိန်းသိမ်းရန်ပမာဏ – 100 to 400 mg/day ( တစ်ကြိမ် သို့ နှစ်ကြိမ်ခွဲအသုံးပြုနိုင်ပါတယ်။) ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် 25 to 50 mg/day တိုးပေးနိုင်ပါတယ်။ Valproic Acidနဲ့တွဲပေးမယ်ဆိုရင် ရောဂါထိန်းသိမ်းရန်ပမာဏ-
100 to 200 mg/day
အရွယ်ရောက်ပြီးသူများ စိတ်ကျစိတ်ကြွရောဂါအတွက်
Lamotrigineအသုံးပြုကုသခြင်းက လတ်တလောအသုံးပြုထားတဲ့ဆေးတွေအပေါ်မှာ မူတည်ပါတယ်။
ကလေးများ အတက်ရောဂါကာကွယ်ခြင်းအတွက်
အသက်၂နှစ်မှ၁၂နှစ်အထိ- ချက်ချင်းအကျိုးသက်ရောက်မှုပေးနိုင်သောပုံစံ ( ဆေးပြားတစ်ပြားလုံးကို အသုံးပြုသင့်ပါတယ်။ ) ၂နှစ်မှ၆နှစ်အထိ ရောဂါထိန်းသိမ်းနိုင်ဖို့ ပမာဏကိုတဖြည်းဖြည်းတိုးပေးပြီးရပ်ရမှာဖြစ်ပါတယ်။
30 kgထက်ကိုယ်အလေးချိန်နည်းတဲ့လူတွေမှာ 30 kgအထက်ကိုယ်အလေးချိန်ရှိတဲ့လူတွေထက် 50%တိုးပေးဖို့လိုပါတယ်။
အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။
ဆေးပြား၊ သောက်ဆေး 25 mg, 100 mg, 150 mg, 200 mg.
ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။
တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။