backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Flagyl (Flagyl)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Flagyl (Flagyl) ကို ဘာအတွက်အသုံးပြုကြသလဲ

Flagyl ® ကို မိန်းမကိုယ်၊ အစာအိမ်၊ အရေပြား၊ အဆစ်များနှင့် အသက်ရှူလမ်းကြောင်းတွင် ဘတ်တီးရီးယား ကူးစက်ခြင်းအား ကုသရန်အတွက် အသုံးပြုသည်။ ဤဆေးသည် မိန်းမကိုယ်တွင် မှိုကူးစက်ခြင်းကို မကုသနိုင်ပါ။

Flagyl (Flagyl) ဘယ်လိုသောက်သုံးသင့်သလဲ

Flagyl ® ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အတိအကျ သောက်ပါ။ ဤဆေးကို ပါးစပ်မှသောက်ပါ။ ဝါးမစားပါနှင့် သို့မဟုတ် ကြိတ်ချေမပစ်ပါနှင့်။ ရေတစ်ဖန်ခွက်အပြည့်ဖြင့် သောက်ပါ။

ညွှန်ကြားထားသည်ထက် ပို၍ကြာရှည်စွာ သို့မဟုတ် ပိုများစွာ သို့မဟုတ် ပိုနည်းစွာ မသုံးပါနှင့်။ ဆေးစာတွင်ပါသော ညွှန်ကြားချက်များကို လိုက်နာပါ။

Flagyl (Flagyl) ဘယ်လိုသိမ်းဆည်းရမလဲ

Flagyl ® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Flagyl ® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Flagyl ® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။

ညွှန်ကြားထားခြင်းမရှိဘဲ Flagyl ® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Flagyl (Flagyl) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Flagyl ® အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်အား ပြောပါ။

  • သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
  • သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
  • သင်သည် Flagyl ® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
  • သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။

ဤဆေး သောက်နေစဉ်တွင် အရက်ပါသော ဖျော်ရည်များ၊ propylene glycol ပါသော ထုတ်ကုန်များကို ရှောင်ပါ။ ဤဆေးကို ဖြတ်ပြီးနောက် အနည်းဆုံး ၃ ရက်အထိ ရှောင်ပါ။ အဘယ်ကြောင့်ဆိုသော် အစာအိမ်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မျက်နှာ နီရဲခြင်း ဖြစ်နိုင်သည်။

ဤဆေးသည် မူးဝေစေနိုင်သည်။ ကားမောင်းခြင်း၊ စက်ယန္တရားများ အသုံးပြုခြင်း သို့မဟုတ် နိုးကြားမှုလိုအပ်သော အလုပ်တစ်ခုခုကို ဘေးကင်းအောင် လုပ်နိုင်သည်ဟု သင့်ကိုယ်သင် မသေချာမချင်း မလုပ်ပါနှင့်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Flagyl (Flagyl) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Flagyl ® သုံးလျှင်ရနိုင်သော အန္တရာယ် များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Flagyl ® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Flagyl ® သည် အမေရိကန်ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်။

FDA ၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A = ဆိုးကျိုးမရှိပါ။
  • B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
  • D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
  • X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
  • N = အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Flagyl (Flagyl) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သိပ်မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ-

  • အစာအိမ်အောင့်ခြင်း
  • ဝမ်းလျှောခြင်း
  • မူးဝေခြင်း
  • မျှခြေ မထိန်းနိုင်ခြင်း
  • မိန်းမကိုယ် ယားယံခြင်း သို့မဟုတ် အကျိအချွဲ ထွက်ခြင်း
  • ပါးစပ်ခြောက်ခြင်း သို့မဟုတ် နှစ်မြို့ဖွယ်မကောင်းသော သတ္ထုအရသာ
  • ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်း သို့မဟုတ် နှာပိတ်ခြင်း
  • လျှာရောင်ခြင်း၊ လျှာ အနာပေါက်ခြင်း

အောက်ပါတို့ကို သတိပြုမိပါက ဆရာဝန်အား ချက်ချင်း ဆက်သွယ်ပါ။

  • လက် သို့မဟုတ် ခြေထောက်တွင် ထုံကျဉ်ခြင်း၊ တရွရွ ခံစားရခြင်း
  • ပါးစပ်အတွင်း သို့မဟုတ် နှုတ်ခမ်းတွင် အဖြူရောင် အကွက်များ သို့မဟုတ် အနာများ
  • ဆီးသွားစဉ် နာကျင်ခြင်း သို့မဟုတ် ပူလောင်ခြင်း
  • ရေကဲ့သို့ ဝမ်းလျှောခြင်း၊ ဝမ်းတွင် သွေးပါခြင်း
  • အမြင် ပြဿနာများ
  • မျက်လုံး အနောက်တွင် နာကျင်ခြင်း
  • အာရုံစိုက်ရ ခက်ခဲခြင်း
  • စကား မပီသခြင်း
  • စိတ်နေစိတ်ထား ပြောင်းလဲခြင်း
  • တုန်ရီခြင်း
  • ကြွက်သားများ အကြောဆွဲခြင်း
  • တက်ခြင်း
  • ကိုယ်ပူခြင်း
  • ချမ်းတုန်ခြင်း
  • ကြွက်သား နာကျင်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • ခေါင်းကိုက်ခြင်း
  • လည်ချောင်းနာခြင်း
  • ဇက်ကြောတက်ခြင်း
  • အလင်း အထိမခံနိုင်ခြင်း
  • ငိုက်မျဉ်းခြင်း
  • မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း

လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Flagyl (Flagyl) နဲ့ ဓါတ်ပြုနိုင်သလဲ

Flagyl ® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။

ဤဆေးနှင့် ဓါတ်ပြုနိုင်သော ဆေးများမှာ

  • အရက်ပါဝင်သော ဆေးများ ( ဥပမာ ချောင်းဆိုးနှင့် အအေးမိ ပျောက်ဆေးရည်၊ မုတ်ဆိတ်ရိတ်ပြီးနောက် သုံးသော အရည်)
  • Propylene glycol, lopinavir/ ritonavir ပျော်ရည်၊ lithium ပါဝင်သော ထုတ်ကုန်များ
  • Disulfiram
  • ဟော်မုန်းနှင့်ဆိုင်သော ကိုယ်ဝန်တားဆေးများ ဥပမာ ဆေးတောင့်များ၊ ကပ်ခွာ သို့မဟုတ် ကွင်း။ အချို့ ပဋိဇီဝဆေးများ ( ဥပမာ rifampin, rifabutin)

အစားအသောက်တွေနဲ့ အရက်က Flagyl (Flagyl) နဲ့ ဓါတ်ပြုနိုင်သလား

Flagyl ® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Flagyl (Flagyl) နဲ့ ဓါတ်ပြုနိုင်သလဲ

Flagyl ® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။

ထိုကျန်းမာရေး အခြေအနေများမှာ-

  • အသည်းရောဂါ
  • ကျောက်ကပ်ရောဂါ
  • အချို့ သွေးရောဂါများ ( သွေးဆဲလ် အရေအတွက် ကျခြင်း)

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Flagyl (Flagyl) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဘတ်တီးရီးယား ကူးစက်ခြင်း

အကြံပြုထောက်ခံထားသော ပမာဏမှာ ၇.၅ mg/kg ကို ၆ နာရီတစ်ခါ ဖြစ်သည်။ ပါးစပ်မှ သောက်ပါ။

Amebiasis

Acute intestinal amebiasis (acute amebic dysentery): အကြံပြု ထောက်ခံထားသော ပမာဏမှာ ၇၅၀ မီလီဂရမ်ကို တစ်နေ့ သုံးကြိမ်ဖြစ်သည်။ ပါးစပ်မှ သောက်ပါ။ ၅ ရက်မှ ၁၀ ရက်အထိ သောက်ပါ။

Amebic liver abscess: အကြံပြု ထောက်ခံထားသော ပမာဏမှာ ၅၀၀ မှ ၇၅၀ မီလီဂရမ်ကို တစ်နေ့ သုံးကြိမ် ဖြစ်သည်။ ပါးစပ်မှ သောက်ပါ။ ၅ ရက်မှ ၁၀ ရက်အထိ သောက်ပါ။

Trichomoniasis

၁ရက် ကုသခြင်း။ အကြံပြု ထောက်ခံထားသော ပမာဏမှာ ၂ ဂရမ်ကို တစ်ကြိမ်တည်းဖြင့် ပါးစပ်မှသောက်ရန် ဖြစ်သည်။ ( သို့မဟုတ် ၁ ဂရမ်ကို တစ်နေ့တွင် နှစ်ကြိမ် သောက်ပါ)

၇ရက် ကုသခြင်း။ အကြံပြု ထောက်ခံထားသော ပမာဏမှာ ၂၅၀ မီလီဂရမ်ကို တစ်နေ့သုံးကြိမ် ဖြစ်သည်။ ပါးစပ်မှ သောက်ပါ။ ၇ ရက် ဆက်တိုက်သောက်ပါ။

တင်ပဆုံ ရောင်ရမ်းခြင်း ရောဂါ

အကြံပြု ထောက်ခံထားသော ပမာဏမှာ ၇.၅ mg/kg ကို ၆ နာရီတစ်ကြိမ် ဖြစ်သည်။ ပါးစပ်မှ သောက်ပါ။

ကလေးတွေအတွက် Flagyl (Flagyl) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Pseudomembranous Colitis

ကလေးငယ်များနှင့် ဆယ်ကျော်သက်များ။ အကြံပြု ထောက်ခံထားသော ပမာဏမှာ တစ်နေ့လျှင် ၃၀ mg/kg ကို ၄ ကြိမ်ခွဲသောက်ပါ။ ပါးစပ်မှသောက်ပါ။

Flagyl (Flagyl) ကိုဘယ်လိုရရှိနိုင်သလဲ

Flagyl ® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။

  • ဆေးပြား ၂၅၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Flagyl ® သောက်ရန် မေ့သွားပါက တတ်နိုင်သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement