Ethambutol INH ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
အောက်ပါဆေးများနှင့် Ethambutol နှင့် Isoniazid ကို တွဲမသောက်သင့်ပါ။
- အစာအိမ်အက်ဆစ်ဓါတ်ကို နည်းစေသော ဆေးများ(aluminium hydroxide)
- အရက်သမားများတွင် အရက်ဖြတ်သောဆေး(disulfiram)
အောက်ပါဆေးများသည် Ethambutol INH နှင့် ဓါတ်ပြုနိုင်ပါသည်။
- အဆစ်ရောင်ရောဂါဆေး(probenecid)
- အတက်ရောဂါ ကုဆေး (phenytoin, carbamazepine, valproic acid)
- benzodiazepines အိပ်ဆေးများ(diazepam, flurazepam, triazolam, midazolam)
- neuroleptics စိတ်ရောဂါသောက်ဆေးများ(chlorpromazine,haloperidol)
- သွေးကျဲဆေးများ(coumarin- indandione-derivates, e.g. warfarin)
- မခွဲစိတ်မီတွင် သုံးသောဆေးများ (alfentanil, enflurane)
- ပန်းနာရင်ကျပ်ဆေး(theophylline)
- စတီးရွိုက်အရောင်ကျဆေးများ(prednisolone)
- အကိုက်အခဲ ပျောက်ဆေးများ (acetaminophen or paracetamol)
အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Ethambutol INH နဲ့ ဓါတ်ပြုနိုင်ပါသလား။
Ethambutol INH က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်လိုကျန်းမာရေးအခြေအနေတွေက Ethambutol INH နဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။
Ethambutol INH ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Ethambutol (အီသမ်ဗျူတော အိုင်အန်အိတ်ခ်ျ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
လူနာ၏ ကိုယ်အလေးချိန် အပေါ်မူတည်ပြီး Ethambutol INH ကိုသောက်သုံးရမယ့်အချိုးအစား ကွာခြားသွားပါသည်။
၄၀ မှ ၅၅ ကီလိုအောက်တွင် တနေ့ ၂ ပြား နေ့စဉ် ဖြစ်ပါသည်။
၅၅ ကီလိုအထက်တွင် တနေ့ ၃ ပြား နေ့စဉ် ဖြစ်ပါသည်။
ဆေးများသည် ကီလို ၄၀အောက်လူနာများတွင် သောက်ရန် မသင့်တော်ပါ။
အကယ်၍ သင့်တွင် ဥပမာအားဖြင့် ကျောက်ကပ်ရောဂါ ရှိနေသောကြောင့် ဆေးပမာဏကို လျှော့သောက်ရမည့် အနေအထားမျိုးတွင် Ethambutol နှင့် Isoniazid ကို သက်သက်စီခွဲသောက်နိုင်ပါသည်။
ကလေးငယ်တွေမှာ Dobutamine ကိုသောက်သုံးရမယ့်အချိုးအစားကဘယ်လောက်လဲ။
(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)
Ethambutol INH ကိုဘယ်လိုပုံစံမျိုးအချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။
Ethambutol INH ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- Ethambutol ၄၀၀ မီလီဂရမ်နှင့် INH ၁၅၀ မီလီဂရမ်
အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။
Ethambutol INH ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ နောက်တစ်ကြိမ်သောက်ရမည့်အချိန်ထက် ၆ နာရီကျော် လိုနေသေးလျှင် မေ့သွားသည့်ဆေးကို အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နှင့် ၆ နာရီ အောက် နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။