backup og meta

Acid Boric (ဘိုးရင့်အက်ဆစ်)

အသုံးပြုပုံများ

Acid Boric (ဘိုးရင့်အက်ဆစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

boric အက်ဆစ်ကို မှို သို့မဟုတ်ဘက်တီးရီးယားပိုးကူးစက်မှုဆန့်ကျင်ရာတွင်အသုံးပြုပြီး ပဋိဇီဝဆေးပစ္စည်း အာနိသင်ရှိပါတယ်။ မျက်စိအတွက် boric အက်ဆစ်ကို မျက်စိယားယံခြင်းမှကုသရန်အတွက် soothing မီးခိုးမှုန်, ကလိုရင်းသို့မဟုတ်အခြားဓါတုပစ္စည်းညစ်ညမ်းမှုတွေဖယ်ရှင်းဖို့ မျက်စဉ်းဆေးအနေနဲ့ အသုံးပြုပါတယ်။

boric အက်ဆစ်ကို ဒီဆေးဝါးလမ်းညွှန်ထဲမှာမပါသော အခြားရည်ရွယ်ချက်များအတွက်အသုံးပြုနိုင်ပါတယ်။

Acid Boric (ဘိုးရင့်အက်ဆစ်) ဘယ်လိုသောက်သုံးသင့်သလဲ

boric acid ကိုသုံးမယ်ဆိုရင် :

boric အက်ဆစ်ကို များသောအားဖြင့်မျက်စဉ်းခွက်နဲ့ အသုံးပြုပါတယ်။

စင်ကြယ်သော မျက်စဉ်းခွက်ကိုသုံးပါ။ အသုံးပြုနေချိန်မှာ သင့်ရဲ့လက်ချောင်းတွေနဲ့မျက်စဉ်းခွက်၏အနားကွပ်ကို မထိအောင်ရှောင်ကြဉ်ပါ။

boric acid ကိုမျက်စဉ်းခွက် တစ်ဝက်ထိ ဖြည့်ပါ။ ခေါင်းကိုရှေ့ငုံ့ပြီး မျက်စဉ်းခွက်ကိုမျက်စိနားထိ တိုးပါ။ မျက်စိပတ်ပတ်လည်ကိုခွက်နှငိ ဖိနှိပ်ပါ။ ထိုအခါခေါင်းကိုနောက်ထိပြန်မော့ပြီး မျက်စိကျယ်ကျယ် ဖွင့်လိုက်ပါ။

မျက်လုံးကို ပတ်လည်ကြည့်ပြီး boric acid ကသန့်စင်အောင်ပြုလုပ်ပါ။

ထိုသို့လုပ်နေစဉ် ဘေစင်မှာ ခေါင်းရှေ့ငုံ့ ပြီး ကျန်နေတဲ့ ခွက်ထဲက boric acid ကို သွန်ပစ်ပါ။ ပြီးရင်မျက်စိထဲက ပိုနေတဲ့ဆေးတွေကိုလည်း ဘေစင်ထဲရောက်အောင်စွန့်ကါ။ လိုအပ်ပါကသင့်အခြားမျက်စိကို လည်း ဒီတိုင်း ပြန်လုပ်ပါ။

ဒီဆေးကိုသုံးပြီးပြီးနောက်, စင်ကြယ်သော တစ်သျှူးသို့မဟုတ်မျက်နှာသုတ်ပဝါကို အသုံးပြု.ပြီး သင်၏မျက်စိတစ်ဝိုက်ကို သုတ်ပါ။ တစ်သျှူးသို့မဟုတ်မျက်နှာ သုတ်ပဝါနှင့်သင့်မျက်လုံးထဲ တိုက်ရိုက်ပွတ်သပ်တာ ရှောင်ပါ။

Acid Boric (ဘိုးရင့်အက်ဆစ်) ဘယ်လိုသိမ်းဆည်းရမလဲ

Boric Acid ကို အကောင်းဆုံးထိန်သိမ်းနည်းကတော့ တိုက်ရိုက်အလင်းနှင့်အစိုဓါတ်ထိတွေ့မှု မရှိပဲ အခန်းအပူချိန်မှာသိမ်းဆည်းထားခြင်းဖြစ်သည်။

ဆေးထိခိုက်ပျက်စီးမှုမှကာကွယ်ရန်, သင့်ရေချိုးခန်းသို့မဟုတ်ရေခဲသေတ္တာထဲမှာပလက်ဆီသင်ကို သိုလှောင်ထားတာမျိုး မလုပ်သင့်ပါ။ ကွဲပြားခြားနားသောသိုလှောင်မှုလိုအပ်ချက်ရှိတဲ့ အခြား boric acid အမှတ်တံဆိပ်ရှိကောင်းရှိနိုင်ပါတယ်။

ဒါ့ကြောင့်အထုပ်မှာပါတဲ့ အညွှန်းကိုကြည့်ဖို့နဲ့ သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား မေးရန်အရေးကြီးပါသည်။ ဘေးကင်းလုံခြုံမှုရှိစေရန် သင့်ကလေးများနှင့်အိမ်မွေးတိရစ္ဆာန်များနှင့်ဝေးရာမှာထားရှိပါ။

လုပ်ဖို့မညွှန်ကြားထားလျှင် boric acid ကိုအိမ်သာ သို့မဟုတ် ပိုက်ထဲ စွန့်ပစ်တာမျိုး မလုပ်သင့်ပါ။ ဒိတ်ကုန်ဆုံးခြင်း သို့မဟုတ်မလိုအပ်သည့်အခါဒီထုတ်ကုန်ကို စနစ်တကျ စွန့်ပစ်ရန် အရေးကြီးပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Acid Boric (ဘိုးရင့်အက်ဆစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

boric acid ကိုအသုံးမပြုခင် သိသင့်တာတွေကတော့ :

boric acid နှင့် ဓါတ်မတည့်ဖြစ်လျှင်ဒီဆေးကိုမသုံးပါနဲ့။

မျက်စိပတ်ပတ်လည်မှာ ဒဏ်ရာသို့မဟုတ်အခြားအရေပြားအနာ ရှိပါကဒီဆေးကိုရှောင်ကြဉ်ပါ။

boric အက်ဆစ်သည်ပဋိဇီဝဆေးပျော့ ဖြစ်ပြီး ဆရာဝန်တစ်ဦး၏အကြံပေးချက်မရှိဘဲ ကူးစက်ရောဂါကုဖို့ မသုံးသင့်ပါဘူး ။ တခြားပိုမိုထိရောက်သောပဋိဇီဝဆေးများရှိပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Acid Boric (ဘိုးရင့်အက်ဆစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်နှင့် နို့တိုက်ကျွေးနေစဉ်အတွင်းလက်ဆီသင်ကို အသုံးပြု ခြင်းရဲ့ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး လုံလောက်သောအချက်အလက်မရှိပါ။

boric acid ကို အသုံးမပြုမီအကျိုးကျေးဇူးများနှင့်အန္တရာယ်များကိုချိန်တွယ်နိုင်ရန်သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Acid Boric (ဘိုးရင့်အက်ဆစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဒီအရာက ဘေးထွက်ဆိုးကျိုးရဲ့ ပြည့်စုံတဲ့ စာရင်းမဟုတ်ပါဘူး။ သင့်မှာ ပုံမှန်မဟုတ်သောသို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စရာ ဘေးထွက်ဆိုးကျိုးတွေ ရှိပါက သင်၏ဆရာဝန်ကိုပြောပြပါ။

အပျော့စား side effect တွေကတော့ :

– အပျော့စားသို့မဟုတ် ပြင်းတဲ့ မျက်စိယားယံခြင်း

– အမြင်အာရုံ မှုန်ဝါးခြင်း

– မျက်စိရေကြာ်ထွက်ခြင်း

– မျက်စိနီခြင်း

သင့်မှာ အခြား ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးရှိပါက သင့်ဆရာဝန်ကိုခေါ်ပါ။

– သင်မျက်စိမှာ ပြင်းထန်သော

– ပြင်းထန်သော မျက်စိနာကျင်ကိုက်ခဲမှု

– အသုံးပြုပြီးနာရီပေါင်းများစွကြာသည့်တိုင် အမြင်အာရုံပြောင်းလဲခြင်း

– boric acid ကိုသုံးပြီးနောက် သင်မျက်စိ အခြေအနေမကောင်းလာတာ ဒါမှမဟုတ်ပိုဆိုးသွားခြင်း

အောက်ပါ ဓါတ်မတည့်မှု နိမိတ်လက္ခဏာရှိပါကအရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီကိုရယူပါ: အကွက်ထခြင်း , အသက်ရှူခက်ခဲခြင်း, သင်၏မျက်နှာ, နှုတ်ခမ်း, လျှာ, သို့မဟုတ်လည်ချောင်း ရောင်ရမ်းခြင်း

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Acid Boric (ဘိုးရင့်အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

boric acid က သင်လက်ရှိသုံးစွဲနေတဲ့ဆေးတွေနဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒီလိုဖြစ်ရင် သင့်ဆေးအလုပ်လုပ်ပုံပြောင်းလဲတာ ဒါမှမဟုတ် ဆိုးကျိုးတွေဖြစ်တာ ဖြစ်နိုင်ပါတယ်။

ဒီလိုဖြစ်စေတဲ့အရာတွေ ရှောင်ရှားရန်, သင် သုံးစွဲနေတဲ့ ဆေးစာရင်း (ဆရာဝန်ညွှန်ကြားတဲ့ဆေး, မညွှန်ကြားထားတဲ့ဆေး တွေနှင့်ဆေးဖက်ဝင်အပင်ထုတ်ကုန်အပါအဝင်) ကို သင့်ဆရာဝန်နှင့်ဆေးဝါးကျွမ်းကျင်သူတို့အားပြောပြထားသင့်ပါတယ်။

သင့်ရဲ့ဘေးကင်းလုံခြုံရေးအတွက် သင့်ဆရာဝန်၏ခွင့်ပြုချက်မရှိဘဲ မည့်သည့်ဆေးကိုမျှ စသောက်ခြင်း, ရပ်ခြင်း , နဲ့ပြောင်းလဲခြင်းတွေ မလုပ်သင့်ပါ။

boric acid ကိုမျက်ကပ်မှန်ဆေးတွေ အထူးသဖြင် polyvinyl alcohol ပါတဲ့ ဆေးတွေနဲ့ တွဲသုံးတာရှောင်ပါ။့

အစားအသောက်တွေနဲ့ အရက်က Acid Boric (ဘိုးရင့်အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလား

boric acid က အစားအစာသို့မဟုတ်အရက်နှင့်အပြန်အလှန် ဓါတ်ပြုခြင်း ဖြင့် လုပ်ဆောင်ပုံပြောင်းလဲရုံမက ဘေးထွက်ဆိုးကျိုးများရဲ့ အန္တရာယ်ကို တိုးမြှင့်စေနိုင်ပါတယ်။ ဒီဆေးမသုံးမီသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့် အစားအစာသို့မဟုတ်အရက် အကျိုးဆက်တွေ ကိုဆွေးနွေးပေးပါ။

ဘယ်ရောဂါအခြေအနေတွေက Acid Boric (ဘိုးရင့်အက်ဆစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Boric acid က သင်၏ကျန်းမာရေးအခြေအနေနဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေပိုမိုဆိုးဝါးလာစေတာ ဒါမှမဟုတ် ဆေးအလုပ်လုပ်ပုံပြောင်းလဲစေနိုင်ပါတယ်။ သင့်ကျန်းမာရေး ကိုဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားအသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Acid Boric (ဘိုးရင့်အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သင့်ဆရာဝန်များကသတ်မှတ်ထားသည့်အတိုင်းအတိအကျ boric acid ကိုသုံးစွဲပါ။ သင့်ရဲ့ဆေးညွှန်းတံဆိပ်ကိုလိုက်နာပါ။

ဆေး dose ကအောက်ပါတို့ကို အခြေခံပါတယ်။

– လက်ရှိကုသမှု အခြေအနေ

– အခြားဆေးကုသမှုအခြေအနေများ

– အခြားသောဆေးဝါးများ

– ဆေးပေါ် သင့်တုန့်ပြန်မှု

– သင့်ရဲ့ခန္ဓါကိုယ်အလေးချိန်

– သင့် အရပ်အမြင့်

– အသက်

– ကျား/ မ

ကလေးတွေအတွက် Acid Boric (ဘိုးရင့်အက်ဆစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာအတွက်ဆေး မရှိသေးပါ။ ဒါဟာသင့်ရဲ့ကလေးအတွက်အန္တရာယ်မကင်းပါ။ အပြည့်အဝ အသုံးမပြုခင်ဆေးဝါးများ၏ဘေးကင်းလုံခြုံမှုကိုနားလည်သဘောပေါက်ရန်အမြဲအရေးကြီးပါတယ်။ ပိုမိုသိရှိလိုပါက သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပါ။

Acid Boric (ဘိုးရင့်အက်ဆစ်) ကိုဘယ်လိုရရှိနိုင်သလဲ

acid boric အောက်ပါ အချက်များအတိုင်းရရှိနိုင်ပါသည်

boric အက်ဆစ် 0.05% မျက်စိဆေးရည်

boric အက်ဆစ် 2.75% ဆေးရည်

boric အက်ဆစ် 10% လိမ်းဆေး

boric အက်ဆစ် 5% လိမ်းဆေး

boric အက်ဆစ် 5% လိမ်းဆေး ရည်

boric အက်ဆစ်ပေါင်ဒါ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်ဒါမှမဟုတ်အလွန်အကျွံသုံးစွဲမှု၌သင့်ဒေသခံအရေးပေါ်ဝန်ဆောင်မှုဌာန (115) ကိုဆက်ခြင်း သို့မဟုတ်သင့်ရဲ့အနီးဆုံးအရေးပေါ်ခန်းကို သွားခြင်း လုပ်နိုင်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့ သင်ဆေး dose တစ်ချိန်လွှတ်သွားရင် တတ်နိုင်သမျှအမြန်ဆုံးသုံးစွဲပါ။ သို့သော် သင်နောက်ဆေးတစ်ချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွှတ်သွားတဲ့ ဆေးကိုကျော်ပစ်ပြီး မူလအတိုင်းသောက်ပါ။ နှစ်ခါသောက်သုံးတာမျိုးမလုပ်ပါနှင့် ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Boric acid. https://www.drugs.com/mtm/boric-acid-ophthalmic.html. Accessed October 29, 2016
Collyrium Fresh. http://www.emedicinehealth.com/drugboric_acid_ophthalmic/article_em.htm. Accessed October 29, 2016
Boric Acid. http://www.rxwiki.com/boric-acid. Accessed October 29, 2016.

ယခုပုံစံ

12/05/2020

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Enervon-C (အန်နာဗွန် စီ)

သွေးတွင်းအဆီကျစေနိုင်တဲ့ ဆေးတွေက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement