backup og meta

ခရီးသွားရင်း တွေ့ကရာစားပြီး အစာအိမ်မထိခိုက်အောင် ကာကွယ်မယ်

ခရီးသွားရင်း တွေ့ကရာစားပြီး အစာအိမ်မထိခိုက်အောင် ကာကွယ်မယ်
ခရီးသွားရင်း တွေ့ကရာစားပြီး အစာအိမ်မထိခိုက်အောင် ကာကွယ်မယ်

ပိတ်ရက်တွေရောက်လာပြီဆို အပီအပြင်လည်ဖို့ ဒါမှမဟုတ် ခရီးထွက်ဖို့ စီစဉ်ထားကြမှာပဲ။  ဒါပေမယ့် ခရီးကိုရောက်တာ တစ်ရက်ပဲရှိသေးတယ် နေမကောင်းဖြစ်သွားရပြီဆို ပလန်တွေအကုန် ပလုံသွားမှာနော်။ ဒီတော့ ခရီးသွားရင်း တွေ့ကရာစားပြီး အစာအိမ်မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။

အရေးကြီးဆုံးက လမ်းမှာ ဒါမှမဟုတ် ခရီးရောက်တဲ့အခါ  စားမယ့်အစားအသောက်ကိစ္စပါပဲ။ ခရီးသွားရင်း ပျော်ရင်းရွှင်ရင်း လမ်းမှာစားစရာဆိုင်တွေ့ရင်ပဲ ရတနာတွေ့သလို ပြေးဝယ်စားကြ၊ သောက်ကြ တာ ပျော်စရာ။ ဒါပေမယ့် တွေ့ရာစားဖို့ ကိုယ့်ဗိုက်ကရော ကောင်းလို့လား။ ဘယ်အချိန်မဆို ဆင်ခြင်စားသင့်တဲ့ အစားအသောက်စာရင်းကို သတိပေးလိုက်ပါဦးမယ်။

ခရီးသွားရင်း တွေ့ကရာစားပြီး အစာအိမ်မထိခိုက်အောင် ကာကွယ်မယ်

ခရီးသွားရင်း တွေ့ကရာစားပြီး အစာအိမ်မထိခိုက်အောင် ကာကွယ်မယ် ဆိုရာမှာ ဒါလေးတွေကို သိထားတာ မမှားပါဘူး။

ဆီကြော်စာ

ဆီကြော်တွေက ချေဖျက်ရခက်ရတဲ့အထဲ နေရာဒေသအပြောင်း၊ ရာသီအပြောင်းမှာ အစာပိုပြီးမကြေတော့ပါဘူး။ နဂိုတည်းက အစာခြေရည်ပြန်ဆန်တက်တတ်တဲ့၊ ဒါမှမဟုတ် အစာမကြေဖြစ်လွယ်၊ လေထတတ်တဲ့ ဗိုက်ဆို ပိုဆိုးပါတယ်။ ကားမူးတာနဲ့ပေါင်းရင် ပိုဆိုး။

ပြုပြင်စီမံထားတဲ့အစားအစာ

ဟော့ဒေါ့လို့ ခေါ်တဲ့ အချောင်းလေးတွေက ပြုပြင်စီမံထားတဲ့အစားအစာတွေပေါ့။ နောက်ပြီး ယူတို့လမ်းမှာ ဖောက်စားတတ်ကြတဲ့ အာလူးကြော် ဘာညာလည်း ဒီထဲပါတာပဲ။ အဲဒါတွေက လေပွစေနိုင်တယ်၊ ဗိုက်အောင့်စေနိုင်တယ်၊ မအီမသာဖြစ်စေနိုင်တယ်နော်။

အစပ်

ကမ်းခြေ ရောက်ပြီ၊ ပင်လယ်စာတွေ တွယ်ပြီ ဆိုပြီး အပူအစပ်တွေ တရှူးရှူးစားခြင်းက ယူတို့ကို စမတ် မဖြစ်စေပါဘူး။ အခန့်မသင့်ရင် ဗိုက်အောင့်မယ်နော်။ အရမ်း စပ်အောင် မစားပါနဲ့။ အရင်တည်းက အစာအိမ် ပြဿနာ ရှိရင် သတိထားရမယ့်အချက်ပါ။

အကင်

အကင်တွေက အမြည်းလုပ်ရတာ အရသာ ရှိပေမယ့် မသန့်ရင်၊ မလတ်ရင် အစာအိမ်ကို E.coli လို ရောဂါပိုးတွေအတွက် လမ်းဖွင့်ပေးလိုက်နိုင်ပါတယ်။ အဲဒီ ဘက်တီးရီးယား ဝင်ရင် ဝမ်းလျှောမယ်၊ ဗိုက်အောင့်မယ် Listeria ဆိုရင် ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ဗိုက်အောင့်မယ်။ ကဲ ပျော်နိုင်ပါတော့ မလား။ ဒါ့ကြောင့် ကမ်းခြေရောက်လို့ စားမယ်ဆို ချက်ချင်း လတ်လတ်ဆတ်ဆတ် ကင်ခိုင်းတာ အကောင်းဆုံးပါ။

မလတ်ဆတ်တဲ့အစားအစာ

မလတ်ဆတ်တဲ့ အစားအသောက်တွေ စားမိရင် ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်အောင့်ဗိုက်နာတွေအပြင် အစာအဆိပ်သင့်တာတွေ အထိပါ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ပင်လယ်စာ ဖြစ်ဖြစ်၊ ဒေသစာ ဖြစ်ဖြစ် ဘာကို စားစား အခြေအနေ ကောင်းမှ၊ လတ်ဆတ်သန့်ရှင်းမှု ရှိမှ ဝယ်စားပါ။

အရက်

အယ်ကိုဟော ပါတာတွေ အရက်ဘီယာ အတူတူပဲနော်။ ဝိုင်လည်း အရက် မဟုတ်ဘူးလို့ ကပ်မငြင်းနဲ့။ အယ်ကိုဟောဆိုတာ အစာအိမ်ကို ပူလောင်စေတာ အမှန်ပဲကို။ နည်းနည်း သောက်ရင်တောင် ရင်ပူတာ၊ အစာအိမ် အက်စစ် ပြန်ဆန်တက်တာတွေ ဖြစ်လာစေနိုင်တယ်။ သောက်တာများရင် အစာအိမ် နံရံတွေကို ရောင်ရမ်းစေလိမ့်မယ်။

ကော်ဖီ

ရေကူးပြီးလို့ ချမ်းတဲ့ အချိန် ကော်ဖီလေး သောက်လိုက် နွေးသွားတာပဲ မလား။ ဒါပေမယ့် အစာ မရှိဘဲ သောက်လိုက်ရင် အစာအိမ် နံရံကို ဆွသလို ဖြစ်စေနိုင်ပါတယ်။ ကော်ဖီကြောင့် ရင်ပူတာ၊ အစာအိမ်အက်စစ် ပြန်ဆန်တက်တာ၊ ဗိုက်အောင့်တာ စတာတွေ ဖြစ်လာတတ်တယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.lifehack.org/articles/lifestyle/6-tips-for-healthy-eating-when-traveling.html

Accessed Date Nov 13, 2019.

https://www.webmd.com/diet/features/stick-to-your-diet-even-while-flying

Accessed Date Nov 13, 2019.

ယခုပုံစံ

08/12/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစားတစ်လုတ်ကို ၃၂ ခါဝါးပြီးမှ မျိုချပါ။ သင့်အစာအိမ်ကို ကူညီရာရောက်ပါလိမ့်မယ် ။ ။

ခရီးသွားရင် ဘာဆေးတွေဆောင်သွားကြမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement