အူစွပ်ခြင်းသည် အူအားထိခိုက်စေသော အူရောဂါတစ် မျိုးဖြစ်ပါသည်။ သင့်တွင် အူစွပ်ခြင်းဖြစ်ပါက သင့် အူသည် ကပ်လျက်ရှိသော အူအပိုင်းတွင်းသို့ လျောဝင်သွားပါသည်။ အဝေးကြည့်မှန်ပြောင်းတွင် အဆစ်များ ဝင်သကဲ့သို့ဖြစ်ပါ သည်။
၎င်းသည် ချက်ချင်း ဆေးကုသမှုခံယူရန် လိုအပ် သော ဆိုးရွားသော အခြေအနေတစ်ခု ဖြစ်ပါသည်။ အူစွပ် ခြင်းဖြစ်ပါက အစာသည် အူအတွင်း ပုံမှန်အတိုင်း ဖြတ်သန်း မသွားတော့ပါ။ ထို့အပြင် ထိုနေရာသို့ သွေးစီးဆင်းမှုလည်း ပိတ်ဆို့သွားကာ တစ်ရှူးများသေခြင်းကို ဖြစ်စေပါသည်။
အူစွပ်ခြင်းသည် ရင်သွေးငယ်များနှင့် အသက် ၃လမှ ၆နှစ် အတွင်း ကလေးငယ်များတွင် ဖြစ်ပွားတတ်ပါသည်။ ကောင်မလေးများထက် ကောင်လေးများတွင် နှစ်ဆမှ သုံး ဆအထိ ပို၍ အဖြစ်များပါသည်။ အရွယ်ရောက်ပြီးသူများ တွင် အူစွပ်ခြင်း ဖြစ်ပွားမှု ရှားပါးပါသည်။
သို့သော်လည်း အရွယ်ရောက်ပြီးသူများသည် အကျိတ်ကဲ့သို့ အခြား အစာအိမ် အခြေအနေများကြောင့် အူစွပ်ခြင်း ဖြစ်နိုင် ပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် တုပ်ကွေးဖြစ်ပွားခြင်းကို လျော့ချ နိုင်ပါ သည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။
အစတွင် အူစွပ်ခြင်း၏ ရောဂါလက္ခဏာသည် မကြာ ခဏ အစာအိမ်အောင့်ခြင်း ဖြစ်ပါသည်။ သင့်ကလေးသည် ပျောက်လိုက် ပေါ်လိုက်ဖြစ်သော အစာအိမ်အောင့်သည်ဟု ညည်းညူပါလိမ့်မည်။ ထို့နောက် သင့်ကလေးသည် မကြာ ခဏ အော့အန်၍ ချွေးများပြန်ကာ ဖျော့တော့လာပါမည်။
သင့်ကလေးသည် အားနည်း၍ အချိန်တိုင်း မောပန်း နေပါ လိမ့်မည်။ အခြား ရောဂါ လက္ခဏာများမှာ ဝမ်းလျှောခြင်း၊ အဖျားတက်ခြင်း နှင့် ရေဓါတ်ခန်းခြောက်ခြင်း တို့ဖြစ်ပါ သည်။ ရောဂါဆိုးရွားလာပါက ဝမ်းတွင် သွေးများ အချွဲအကျိ များ တွေ့နိုင်ပါသည်။
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
အူစွပ်ခြင်းသည် အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါ သည်။ ရောဂါလက္ခဏာများတွေ့ရပါက ကျန်းမာရေး စောင့်ရှောက်မှု ထောက်ပံ့သူကို ချက်ချင်းခေါ်ပါ။ အရေးပေါ် ဖုံးနံပါတ်ကိုခေါ်ပါ သို့မဟုတ် ကလေးကို အရေးပေါ်အခန်း သို့ အမြန်ခေါ်သွားပါ။
အူစွပ်ခြင်းကို မကုသပါက ရင်သွေး ငယ်များရော ကလေးငယ်များပါ သေဆုံးနိုင်ပါသည်။
ကံမကောင်း စွာဖြင့်ပင် ဤရောဂါ ဖြစ်စေသော အကြောင်းရင်းကို မသိရှိသေးပါ။ တစ်ခါတစ်ရံတွင် အူအား ရောဂါပိုးကူးစက်ခြင်းပြီးနောက် ဖြစ်ပွားတတ်ပါသည်။ အူအ တွင်းမှ အကျိတ်သည်လည်း အူကို ကွင်းဖြစ်စေပြီး အချင်းချင်း စွပ်စေပါသည်။ ထိုဖြစ်စဉ်မှာ ရှားပါးပါသည်။
အူစွပ်ခြင်း ဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိ ပါသည်။ ဥပမာ-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ရောဂါအဖြေရှာခြင်း၏ ပထမအဆင့်တွင် သင့်ကလေး ၏ ဆေးမှတ်တမ်းယူခြင်း နှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း များ ပါဝင်ပါသည်။ ပုံရိပ်ဖော်သော စစ်ဆေးမှုများသည် သင့် ကလေး၏ အူတွင် ပြဿနာတစ်ခု ရှိသလားကို အတည်ပြု နိုင်ပါသည်။ သင့်ကလေးသည် ဘေရီယမ် အရည် သောက် ရပါမည်။
ထိုအရည်သည် ဓါတ်မှန်တွင် အူများကို ပို၍ ရှင်းလင်းစွာ မြင်ရန် ပြုလုပ်ပေးပါသည်။ ဘေရီယမ် အရည် သည် ရောဂါအဖြေရှာမှုကို ကူညီပေးပြီး တစ်ခါတစ်ရံ အူကို ဖြောင့်တန်းစေပါသည်။ ထို့ကြောင့် ၎င်းကို ကုသခြင်း အတွက်လည်း အသုံးပြုနိုင်ပါသည်။
ရောဂါအဖြေရှာမှု ပြုလုပ်စဉ်တွင် ဘေရီယမ် ပါဝင်သော အရည်တစ်မျိုးကို သောက်သုံးရပါသည်။ အချို့တွင် ဘေရီ ယမ်သည် ကလေး၏ အူအား ဖြောင့်တန်းစေပါသည်။ သွင်း လိုက်သော ဘေရီယမ်သည် အူကို မဖြောင့်တန်းစေပြီး ပိတ် ဆို့မှုကို မရှင်းလင်းနိုင်ပါက ခွဲစိတ်ကုသမှု ခံယူရန် လိုအပ် ပါသည်။
ကလေးသည် အလွန်ဖျားနေပါက၊ သွေးဆုံးရှုံးမှု ရှိပါက သို့မဟုတ် ရောဂါ လက္ခဏာများသည် နာရီအတန် ကြာအထိ ဆက်ရှိနေပါက ခွဲစိတ်ကုသခြင်းကို ဦးစားပေး ရွေးချယ်သင့် ပါသည်။
ခွဲစိတ်မှုခံယူထားသောကလေးများကို ပဋိဇီဝဆေးများ နှင့် အာဟာရအရည်များကို သွေးကြောမှတစ်ဆင့် ထိုးသွင်း ပေးရပါမည်။ အူအတွင်းမှ ဖိအားများကျစေရန် နှာခေါင်းမှ တစ်ဆင့် အစာအိမ်တွင်းသို့ သွင်းထားသောပိုက်ကို အသုံး ပြုနိုင်ပါသည်။
အူစွပ်ခြင်းကို မကုသပါက တစ်ရှူးများသေခြင်းနှင့် ရော ဂါပိုး ပျံ့နှံ့ခြင်း တို့ကို ဖြစ်စေပြီး အသက်အန္တရာယ် စိုးရိမ်ရပါ သည်။ တစ်ခါတစ်ရံ အူစွပ်ခြင်းသည် မပြင်းထန်ပဲ ယာယီ သာဖြစ်ကာ သူ့အလိုလို သက်သာသွားပါသည်။
ကလေး ငယ်များ အသက်ကြီးလာလေ ရောဂါပြန်ဖြစ်နိုင်ချေ နည်းပါး လာပါသည်။ ပြန်ဖြစ်ခြင်းသည် ရောဂါကုသပြီး ပထမ ၂၄ နာရီတွင် အဖြစ်အများဆုံးဖြစ်ပါသည်။
လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အူစွပ်ခြင်းကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အူစွပ်ခြင်း ကို ထိန်းချုပ်နိုင် ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။