backup og meta

Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း) ကဘာလဲ။

သင့် အစာချေစနစ်တွင်ဖြစ်တတ်သောရောဂါလက္ခဏာတစ်မျိုးဖြစ်သည်။ ဝမ်းတွင်သို့မဟုတ် အန်ဖက်တွင်သွေးပါတတ်ပြီး အမြဲတမ်းမျက်စိဖြင့်မမြင်နိုင်ပါ။ သို့သော် ဝမ်းအရောင် အနက်ရောင်ပြောင်းသွားခြင်းတော့မြင်နိုင်သည်။ သွေးထွက်ခြင်းသည် ရောဂါမပြင်းထန်သည်မှ ပြင်းထန်သည် အထိဖြစ်တတ်သည်။

အစာအိမ်သို့မဟုတ် အူမကြီးတွင် သွေးထွက်ပါက သတိထားမိရန်လွယ်သော်လည်း အူသေးတွင်ဖြစ်ပါက သတိထားမိရန်ခက်တတ်သည်။ သို့သော် ရှုပ်ထွေးသောပုံရိပ်ဖော်စနစ်များဖြင့် ပြဿနာဖြစ်နေသောနေရာကို သိနိုင်ပြီး ထိုးဖောက်မှုသိပ်မလုပ်သော လုပ်ဆောင်ချက်များဖြင့်ကုသနိုင်သည်။

Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

စအိုသို့မဟုတ် အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း ရှိမရှိကိုသိနိုင်သောအခြေအနေတချို့ရှိပါသည်။ အကယ်၍ သင့်အစာအိမ်မှသွေးထွက်ပါကသင့်ဝမ်းသည် မဲနေခြင်း ကတ္ထရာစီးကဲ့သို့ကပ်ခြင်းများဖြစ်တတ်သည်။

စအိုမှသွေးထွက်ပါက အိမ်သာတွင်သွေးတွေ့ခြင်း အိမ်သာသုံးသောစက္ကူပေါ်တွင်သွေးစများတွေ့ခြင်းတို့ဖြစ်တ်သည်။ သွေးအရောင်သည်နီရဲတတ်သည်။ သွေးအန်ခြင်းသည် အစာအိမ်လမ်းကြောင်းတစ်နေရာရာတွင်သွေးထွက်နေခြင်းကိုဖော်ပြသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင်အထက်ပါလက္ခဏာများရှိလျင်သို့မဟုတ် ကော်ဖီအနှစ်ရောင်အန်လျင် ဆရာဝန်ကိုချက်ချင်းအကြောင်းကြားပါ။ အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်းသည် တခါတရံ အသက်အန္ဓါရာယ်ရှိသောအခြေအနေဖြစ်တတ်သည်။ အရေးပါ်ကုသမှုများလိုတတ်သည်။ အောက်ပါအခြေအနေများရှိပါက ကုသမှုချက်ချင်းခံယူပါ။

  • ဖြူဖျော့ခြင်း
  • အားနည်းခြင်
  • ခေါင်းမူးခြင်း
  • အသက်ရူကြပ်ခြင်း။

ဤလက္ခဏာများသည် သွေးထွုက်လွန်နေသည်ကိုဖော်ပြခြင်းဖြစ်နိုင်သည်။

အကြောင်းရင်းများ

Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အူလမ်းကြောင်းတစ်နေရာတိုင်းတွင် ဖြစ်စေသောအကြောင်းများရှိသည်။

အူလမ်းကြောင်းအပေါ်ပိုင်းသွေးထွက်ခြင်း

အစာအိမ်အူအနာသည် အဖြစ်များဆုံးဖြစ်သည်။ အူသိမ်ဦးပိုင်းနှင့် အစာအိမ်တို့တွင်ဖြစ်တတ်သောအနာဖြစ်သည။ အိပ်စ် ပိုင်လောရီကြောင့်လဲ အနာကိုဖြစ်စေတတ်သည်။

ထို့ပြင် အစာမျိုပြွန်ရှိ သွေးကြောများဖောင်းလာပြီး ပွတ်တိုက်မှုများကြောင့်သွေးထွက်မှုလဲဖြစ်နိုင်သည်။

အစာမျိုပြွန်အောက်ပိုင်း ဆုတ်ပြဲခြင်းကြောင့်လဲသွေးထွက်နိုင်သည်။ ထိုအခြေအနေကို မလက်ရီဝစ် ရောဂါဟုလည်းခေါ်သည်။

အူလမ်းကြောင်းအောက်ပိုင်းသွေးယိုခြင်း

အဓိကဖြစ်စေသောအကြောင်းမှာ အူမကြီးယောင်ခြင်းကြောင့်ဖြစ်သည်။ အူမကြီးယောင်စေသောအကြောင်းအရင်းများမှာ

  • ရောဂါပိုးဝင်ခြင်း
  • အစာအဆိပ်သင့်ခြင်း
  • ကပ်ပါးပိုးများ
  • ကုန်းရောဂါသို့မဟုတ် နှာတာရှည်အူယောင်ခြင်းရောဂါ
  • အူမကြီးသို့သွေးစီးဆင်းမှုနည်းခြင်းတို့ကြောင့်ဖြစ်နိုင်သည်။

လိပ်ခေါင်းထွက်ခြင်းသည်လည်း စအိုမှသွေးထွက်စေသည်။ လိပ်ခေါင်းထွက်ခြင်းမှာ စအို ရှိ သွေးကြောကြီးသောကြောင့်ဖြစ်သည်။ ထိုသွေးကြောများ များပေါက်ခြင်းသွေးထွက်ခြင်းကြောင့် စအိုသွေးထွက်ခြင်းကိုဖြစ်စေသည်။

စအိုပြဲခြင်းကြောင့်လဲ သွေးထွက်နိုင်သည်။ စအိုဝကို ချုံချဲ့သော ကြွက်သားများ ပြတ်ခြင်းကြောင့်ဖြစ်သည်။ ဝမ်းချုပ်ခြင်း ဝမ်းအမာသွားခြင်းတို့မှဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဖြစ်စေသောအကြောင်းအရင်းကိုရှာရန်အရေးကြီးသောကြောင့် ဆရာဝန်မှရောဂါလက္ခဏာများ နှင့် ဖြစ်ခဲ့ဘူးသောရောဂါအခြေအနေများအားမေးလိမ့်မည်။ ဆရာဝန်မှ ဝမ်းနမူနာယူခြင်းဖြင့်သွေးပါမပါစမ်းသက်မည့်အပြင် သွေးအားနည်းခြင်းအတွက် အခြားစမ်း သက် မှုများလည်းလုပ်လိမ့်မည်။

အူအပေါ်ပိုင်းသွေးယိုခြင်းအတွက် မှန်ပြောင်းကြည့်ခြင်းကိုလုပ်လိမ့်မည်။ မှန်ပြောင်းကြည့်ခြင်းဆိုသည်မှာ ရှည်၍ ကျုံဆန့်နိုင်သော ပြွန်ထိပ်တွင် ကင်မရာအားတပ်ဆင်ကြည့်ခြင်းကိုခေါ်သည်။ ထိုအရာကို လည်ချောင်းမှမြိုချခိုင်းလိမ့်မည်။ ထိုမှတစ်ဆင့် အစာအိမ်အူလမ်းကြောင်းသို့ရောက်လိမ့်မည်။

ကင်မရာမှတစ်ဆင့်သွေးထွက်နေသောနေရာကိုသိနိုင်သည်။ အစာအိမ်မှန်ပြောင်းနှင့် မရပါက အူကြည့်မှန်ပြောင်းကိုသုံးလိမ့်မည်။

အူကြည့်မှန်ပြောင်းသည် အစာအိမ်မှန်ပြောင်းနှင့်တူပြီး ပြွန်ရှိကင်မရာထိပ်တွင် ဘောလုံးတွယ်ထားသည်။ ဘောလုံးအားလေဖောင်းလိုက်ပါက အူလမ်းကြောင်းကိုချဲ့ပေးခြင်းကြောင့် ထဲသို့မြင်နိုင်သည်။

အူအောက်ပိုင်းသွေးထွက်ခြင်း အကြောင်းအရာကိုသိလိုပါက အူမကြီးကြည့်မှန်ပြောင်းကြည့်လိမ့်မည်။ စအိုမှ သေးပြီးကျုံချုံသော ပြွန် ကိုထည့်လိမ့်မည်။ ကင်မရာတပ်ထားသောကြောင့် အူမကြီးတောက်လျောက်ကိုမြင်နိုင်သည်။

ပြွန်အတွင်းလေထည့်လိုက်ခြင်းဖြင့် ပိုမြင်နိုင်သည်။ အသားစယူနိုင်သည်။ အန္ဓါရယ်မရှိသော ရေဒီယိုသတ္ထုကြွ ကိုသွေးအတွင်းတို့သွင်းသည်။ ထိုအရာသည် ဓါတ်မှန်တွင်လင်း၍ပြတတ်သောကြောင့် သွေးထွက်သောနေရာကိုသိနိုင်သည်။

သတ္ထုကြွသွင်းခြင်း သို့မဟုတ် မှန်ပြောင်းဖြင့်သွေးထွက်သောနေရာ ကို မမှန်းဆနိုင်က ပင်းကန် စမ်းသက်မှုကိုလုပ်လိမ့်မည်။ ကင်မရာပါသော ဆေးလုံးအားမျိုချခိုင်းမည်။ ထိုကင်မရာမှ ဓါတ်ပုံများရိုက်ပြီး သွေးထွက်သောနေရာကိုဖော်ပြသည်။

Gastrointestinal bleeding (အစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အစာအိမ်မှန်ပြောင်းကလဲအထောက်အကူပြုနိုင်သည်။ ရောဂါရှာဖွေရာတွင်သာမက ကုသရာတွင်ပါအသုံးဝင်သည်။

အထူးပြုလုပ်ထားသော ကင်မရာတပ်ဆင်ထားသည့်မှန်ပြောင်း များအသုံးပြုခြင်း နှင့် ဆေးဝါး များက သွေးထွက်ခြင်းကိုရပ်စေသည်။ ဆရာဝန်မှ မှန်ပြောင်းနှင့်အတူ ချိတ်များကိုသုံးပြီါ် သွေးထွက်ခြင်းကိုရပ်တန့်အောင်လုပ်ပေးသည်။

လိပ်ခေါင်းကြောင့်ဖြစ်ပါက ဆေးဆိုင်တိုင်းတွင် ဝယ်နိုင်သောဆေးများက သင့်အားသက်သာစေနိုင်သည်။ ထိုဆေးများကအကူအညီမဖြစ်ပါက လိပ်ခေါင်းအား မီးရှို့ကုသလိမ့်မည်။ ရောဂါပိုးဝင်ခြင်း အတွက် ပဋ္ဋိဇီဝပိုးသတ်ဆေးများပေးသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအစာအိမ်အူလမ်းကြောင်းသွေးထွက်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Gastrointestinal bleeding. https://www.healthline.com/symptom/gastrointestinal-bleeding. Accessed October 25, 2017
Gastrointestinal bleeding. https://www.mayoclinic.org/diseases-conditions/gastrointestinal-bleeding/basics/definition/con-20035736. Accessed October 25, 2017

ယခုပုံစံ

07/01/2022

Dr. Kaung Thar မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ

အူလမ်းကြောင်းရောင်ရမ်းသောရောဂါအတွက်ရှောင်သင့်သော အစားအစာများ



Dr. Kaung Thar မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement