backup og meta

Bowel obstruction (အူပိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bowel obstruction (အူပိတ်ခြင်း) ကဘာလဲ။

အူပိတ်ခြင်းဟာ သင့်ရဲ့ အူသိမ်နဲ့အူမကြီးမှာ တစ်စိတ်တစ်ပိုင်းဖြစ်စေ အကုန်လုံးဖြစ်စေ ပိတ်နေခြင်းကြောင့် ဖြစ်ရပါတယ်။ ဒီလိုပိတ်ခြင်းကြောင့် အစားအသောက် အရည် နဲ့လေတွေက ပုံမှန်လမ်းကြောင်းအတိုင်း မသွားနိုင်ပဲရှိနေပါတယ်။ ဒီလိုပိတ်ခြင်းကြောင့် အရမ်းနာကျင်ခြင်းဟာ ဖြစ်လိုက် ပျောက်လိုက်နဲ့ရှိတတ်ပါတယ်။

Bowel obstruction (အူပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အူပိတ်ခြင်းဆိုတာ လူတော်တော်များများမှာ တွေ့ရတဲ့အတွေ့ရများတဲ့ပြသနာတစ်ခုတော့မဟုတ်ပါဘူး။

(တစ်ခြားအချက်အလက်တွေသိရဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

လက္ခဏာများ

Bowel obstruction (အူပိတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အူပိတ်ခြင်းမှာ အတွေ့ရများတဲ့ရောဂါလက္ခဏာတွေကတော့

-နာလိုက် ပျောက်လိုက်နဲ့ဖြစ်သော ဗိုက်နာခြင်း

-အစားအသောက်ပျက်ခြင်း

-ဝမ်းချုပ်ခြင်း

-အန်ခြင်း

-ဝမ်းမသွားခြင်း ဒါမှမဟုတ် လေမလည်ခြင်း

-ဗိုက်ဖောင်းလာခြင်း

(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဗိုက်က တအားနာတယ် တောက်လျှောက်နာနေတယ်ဆိုရင် သင့်ဆရာဝန်နဲ့ချက်ချင်းပြပါ။ ဒါကဘာကိုပြလဲဆိုတော့ သင့်အူမှာသွေးလျှောက်ခြင်း ပြတ်တောက်သွားလို့ ဒါမှမဟုတ် သင့်အူတစ်နေရာရာမှာ အပေါက်ဖြစ်နေတာကိုပြသပြီး ဒါဟာ အရေးပေါ်အခြေအနေဖြစ်ပါတယ်။

အကြောင်းရင်းများ

Bowel obstruction (အူပိတ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အလုံးအကြိတ်များ၊ အမာရွတ်တစ်ရှုူးများကပ်ငြိနေခြင်း အူလိမ်ခြင်း အူခေါက်ခြင်းများကနေ အူပိတ်ခြင်းဖြစ်စေပါတယ်။

အူသိမ်မှာဆိုရင်တော့အမာရွတ်တစ်ရှုူးတွေမကြာခဏ အဖြစ်များဆုံး ဖြစ်ပါတယ်။ တစ်ခြားအကြောင်းအရင်းတွေကတော့ အူကျွံခြင်း Crohn (ခရုန်းရောဂါ) ၎င်းတို့က အူကျဉ်းခြင်းနှင့် အူလိမ်ခြင်းတို့ကိုဖြစ်စေပါတယ်။ အလုံးအကြိတ်တွေကတော့ အူပိတ်စေပါတယ်။ အူလမ်းကြောင်းတစ်လျှောက်မှာ အူခွေတစ်စိတ်တစ်ပိုင်းဟာ နောက်အူခွေတစ်စိတ်တစ်ပိုင်းမှာ သွားစွပ်နေခြင်းကို အူစွပ်ခြင်းလို့ခေါ်ပြီး ၎င်းကနေလည်း အူပိတ်စေပါတယ်။

အူမကြီးမှာဆိုရင်တော့ ကင်ဆာကြောင့်ကတော့အဖြစ်အများဆုံးပါပဲ။ တစ်ခြားအကြောင်းတွေကတော့ စမြင်းတုံးမာခြင်းကြောင့် ဝမ်းတအားချုပ်ခြင်း၊အူယောင်ခြင်းရောဂါများကြောင့် အူကျဉ်းခြင်းတို့ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Bowel obstruction (အူပိတ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အူပိတ်ခြင်းကို ဖြစ်စေတဲ့ အန္တရာယ်အချက်တွေအများကြီးရှိပါတယ်။၎င်းတို့ကတော့

-ဝမ်းဗိုက်နှင့် ဝမ်းဗိုက်အောက်ပိုင်း ခွဲစိတ်ကုသခြင်း ၎င်းတို့က အူတွေကပ်ခြင်းဖြစ်သေပြီး အူပိတ်ခြင်းအဖြစ်များပါတယ်။

-Crohnရောဂါ ဒီရောဂါကတော့ အူတွေရဲ့နံရံကိုထူစေပြီး အူလမ်းကြောင်းကိုကျဉ်းစေပါတယ်။

-ဗိုက်ထဲမှာ ကင်ဆာရောဂါဖြစ်ခြင်း အထူးသဖြင့် ဗိုက်ထဲအလုံးအကြိတ်ကိုထုတ်ထားရတာမျိုး ဓါတ်ရောင်ခြည်ပြကုသရတာမျိုးဆိုရင် ပိုဖြစ်စေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bowel obstruction (အူပိတ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်က သင့်ရဲ့ရောဂါလက္ခဏာတွေရယ် အခြား အစာခြေလမ်းကြောင်းနဲ့ပတ်သက်တဲ့ပြသနာတွေရှိလား သင်အရင်က ခွဲစိတ်ကုသမှုတွေ လုပ်ဖူးသလားဆိုတာတွေမေးမြန်းပါလိမ့်မယ်။ ဆရာဝန်က သင့်ဗိုက်ဖောင်းနေလား ထိရင်နာနေသလားဆိုတာတွေ စမ်းပါလိမ့်မယ်။

သင့်ဆရာဝန်က ဗိုက်ကို ဓါတ်မှန်ရိုက်ကြည့်ပါမယ်။ အူသိမ်နဲ့ အူမကြီးတွေမှာ ပိတ်နေတာတွေရှိလားရှာနိုင်အောင်လို့ပါ။CT ရိုက်ကြည့်ခြင်းနဲ့ ပိတ်နေတာက တစ်စိတ်တစ်ပိုင်းပဲလား အပြည့်ပိတ်တာလားဆိုတာကို သင့်ဆရာဝန်ကကြည့်ပါလိမ့်မယ်။

Bowel obstruction (အူပိတ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အူပိတ်ခြင်း အများစုဟာ တစ်စိတ်တစ်ပိုင်းပိတ်ခြင်းသာဖြစ်တတ်တဲ့အတွက် သူ့ဘာသာပြန်ကောင်းတတ်ပါတယ်။ တစ်ချိ ု့လူတွေကတော့ ကုသမှုလုပ်ဖို့ လိုအပ်ပါမယ်။ ကုသမှုတွေကတော့ အရည်နှင့် လေ (ဝမ်းချ ဆေး) ဒါမှမဟုတ် ပြွန်ခပ်သေးသေးလေး သုံးပြီး ပိတ်တဲ့နေရာကိုဖွင့်ဖို့ဖြစ်ပါတယ်။

ခွဲစိတ်ကုသခြင်းကတော့ အူက အကုန်လုံးအပြည့်ပိတ်သွားချိန် ဒါမှမဟုတ် သွေးထောက်ပံ့တာပြတ်သွားချိန်မှာ မဖြစ်မနေလုပ်ဖို့လိုတတ်ပါတယ်။ သင်က ခွဲပြီးတဲ့နောက်မှာ colostomy ဒါမှမဟုတ် ileostomy တို့လိုအပ်ပါလိမ့်မယ်။ colostomy, ileostomy ဆိုတာ ရောဂါဖြစ်တဲ့အူကိုဖြတ်ထုတ်လိုက်ပြီး ကျန်တဲ့အပိုင်းကို အပြင်ကအရေပြားမှာလာတွဲချုပ်လိုက်ခြင်းကိုခေါ်ပါတယ်။ ဝမ်းတွေကို အဲ့အရေပြားအပြင်မှာတွဲထားတဲ့အပေါက်ကနေပဲစွန့်ထုတ်ပြီး အပြင်က အပေါက်နဲ့တွဲထားတဲ့ ostomy အိတ်ထဲမှာ စုထားပါတယ်။ တစ်ချို့သော အခြေအနေတွေမှာတော့ colostomy ,ileostomyတို့က သင်ပြန်မကောင်းခင်အချိန်မှာယာယီထားတဲ့ဟာမျိုးပဲဖြစ်ပါတယ်။ သင်ကပြန်ကောင်းလာပြီဆိုရင် အူတွေကို ပြန်ဆက်လိုက်ပြီး အပြင်က အရေပြားကပေါက်ကိုလည်း ပြန်ပိတ်လိုက်ပါတယ်။

တကယ်လို့သင့်ရဲ့အူပိတ်ခြင်းက တစ်ခြားရောဂါပြသနာဖြစ်တဲ့ အူယောင်ခြင်းကြောင့် ဖြစ်တာမျိုးဆိုရင် ပိတ်တာဟာ ပြန်ဖြစ်တတ်ပါတယ် သင်ကလည်း ကျန်းမာရေးပြသနာကိုသေချာမကုသထားရင်ပေါ့။

လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ။

အူပိတ်တာနဲ့ပတ်သက်ပြီးသင့်ကို ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကဘာတွေလဲ။

အူပိတ်တာနဲ့ပတ်သက်ပြီးသင့်ကို ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကတော့

အူမကြီးကင်ဆာဖြစ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ဖို့ အဆီနည်းနည်းနဲ့ အသီးအရွက်များများ စားပါ၊ ဆေးလိပ်မသောက်ပါနဲ့၊အူမကြီးကင်ဆာရှိမရှိ စမ်းသပ်စစ်ဆေးဖို့ အသက်၅၀ကျော် နောက်ပိုင်းမှာ သင့်ဆရာဝန်နဲ့အမြဲပြသစစ်ဆေးပါ။ အူကျွံခြင်းကိုရှောင်နိုင်ဖို့အတွက် အလေးမခြင်းကို ရှောင်ရပါမယ် အလေးမခြင်းက ဝမ်းဗိုက်ထဲကဖိအားကိုတက်စေပြီး အူတစ်စိတ်တစ်ပိုင်းကို ဝမ်းဗိုက်ရဲ့ ပျော့တဲ့နေရာနား အထိမခံတဲ့နေရာနားမှာ တိုးတွက်လာစေလို့ အူကျွံခြင်းကိုဖြစ်စေပါတယ်။ တကယ်လို့ သင့်မှာပုံမှန်မဟုတ်တဲ့အလုံး တစ်ခုခု သင့်ဗိုက်အရေပြားမှာ ပေါ်လာရင် အထူးသဖြင့် ပေါင်ခြံနေရာနဲ့ခွဲစိတ်ထားတဲ့ အမာရွတ်လိုနားမှာ ပေါ်လာရင် သင့်ဆရာဝန်နဲ့ သေချာပြသပါ။

အူပိတ်ခြင်းကို ဘယ်နည်းတွေက သေချာပေါက်ကာကွယ်နိုင်မယ်ဆိုပြီးပြောထားတာမရှိပါဘူး။ ဒါပေမယ့်တစ်ချ ို့ဆရာဝန်တွေကတော့ အသီးအရွက်များများစားခြင်း diverticulaလို့ခေါ်တဲ့အူအပို နေရာလေးမှာ သွားတစ်နေစေမယ့်အစာတွေကိုရှောင်ခြင်းနဲ့ အူပိတ်တဲ့ရောဂါတွေကိုရှောင်နိုင်မယ်လို့ယူဆကြပါတယ်။

(တကယ်လို့ သင့်ဆီမှာ မေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံး အဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Intestinal obstruction. http://www.mayoclinic.org/diseases-conditions/intestinal-obstruction/home/ovc-20168459. Accessed July 28, 2017.
Bowel Obstruction – Topic Overview. http://www.webmd.com/digestive-disorders/tc/bowel-obstruction-topic-overview#2. Accessed July 28, 2017.
Bowel Obstruction. http://www.health.harvard.edu/diseases-and-conditions/bowel-obstruction. Accessed July 28, 2017.

(Learn about . What are the symptoms, the causes and how to treat this condition? What can we do to cope and prevent its symptoms?)

ယခုပုံစံ

02/12/2019

Dr. Sandy Kyaw မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!



Dr. Sandy Kyaw မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement