backup og meta

မျိုးရိုးလိုက်သောအသည်းရောဂါ ။ Alpha-1 antitrypsin ချို့ယွင်းခြင်း

မျိုးရိုးလိုက်သောအသည်းရောဂါ ။ Alpha-1 antitrypsin ချို့ယွင်းခြင်း

Alpha-1 antitrypsin ချို့ယွင်းမှု အတွက် အချက်အလက်တွေကို ရှာဖွေနေပါသလား။ အသုံးဝင်တဲ့ အချက်အလက်တွေကို ဒီဆောင်းပါးမှာ ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။

Alpha-1 antitrypsin ချို့ယွင်းမှုဆိုတာ ဘာလဲ။

Alpha-1 antitrypsin ချို့ယွင်းမှုဟာ အဆုတ်နဲ့ အသည်းကို ထိခိုက်စေတဲ့ မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ လက္ခဏာတွေနဲ့ ဒီရောဂါဖြစ်တတ်တဲ့ အသက်အရွယ်တွေဟာ လူပေါ်လိုက်ပြီး ကွာခြားမှု ရှိပါတယ်။

ဘယ်အရာတွေက Alpha-1 antitrypsin ချို့ယွင်းမှုကို ဖြစ်စေပါသလဲ။

တကယ်တော့ Alpha-1 antitrypsin ဟာ အသည်းမှာ ပြုလုပ်တဲ့ ပရိုတင်းတစ်မျိုး ဖြစ်ပြီး ကိုယ်အင်္ဂါ အတော်များများမှာ အင်ဇိုင်းတွေကို ချေဖျက်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ Alpha-1 antitrypsin ချို့ ယွင်းမှု ဟာ သင့်မှာ ဒီပရိုတင်းကို ထုတ်လုပ်ဖို့ တားမြစ်နေတဲ့ မွေးရာပါ ရောဂါတစ်ခု ရှိနေတယ်လို့ ဆိုလိုပါတယ်။ သင့်မိဘတွေထံမှ မျိုးရိုးလိုက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။

ဒီရောဂါ လက္ခဏာတွေက ဘာတွေလဲ။

Alpha-1 antitrypsin ချို့ယွင်းမှု ရဲ့ လက္ခဏာတွေကတော့-

• အနည်းငယ်လှုပ်ရှားမှု ပြုပြီးသည်နှင့် မောခြင်း၊ လေ့ကျင့်ခန်း မလုပ်နိုင်ခြင်း၊ အသက်ရှူစဉ် အသံမြည်ခြင်း

• ကိုယ်အလေးချိန် မရည်ရွယ်ပဲ ကျဆင်းခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ပြန်ဖြစ်ခြင်း၊ ပင်ပန်းခြင်း၊ မတ်တပ်ရပ်စဉ် နှလုံးခုန်မြန်ခြင်း

• သင့်မှာ Alpha-1 antitrypsin ချို့ယွင်းမှု ပြဿနာ ရှိနေရင် သင့်ကိုယ်ခန္ဓါမှာ အဆုတ်လေအိတ်ပျက်စီးသောရောဂါ ဖြစ်နိုင်ပါတယ်။ ဒီရောဂါရဲ့လက္ခဏာတွေကတော့ အသက်ရှူ ကျပ်ခြင်း၊ ချောင်းဟပ်ဆိုးခြင်း၊ ရင်ခေါင်းက ဘေးတိုက်ကြည့်ရင် စည်ပိုင်းပုံစံဖောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။

• အသည်းခြောက်ခြင်းလိုမျိုး အသည်းရောဂါတွေကို ရရှိနိုင်ပါတယ်။ သင့်ကလေးမှာ Alpha-1 antitrypsin ချို့ယွင်းမှု ရှိရင် ကလေးဟာ အသားဝါခြင်းနဲ့ မျက်လုံးမှာ အဖြူရောင်ဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ တကယ်လို့ အသည်းခြောက်ခြင်း ရှိတယ်ဆိုရင် ခြေထောက် ဖေါရောင်နိုင်ပါတယ်။ ဒါ့ပြင် သူဟာ အသည်းကင်ဆာ ဖြစ်ပွားနိုင်ခြေလည်း ရှိပါတယ်။

• ရှားပေးတဲ့အခြေအနေတွေမှာ Alpha-1 antitrypsin ချို့ယွင်းမှု ဟာ panniculitis လို့ခေါ်တဲ့ အရေပြား အောက် အဆီတစ်ရှူးရောင်ရမ်းသော အခြေအနေကို ဖြစ်စေနိုင်ပြီးတော့ အရေပြားမှာ နာသော အကျိတ်တွေ၊ အကွက်တွေဖြစ်ပြီး အရေပြား မာကျောနိုင်ပါတယ်။ ဒီအရေပြားရောဂါ ဟာ ပြင်းထန်မှု ပုံစံ ကွာခြားမှုရှိပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။

ဆရာဝန်က ဒီရောဂါကို ဘယ်လို ရှာဖွေနိုင်သလဲ။

Alpha-1 antitrypsin ပမာဏ ကို စစ်ဆေးတဲ့ သွေးစစ်ဆေးမှုနဲ့ အသည်း လုပ်ငန်းဆောင်တာ တွေကို စစ်ဆေးတဲ့ သွေးစစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီစစ်ဆေးမှု အဖြေတွေကနေ သင့်ဆရာဝန်က ဒီအခြေအနေကို သိရှိနိုင်ပါတယ်။ ဒါ့ပြင် အခြားစစ်ဆေးမှုတွေ ဖြစ်တဲ့ အာထရာဆောင်း နဲ့ အထူး X-rays စစ်ဆေးမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ကတော့ အသည်းပျက်စီးမှုကို သိရှိစေဖို့ အသည်းအသားစ ယူနိုင်ပါတယ်။

ဒီရောဂါကို ဘယ်လိုကုသမလဲ။

ချို့ယွင်းနေတဲ့ Alpha-1 antitrypsin ပရိုတင်းကို အစားထိုးမှာ ဖြစ်ပါတယ်။ ဒီပရိုတင်းကို အပတ်တိုင်း သွေးပြန်ကြောအတွင်းကို ထိုးသွင်းပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ အသည်းရောဂါဆိုးဆိုးဝါးဝါးမမရှိသူတွေမှာ အသည်းပျက်စီးမှု ပိုဖြစ်ခြင်းကို ကာကွယ်ရာမှာတော့ အနည်းငယ်သာ ထိရောက်မှု ရှိပါတယ်။

ဘယ်လို နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနိုင်သလဲ။

တကယ်လို့ သင့်မှာ Alpha-1 antitrypsin ချို့ယွင်းမှု ရှိနေပြီဆိုရင် အောက်ဖေါ်ပြပါ အသည်းရောဂါတွေ ဖြစ်နိုင်ပါတယ်။

• လေပြွန်များ မူမမှန်ကျယ်နေခြင်း

• အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်း

• အဆုတ်လေအိတ်ပျက်စီးခြင်း

• အသည်းကင်ဆာ

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://ghr.nlm.nih.gov/condition/alpha-1-antitrypsin-deficiency
http://www.nlm.nih.gov/medlineplus/ency/article/000120.htm
http://www.liverfoundation.org/abouttheliver/info/alphaone/

ယခုပုံစံ

25/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!



Dr . Phyu Mon Latt မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement