အဆီဆိုတာ ခန္ဓါကိုယ်ရဲ့ စွမ်းအင်ရင်းမြစ်တစ်ခုပါပဲ။ ဒါပေမဲ့ အဆီများလွန်းခြင်းဟာ အလေးချိန်တိုးလာတာထက် ပိုတဲ့ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။
အသည်းဆိုတာ ဝမ်းဗိုက်ရဲ့ အပေါ်ညာဘက်မှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတ်ခုပါ။ အသည်းရဲ့ အခန်းကဏ္ဍဟာ ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်တေါကို စွန့်ထုတ်ဖို့၊ ပရိုတိန်း ထုတ်လုပ်ဖို့နဲ့ အစာခြေဖို့လိုအပ်တဲ့ အစာခြေရည်တွေထုတ်ပေးဖို့ဖြစ်ပါတယ်။ ပုံမှန်လူတစ်ယောက်အသည်းရဲ့ အလေးချိန်ဟာ ၁.၄၄ – ၁.၆၆ ကီလိုဂရမ်ရှိတတ်ပါတယ်။
ပုံမှန်အားဖြင့်ဆိုရင် အသည်းမှာ အဆီရှိတာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အဆီတွေများလာပြီဆိုရင်တော့ အသည်းအဆီဖုံးခြင်းလို့ခေါ်ပါတယ်။ ဒီလိုရောဂါ အမျိုးအစားနှစ်မျိုးရှိပါတယ်။ အရက်ကြောင့်အသည်းအဆီဖုံးခြင်း (ALD) နဲ့ အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်း (NAFLD) တို့ပါ။
ရိုးရိုးလေးပြောရမယ်ဆိုရင်တော့ NAFLD ဆိုတာက သင်ဟာ အရက်လည်းမသောက်ပါဘဲ အဆီတွေက အသည်းအလေးချိန်ရဲ့ ၅% – ၁၀%လောက်ထိ ဖုံးလွှမ်းသွားတာကို ပြောတာပါ။ ဒါဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အပျော့စားကိစ္စတွေမှာဆိုရင် လက္ခဏာတွေ နောက်ဆက်တွဲပြဿနာတွေ ဘာမှ ပြနေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ပြင်းထန်လာပြီဆိုရင်တော့ ရောင်ရမ်းခြင်းနဲ့ တစ်သျှူးတွေကို ဖျက်ဆီးလိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပိုပြီးပြင်းထန်တဲ့ အရက်မသောက်ဘဲ အသည်းအဆီဖုံးခြင်းကို NASH (Noalcoholic steatohepatitis) လို့ခေါ်ပါတယ်။ ပြင်းထန်တဲ့ NASH ဟာ အသည်းပျက်စီးခြင်းကို ဖြစ်ပေါ်စေပါတယ်။
NAFLD ဟာ နာတာရှည်အခြေအနေတစ်ခုပါ။ အခုအချိန်မှာတော့ ကမ္ဘာနဲ့အဝှမ်းမှာ အဝလွန်ခြင်းနဲ့ ကိုယ်အလေးချိန်တိုးခြင်းတွေလည်း အဖြစ်များလာတာကြောင့် ဒီရောဂါဟာလည်း အဖြစ်များလာပါတယ်။
ဒီရောဂါမှာ အမျိုးအစား ၄မျိုးရှိပါတယ်။ အန္တရာယ်မရှိတဲ့အမျိုးကစလို့ အသက်သေစေနိုင်တဲ့အထိပေါ့။
Nanolcoholic fatty liver ဟာ အသံတိတ်ရောဂါတစ်မျိုးဖြစ်ပြီး ဘယ်လိုလက္ခဏာကိုမှမပြပါဘူး။ ပြပြီဆိုရင်တော့
အသည်းကြီးတာ၊ မောပန်းတာ၊ အားနည်းတာ၊ အလေးချိန်ကျတာ၊ အစာစားချင်စိတ်လျော့တာ၊ ဗိုက်နာတာ၊ ပျို့အန်တာ၊ ပင့်ကူမျှင်သွေးကြောတွေဖြစ်တာ၊ အသားနဲ့ မျက်လုံးဝါတာ၊ ယားယံတာ၊ ခြေထောက်တွေရောင်ရမ်းတာ၊ အရည်တွေစုလာတာနဲ့ ဗိုက်ဖောင်းလာတာ၊ စိတ်ပိုင်းဆိုင်ရာအရ ဝေခွဲမရဖြစ်လာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
အသည်းအဆီဖုံးခြင်းဟာ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ခဲပေမယ့် ဖြစ်လာရင်လည်း အသက်အန္တရာယ်ရှိနိုင်ပါတယ်။ လက္ခဏာတွေက ကိုယ်ဝန်ကာလ တတိယ ၃ပတ်မှာမှစပါတယ်။ လက္ခဏာတွေကတော့
ဆက်တိုက် ပျို့အန်ခြင်း၊ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်မှာ နာကျင်ခြင်း၊ အသားဝါဖြစ်ခြင်း၊ သာမန် နာကျင်ခြင်း မသက်မသာဖြစ်ခြင်း စတာတွေဖြစ်တတ်ပါတယ်။
လူအများစုဟာ သူတို့မှာ Nonalcoholic Fatty Liver ရောဂါ ဖြစ်နေမှန်း မသိကြပါဘူး။ မကုသဘဲ မထိန်းချုပ်ဘဲ ထားလိုက်တဲ့အခါမှာ ရောဂါက ပိုပြင်းထန်လာပြီး အသည်းကို ပြင်းပြင်းထန်ထန်ပျက်စီးစေတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။
အဓိက နောက်ဆက်တွဲပြဿနာတွေကတော့
Fibrosis သို့မဟုတ် Cirrhosis ဖြစ်လာဖို့တောင် နှစ်ပေါင်းများစွာအချိန်ယူရပါတယ်။ ရောဂါအခြေအနေ ပိုဆိုးမလာစေဖို့အတွက် နေထိုင်မှုပုံစံပြောင်းနိုင်ဖို့က အရေးကြီးပါတယ်။
ဒီရောဂါဖြစ်ရတဲ့အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အချို့သောဆရာဝန်တွေကတော့ ဒီလိုထင်ကြပါတယ်။
အသည်းဗိုင်းရပ်စ်ဝင်ခြင်း။ ။ အချို့သောလေ့လာမှုတွေကတော့ သင့်ရဲ့အူသိမ်မှာ ဗိုင်းရပ်စ်သို့မဟုတ် ဘက်တီးရီးယားတွေအရမ်းများနေပြီး အူမှာ အပြောင်းအလဲတွေဖြစ်နေတယ်ဆိုရင် ဒါဟာ ဒီရောဂါနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
အင်ဆူလင် တုံ့ပြန်မှု။ ။ အင်ဆူလင်ခံနိုင်ရည်အားဟာ ခန္ဓါကိုယ်က အင်ဆူလင်မလုံလောက်မှုကို မတုံ့ပြန်တော့တဲ့ အခြေအနေလို့ ရည်ညွှန်းပါတယ်။
ဆေးဝါးနဲ့ အဆိပ်အတောက်များ။ ။ ကျန်းမာရေးပြဿနာတွေကြောင့် သုံးစွဲရတဲ့ ဆေးဝါးအချို့ဟာ NASH နဲ့ ဆက်စပ်နေပါတယ်။ ဒီဆေးတွေမှာတော့ amiodarone (brand names: Corderone, Pacerone), tamoxifen (brand names: Nolvadex, Tamone), perhexiline maleate (brand name: Pexhid), steroids (eg, prednisone, hydrocortisone), synthetic estrogens and toxic pesticides စတာတွေပါဝင်ပါတယ်။
ကိုယ်အလေးချိန်အမြန်ကျခြင်း
အစားစားတဲ့အလေ့အထ မမှန်ခြင်း
ကိုယ်ဝန်ဆောင်ခြင်း။ ဒါကတော့ ရှားပေမယ့်လည်း သင်ကိုယ်ဝန်ဆောင်ချိန်မှာ အဆီတွေက အသည်းမှာ လာစုနိုင်ပါတယ်။ ဒါဟာ သင့်အတွက်ရောကလေးအတွက်ပါ အန္တရာယ်ရှိပါတယ်။
Nonalcoholic fatty liver ဟာ အခြားသော အသည်းရောဂါတွေနဲ့အတူလည်း ဖြစ်နိုင်ပြီး အသည်းပျက်စီးမှုကို ပိုဆိုးစေပါတယ်။ ဒါနဲ့ဆက်စပ်နေတဲ့အချို့သော အခြေအနေတွေက
အဝလွန်ခြင်း။ ။ ဒီဝေဒနာဖြစ်နေတဲ့ လူ ၇၀%ဟာ အဝလွန်ပါတယ်။
ဆီးချို။ ။ ဒီရောဂါဖြစ်နေတဲ့ လူ ၇၅%နဲ့အထက်မှာ ဆီးချိုပုံစံ ၂ ရှိနေပါတယ်။
Hyperlipidemia (သွေးတွင်းအဆီဓါတ်များခြင်း)။ ။ ဒီဝေဒနာဖြစ်နေတဲ့ လူ ၂၀%ကနေ ၈၀%ထိ သွေးတွင်းအဆီဓါတ်များပါတယ်။ (သွေးတွင်းကိုလက်စထရောလယ်ဗယ်မြင့်ခြင်း၊ triglyceride လယ်ဗယ်မြင့်ခြင်း)
တကယ်လို့များသင်က
အဝလွန်နေမယ်ဆိုရင် (အထူးသဖြင့် ခါးတစ်ဝိုက်)
ဆီးချိုအမျိုးအစား ၂ ရှိနေမယ်ဆိုရင်
သွေးတိုးရှိရင်
သွေးတွင်း ကိုလက်စထရောမြင့်နေရင်
Triglycerides မြင့်နေရင်
အသက် ၅၀အထက်ရှိရင်
ဆေးလိပ်သောက်ရင် သင့်မှာ NAFLD ဖြစ်နိုင်ချေမြင့်မားပါတယ်။ ဒါပေမဲ့ ဒီအချက်တွေဘာမှမရှိပါဘဲနဲ့လည်း ဖြစ်နိုင်ပါသေးတယ်။ ကလေးတွေပါ အပါအဝင်ပေါ့။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဒီရောဂါကတော့ သင့်ရဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေကနေ သိနိုင်ပါတယ်။ ပထမဆုံးလက္ခဏာကတော့ ပုံရိပ်ဖော်စစ်ဆေးမှုပါ။ တကယ်လို့များ Nonalcoholic fatty liver ဖြစ်နေတယ်ဆိုခဲ့ရင် သင့်ဆရာဝန်က သင့်မှာ အခြားသော အသည်းရောဂါတွေရှိမရှိဆိုတာကို စစ်ဆေးပေးပါလိမ့်မယ်။ ရောဂါကို ရှာတွေ့နိုင်မယ့် စစ်ဆေးမှုတွေကတော့
သင့်ဆရာဝန်က nonalcoholic fatty liver ရှိမရှိသေချာဖို့အတွက် အခြားသော စစ်ဆေးမှုတွေ ထပ်လုပ်ကောင်းလုပ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ ဒါကို အတည်ပြုဖို့အတွက် အသည်းကို နမူနာယူပြီး အသားစစစ်ဆေးရတာတွေ လုပ်ရနိုင်ပါတယ်။ ဒီစစ်ဆေးမှုအတွက်တော့ အသားထဲ အပ်ကိုထိုးသွင်းရပြီး အသည်းအစိတ်အပိုင်းသေးသေးလေးကို ဖဲ့ယူရတာမျိုးလုပ်ရပါတယ်။
အထူးကုသမှုတစ်ရပ်အနေနဲ့တော့ မရှိပါဘူး။ ဒါပေမဲ့ ဆရာဝန်တွေက သင့်အသည်းပျက်စီးမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကုသကြရတာမျိုးရှိပါတယ်။ ဆေးအသစ်တွေများစွာကိုလည်း ဒီရောဂါဖြစ်နေတဲ့ လူနာတွေမှာ စမ်းသပ်စစ်ဆေးပြီးပေမယ့် ရေရှည်မှာတော့ ကြီးကြီးမားမားအကျိုးရှိလာတယ်၊ ပြန်ကောင်းလာတယ်ဆိုတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ သင်က သင့်ရဲ့အခြေအနေကိုတော့ ဆီးချိုကိုထိန်းချုပ်ခြင်းအားဖြင့် တိုးတက်လာစေနိုင်ပါတယ်။
ဒီဝေဒနာရှိနေတဲ့ လူအများစုဟာ စောစောစီးစီးသိခဲ့တယ်ဆိုရင်တော့ ဘယ်လိုပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာမျိုးမှ မဖြစ်ပါဘူး။ တကယ်လို့သင်က ဒီလိုအခြေအနေရှိနေတယ်လို့ သတ်မှတ်ခံခဲ့ရရင် သင့်အခြေအနေပိုဆိုးမသွားစေဖို့ သင်လုပ်နိုင်တဲ့ နည်းလမ်းအနည်းငယ် ရှိပါတယ်။
ကိုယ်အလေးချိန်လျှော့ချခြင်းဟာ ပထမဆုံးအဆင့်ပါပဲ။ အလေးချိန်လျှော့ချခြင်းက အသည်းအင်ဇိုင်းတွေ၊ အင်ဆူလင်တွေရဲ့ လယ်ဗယ်ကို လျှော့ချရာမှာ ကူညီပေးပြီး အသက်ရှည်စေပါတယ်။ ကိုယ်အလေးချိန်ကို အမြန်ကြီးလျှော့ချစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အမြန်ဝိတ်ချခြင်းက အသည်းကို ပိုပြီးပျက်စီးစေလို့ပါ။ သင့်အတွက် အကောင်းဆုံး ဝိတ်လျှော့ရမယ့် အစီအစဉ်ကို ဆရာဝန်နဲ့ တိုင်ပင်ကြည့်နိုင်ပါတယ်။
တကယ်လို့များ သင့်မှာ Nonalcoholic fatty liver ရောဂါမရှိနေဘူးဆိုရင်တောင်မှ အရက်ကို ရှောင်ကြဉ်သင့်ပါတယ်။ အချို့သောဟင်းလျာတွေဟာ အရက်နဲ့ချက်ထားတာမျိုး ဖြစ်တတ်ပြီး အချို့သောဆေးဝါးတွေ (ချောင်းဆိုးပျောက်ဆေးလိုဆေးတွေ) မှာလည်း အရက်တွေ ပါဝင်နေတတ်ပါတယ်။
နောက်ဆုံးပေမယ့် အရေးကြီးတဲ့အချက်ကတော့ ကျန်းမာရေးနဲ့ညီပြီး မျှတတဲ့ စားသောက်မှုပုံစံရအောင်လုပ်ပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ သင်စားနေတတ်တဲ့ အချို့သောစားစရာတွေကို ကန့်သတ်ဖို့လည်း လိုကောင်းလိုနေပါလိမ့်မယ်။ ဘယ်လိုအာဟာရမျိုးက အသည်းကို ပြန်လည်ကောင်းမွန်လာစေမယ်ဆိုတာကို လေ့လာပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Non-alcoholic fatty liver disease causes https://www.mayoclinic.org/diseases-conditions/nonalcoholic-fatty-liver-disease/symptoms-causes/syc-20354567 Accessed Date Feb 2, 2018
Non-alcoholic fatty liver disease symptoms https://www.nhs.uk/conditions/non-alcoholic-fatty-liver-disease/ Accessed Date Feb 2, 2018
Non-alcoholic fatty liver disease complications https://www.medscape.com/answers/175472-100865/what-are-complications-of-fatty-liver-disease Accessed Date Feb 2, 2018
Non-alcoholic fatty liver disease diagnosis and treatment https://www.aafp.org/afp/2013/0701/p35.html#:~:text=Liver%20biopsy%20is%20the%20criterion,of%20nonalcoholic%20fatty%20liver%20disease.&text=In%20patients%20with%20nonalcoholic%20fatty,measures%20to%20reduce%20insulin%20resistance. Accessed Date Feb 2, 2018
Non-alcoholic fatty liver disease diagnosis and treatment https://pmj.bmj.com/content/95/1124/314 Accessed Date Feb 2, 2018
ယခုပုံစံ
25/08/2022
Wathun Myat Chal မှ ရေးသားသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar