သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

အူလမ်းကြောင်းဘက်တီးရီးယားများကို အထောက်အပံ့ဖြစ်စေမည့် နည်လမ်းများ

    အူလမ်းကြောင်းဘက်တီးရီးယားများကို အထောက်အပံ့ဖြစ်စေမည့် နည်လမ်းများ

    လူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ဘက်တီးရီးယားပေါင်း သန်းပေါင်းများစွာရှိပြီး အများစုဟာ အူလမ်းကြောင်းထဲမှာ ရှိပါတယ်။ သူတို့ဟာ လူသားတို့ကျန်းမာရေးကို များစွာ အကျိုးသက်ရောက်ပါတယ်။ တချို့ကတော့ ရောဂါဖြစ်စေတတ်ပါတယ်။ အကျိုးပြုဘက်တီးရီးယားပေါင်းများစွာလည်း အူလမ်းကြောင်းထဲမှာ ရှိပါတယ်။ စိတ်ဝင်စားစရာတစ်ချက်ကတော့ သင်စားလိုက်တဲ့ အစားအစာများဟာလည်း အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေအပေါ် အကျိုးသက်ရောက်မှုများစွာရှိတယ် ဆိုတာပါပဲ။

    ၁။ အမျိုးမျိုးသော အစားအစာများ စားသုံးပါ

    အူလမ်းကြောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားများဟာ အမျိုးပေါင်းရာချီပါတယ်။ တစ်မျိုးစီဟာ ကျန်းမာရေးအတွက် ကိုယ်စီအရေးပါပြီး မတူညီတဲ့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် အစားအစာမျိုးစုံကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ အဆီဓာတ်၊ သကြားဓာတ်၊ ပရိုတိန်း၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ် စတာတွေကို သူ့အချိုးအဆနဲ့သူ မျှတစွာ စားသုံးသင့်ပါတယ်။

    ၂။ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနှင့် သစ်သီးများစွာ စားသုံးပေးပါ

    အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များဟာ အူလမ်းကြောင်းဘက်တီးရီးယားတွေအတွက် အကောင်းဆုံးသော အာဟာရရင်းမြစ်တွေ ဖြစ်ပါတယ်။ အသီးအရွက်တွေမှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားပြီး ကိုယ်ခန္ဓာကနေ မချေဖျက်နိုင်ပါဘူး။ အဆိုပါအမျှင်ဓာတ်ကို အူလမ်းကြောင်း ဘက်တီးရီးယားတချို့က ချေဖျက်ပေးပြီး သူတို့ရဲ့ ဖွံ့ဖြိုးကြီးထွားမှုအတွက် အထောက်အကူပြုပါတယ်။

    ပဲအမျိုးမျိုးမှာလည်း အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ပြီး အစာအိမ်အူလမ်းကြောင်းက ဘက်တီးရီးယားတွေကို အကျိုးပြုတဲ့ တခြားအစားအစာတွေကတော့

    – ရက်စ်ဘယ်ရီ

    – အာတီချုပ်ပန်းဖူး

    – ပဲစိမ်း

    – ပန်းပွင့်စိမ်း

    – ကုလားပဲ

    – ပဲနီလေး

    – ပဲကြီး စတာတွေ ဖြစ်ပါတယ်။

    ၃။ အချဉ်ဖောက်ထားသော အစားအစာများစားပါ

    အစားအစာများကို အချဉ်ဖောက်ရာမှာ ဘက်တီးရီးယားနဲ့ တစေးကို အသုံးပြုပြီး အစားအစာထဲမှာပါတဲ့ သကြားဓာတ်ကို အော်ဂဲနစ်နဲ့ အယ်လ်ကိုဟောအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့်

    – ဒိန်ချဉ်

    – ကင်ချီ

    – ဂေါ်ဖီချဉ်

    – နို့ချဉ် စတာတွေ ဖြစ်ပါတယ်။

    အဆိုပါအစားအစာတွေမှာ lactobacilli ဆိုတဲ့ ဘက်တီးရီးယားတမျိုးပါဝင်ပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ အဆိုပါ အကျိုးပြုဘက်တီးရီးယားတွေများလာရင် အူလမ်းကြောင်းမှာဖြစ်တဲ့ ပြဿနာတချို့ကို လျော့ကျသွားစေပါတယ်။ ဒိန်ချဉ်ဟာဆိုရင်လည်း အူလမ်းကြောင်း မငြိမ်မသက်ဖြစ်တဲ့ ရောဂါကို သက်သာစေကြောင်း သိရပါတယ်။

    ၄။ ဓာတုဗေဒ ဆေးသကြားများ လျှော့စားပါ

    သဘာဝသကြားကို အစားထိုးဖို့ ဆေးသကြားတွေ အစားထိုးသုံးလာကြပါတယ်။ တကယ်တော့ ဓာတုဗေဒဆေးသကြားများဟာ အူလမ်းကြောင်းကို ထိခိုက်စေပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိနိုင်ဖို့ ပိုမိုခက်ခဲစေပါတယ်။

    ၅။ ကလေးများကို အသက်ခြောက်လအထိ မိခင်နို့တိုက်ပါ

    ကလေးများရဲ့ကိုယ်ထဲက အကျိုးပြုဘက်တီးရီးယားများဟာ မွေးကင်းစကတည်းက စတင်ဖွံ့ဖြိုးလာပါတယ်။ အသက်နှစ်နှစ်အတွင်း Bifidobacteria လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားများ ပွားများလာပြီး မိခင်နို့ထဲက သကြားကို ချေဖျက်ပေးပါတယ်။ ဒါ့အပြင် အသက်ခြောက်လအထိ မိခင်နို့ကိုပဲ သောက်သုံးခြင်းအားဖြင့် အကျိုးပြုဘက်တီးရီးယားတွေ ပိုမိုပွားများလာစေပြီး ရောဂါမျိုးစုံကို ကာကွယ်နိုင်ဖို့ ကိုယ်ခံစွမ်းအား မြင့်တက်လာစေပါတယ်။

    ၆။ ပိုလီဖီနောကြွယ်ဝသော အစားအစာများ စားသုံးပါ

    ပိုလီဖီနောဟာ အပင်များမှာပါဝင်တဲ့ ဒြပ်ပေါင်းတမျိုးဖြစ်ပြီး သွေးတိုးကျစေခြင်း၊ ရောင်ရမ်းမှုကျစေခြင်း၊ ကိုလက်စထရောနှင့် ဓာတ်တိုးခြင်းဖြစ်စဉ်ကြောင့် ကိုယ်ခန္ဓာဖိစီးမှုများဖြစ်ပေါ်ခြင်းကို ကျဆင်းစေပါတယ်။ ပိုလီဖီနောကို လူ့ခန္ဓာကိုယ်ဆဲလ်များမှ မချေဖျက်နိုင်ပါဘူး။ အဲဒီအစား သူတို့ကို အူလမ်းကြောင်း ဘက်တီးရီးယားများက ချေဖျက်ပေးပါတယ်။ ပေါ်လီဖီနော်ကြွယ်ဝတဲ့ အစားအစာတွေကတော့

    – ကိုကိုးနှင့် ချောကလက်ညို

    – ဝိုင်နီ

    – စပျစ်သီးခွံ

    Green tea

    – ကြက်သွန်နီ

    – ဘလူးဘယ်ရီ

    – ပန်းပွင့်စိမ်း စတာတွေ ဖြစ်ပါတယ်။

    ကိုကိုးနဲ့ချောကလက်ညိုမှာပါဝင်တဲ့ ပိုလီဖီနောဟာ Bifidobacteria နဲ့ lactobacilli တို့ရဲ့ အရေအတွက်ကို တိုးတက်စေပြီး Clostridia ရောဂါပိုးရဲ့ အရေအတွက်ကို လျော့နည်းစေပါတယ်။

    ၇။ ပရိုဘိုင်အိုတစ် ဖြည့်စွက်စာများ စားသုံးပါ

    ပရိုဘိုင်အိုတစ်ဟာလည်း အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ သူတို့ဟာ အူလမ်းကြောင်းမှာ အမြဲမနေနိုင်ပါဘူး။ ဒါပေမယ့် အူလမ်းကြောင်းက ဘက်တီးရီးယားတွေအားလုံးရဲ့ ဖွဲ့စည်းဖြစ်ပေါ်ပုံကို ပြောင်းလဲပစ်ခြင်းအားဖြင့် အကျိုးဖြစ်ထွန်းစေပါတယ်။ ပရိုဘိုင်အိုတစ်ဟာ နေကောင်းကျန်းမာတဲ့သူတွေအတွက် သိပ်မသိသာပါဘူး။ ဒါပေမယ့် နေထိုင်မကောင်းသူတွေ သုံးစွဲရင်တော့ သိသာပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Dr. Thant Zin မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။