backup og meta

သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ

သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ ဆိုတာ သိပြီးပြီလား! သောက်တာ များတယ် ဆိုတာ ရေကို ဆိုလိုတာ မဟုတ်မှန်းတော့ သိကြမှာပါနော့။ တစ်ခွက်ပြီး တစ်ခွက် မော့နေတုန်းတော့ ပျော်နေပေမယ့် နောက်ရက် ကျရင် သောက်ထားတဲ့အရှိန်နဲ့ ခေါင်းကိုက်လိုက်၊ ဗိုက်အောင့်လိုက်နဲ့ မှောက်တော့မှာ မလား။

သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ

အပီကဲပြီး နောက်နေ့မှာ အရက်နာ ကျတာက သပ်သပ်၊ အရက်ကြောင့် ပူလောင်ပြီး ဗိုက်အောင့်တာက သပ်သပ် ခံစားရမှာသေချာတာပေါ့။ ခံရ သက်သာချင်ရင်တော့ ဒီလို မဖြစ်အောင် ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေ သိထားဖို့တော့ လိုပါတယ်။

သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ

သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ ဆိုတော့

(၁) ရေသောက်ပါ

အရက် ဘီယာ သောက်တဲ့အခါ ရေဓာတ် မခမ်းခြောက်ဖို့ အရေးကြီးပါတယ်။ ဆိုလိုတာက ဟိုဟာတွေ သောက်လည်း သောက်၊ ရေလည်းသောက်ပေးဖို့ ပါပဲ။ ရေတွေ သောက်ပြီး ဆီးသွားပစ်လေ မကောင်းတဲ့ အဆိပ်အတောက်တွေ ပါသွားလေပါ။

(၂) တခြားအရည်တွေသောက်ပါ

ရေနဲ့တင် မလုံလောက်ဘူး ခံစားနေရရင် အရက် မဟုတ်တဲ့ တခြား အရည်တွေနဲ့ ရေဓာတ် ဖြည့်ပါ။ ဓာတ်ဆား ဖြည့်ပေးမယ့် သောက်စရာ(ရေဓာတ်ဖြည့် အချိုရည် လိုမျိုး) တစ်ခုခု ထပ်သောက်ပါ။ ကိုယ့်မှာ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားနဲ့ ပိုတက်စီယမ်ကို ပြန်ဖြည့်ဆည်းပေးပါလိမ့်မယ်။

(၃) အဆီလေးစားပေးဦး

ဟိုးရှေးတည်းက သုံးခဲ့ကြတဲ့ နည်းတစ်ခုက မူးပြဲမကွဲအောင်လို့ ပါတီ မတက်ခင် သံလွင်ဆီ တစ်ဇွန်း ကြိုသောက်ရတယ်တဲ့။ ပီဇာ ဒါမှမဟုတ် အဆီများတဲ့ စားစရာ တစ်ခုခုကလည်း အာနိသင် တူနိုင်ပါတယ်။ ဒါတွေက အူထဲမှာ ဆီဆွတ်ထားသလို ဖြစ်စေပြီး အယ်လ်ကိုဟောကို စုပ်ယူမှု မမြန်စေတော့ပါဘူး။ ဒါပေမယ့် အလွန်အကျွံ စားတာကိုတော့ အားမပေးပါဘူးနော်။

(၄) သောက်နေတဲ့အချိန် သကြားစားပေးပါ

လေ့လာမှုတွေအရ fructose က အယ်လ်ကိုဟောရဲ့ ဇီဝဖြစ်ပျက်မှုကို မြန်စေတဲ့အတွက် အရက်နာကျနိုင်တဲ့ ဖြစ်နိုင်ခြေကို နည်းစေပါတယ်။ အရက်သောက် နေတဲ့ အချိန်မှာ (မသောက်ခင် မဟုတ်ဘူးနော်၊ fructose က ချေဖျက် စုပ်ယူရ လွယ်တယ်) သကြားကို စားပေးဖို့ပဲ လိုပါတယ်။ သကြားစေ့ ဝါးစားဖို့ မဟုတ် အရက် သောက်ရင်း အချိုရည်လေး နည်းနည်း ညှပ်ညှပ် သောက်လည်း ရတာပဲ။

(၅) နောက်နေ့မှာ မနက်စာကိုစားဖြစ်အောင်စားပါ

အစားအစာ မှာပါတဲ့ Electrolytes တွေကြောင့် ရေဓာတ် ဆုံးရှုံးနေတဲ့ စနစ်ကို ဖြည့်ဆည်းပေးပြီး ခန္ဓာကိုယ်ကို ကယ်လိုရီ ပြန်ဖြည့် ပေးနိုင်ပါတယ်။ အရက်နာကျတဲ့ မနက်ခင်းမှာ စားတဲ့ အစာက ချေဖျက်ရ လွယ်တဲ့ အရာတော့ ဖြစ်သင့် ပါတယ်။

အရက်ကို ကြိုက်တယ် မြင်ရင် ရပ်မရတမ်း သောက်ချင်တယ်။ အရက်နာ ကျမှာကို ကျပြန်တော့လည်း မကြိုက် ပြန်ဘူး။ အရက်ကြောင့် ရင်ပူရင်ဆာကလည်း မဖြစ်ချင်ပြန်ဘူးဆိုရင်တော့ အလွယ်ကူဆုံးက အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာတာပါပဲ။ အဆင်ပြေဆုံး နည်းလမ်းကို ကိုယ်တိုင် ရွေးချယ်လိုက်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/how-to-sober-up

Accessed Date Nov 5, 2019.

https://www.health.harvard.edu/staying-healthy/7-steps-to-cure-your-hangover-and-ginkgo-biloba-whats-the-verdict

Accessed Date Nov 5, 2019.

ယခုပုံစံ

17/11/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရက်မသောက်လည်းဘဲ အသည်းအဆီဖုံးနိုင်ပါတယ် ။

အရက်သောက်ပြီး နောက်တစ်နေ့မှာ ဝမ်းခဏခဏသွားတာဘာကြောင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/11/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ