backup og meta

အစာအိမ်နာထနေတဲ့အချိန် စားသင့်တဲ့အစားအသောက် ၅ မျိုး ။ ။

အစာအိမ်အောင့်တာ၊ အစာအိမ် အနာ ဖြစ်တာ၊ အစာမကြေတာ စတဲ့ အစာခြေလမ်းကြောင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေ အများကြီး ရှိသလို အဲဒီ ဝေဒနာ ခံစားနေရတဲ့ သူတွေလည်း တစ်ပုံကြီးပါ။  အစာအိမ်ရောင် နေတယ်၊ အနာ ဖြစ်နေတယ် ဆိုရင် အစာအိမ်ကို အနားပေးဖို့ အရေးကြီးတယ်လေ။ ပြဿနာက နေ့တိုင်း အစား မစားဘဲ နေလို့ မရဘူးလေ။ ဒီတော့ အစာအိမ်ကို အနားပေးလို့ မရ၊ စားတာတွေကလည်း အစာအိမ်နဲ့ မတည့်ဖြစ်နေရင် ပိုဆိုးပြီပေါ့။ ဒီတစ်ခေါက်တော့ အစာအိမ်နာ ထနေတဲ့အချိန် စားသင့်တဲ့ အစားအသောက် ၅ မျိုး အကြောင်းလေး ပြောပြပေးချင်ပါတယ်။

အစာအိမ်နာထနေတဲ့အချိန် စားသင့်တဲ့အစားအသောက် ၅ မျိုး ။ ။

အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတာ ကြားဖူးတယ် မလား။ ခုလို အစာအိမ်အနာ၊ အစာအိမ် အောင့်တဲ့ ပြဿနာတွေ အတွက်ဆို ကိုယ်စားတဲ့အစားအသောက်တွေက ပိုတောင် အရေးကြီးတာပေါ့။

အစာအိမ်နာထနေတဲ့အချိန် စားသင့်တဲ့အစားအသောက် ၅ မျိုး ။ ။

အစာအိမ်နာထနေတဲ့အချိန် စားသင့်တဲ့အစားအသောက် ၅ မျိုး ကတော့ ပျော့ပြီး မစပ်တဲ့၊ အဆီမများတဲ့ အစားအစာတွေကို အဓိက ရွေးချယ်သင့်ပါတယ်။ ဒါမှ အစာကြေလွယ်မှာ ဖြစ်ပြီး ခံစားနေရတဲ့ အစာအိမ်နာ ဝေဒနာ သက်သာမှာ ဖြစ်ပါတယ်။ စားသင့်တာတွေ ကတော့

  • Mashed potatoes – ကြိတ်ချေထားတဲ့ အာလူး တစ်ခွက်ဟာ အဆာခံစေမယ့်အပြင် အက်ဆစ်တွေ ထွက်လို့ အောင့်နေတဲ့ အနာကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။
  • ကြက်ဥမွှေကြော် – ပရိုတင်းဓာတ်တွေ ကြွယ်ဝပြီး အဆာခံတဲ့ ဒီ ကြက်ဥမွှေကြော်ဟာ အစာအိမ်နာ ဖြစ်နေတဲ့ သူတိုင်းအတွက် သင့်တော့်တဲ့ အစားအစာတစ်ခုပါ။ ဆီလျှော့ကြော်ဖို့တော့ လိုပါတယ်။
  • သကြား မပါတဲ့ ဒိန်ချဉ် – ဒိန်ချဉ် ဆိုပြီး အစာအိမ် အချဉ်ပေါက်စေမယ့် အရာလို့တော့ မထင်လိုက်ပါနဲ့။ သူ့ဆီမှာ အစာခြေစနစ် အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ အပြည့်ပါတဲ့အပြင် အစာကြေလွယ်စေမှာပါ။
  • ထမင်းဖြူ – အစာအိမ် ထနေတဲ့ အချိန် ထမင်းတွေ ပျော့ပျော့လေးတွေ စားပေးလို့ ရသလို ဆန်ပြုတ် စားပေးလို့လည်း ရပါတယ်။ ဒါတွေက အစာကြေလွယ်ပြီး အက်ဆစ် ထွက်တာကိုလည်း လျှော့ချပေးမယ့် အရာတွေပါ။

အခြား သိထားသင့်တာတွေ ကတော့

  • အစာကို နည်းနည်းနဲ့ အကြိမ်ရေ များများ ခွဲစားပါ
  • အဆာ လုံးဝ မခံပါနဲ့။
  • ဖြေးဖြေး နဲ့ ကြေညက်အောင် ဝါးစားပါ။
  • အစားစားပြီး ၂ နာရီ အတွင်း လှဲလျောင်းတာမျိုး မလုပ်ပါနဲ့။
  • ရေဓာတ် ပြည့်ဝနေအောင် ရေများများ သောက်ပါ။ ရေက အစာအိမ် အက်ဆစ် ပြင်းအားကို လျှော့ချပေးနိုင်မှာပါ။

ကိုယ့်မှာ ဒီလို အစာအိမ် ရောဂါ ရှိလို့ ဘာမှ စားမရဘူး ဆိုပြီး စိတ်တော့ မညစ်လိုက်ပါနဲ့။ အစာအိမ် အတွက် သောက်ရမယ့် ဆေးတွေ အပြင် ရှောင်သင့်တာတွေရှောင်၊ စားသင့်တာတွေသာ စားပေးရင် ခဏလေးအတွင်း ပြန်ပျောက်သွားမှာပါ။ ပြီးတော့ ခုပြောခဲ့တဲ့ အစားအစာတွေက အစာအိမ် အောင့်တာကို သက်သာစေမယ့် အပြင် အနာကျက်ခြင်းကိုပါ အားပေးတာကြောင့် ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ပျောက်မှာပါ။ ။

ရေးသားသူ−  Dr Thin Yadanar@Frances

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://sg.news.yahoo.com/5-foods-to-eat-when-you-have-gastric-pain-092355517.html

Accessed Date 9.8.2019

https://www.medicalnewstoday.com/articles/317027.php

Accessed Date 9.8.2019

ယခုပုံစံ

19/04/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်အက်ဆစ်တွေ လျှံတက်ခြင်းကြောင့် ရင်ပူခြင်းကို သက်သာစေမယ့် နည်းလမ်းခြောက်သွယ်

အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/04/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ