backup og meta

Gallstones (သည်းခြေကျောက်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

သည်းခြေကျောက်တည်ခြင်း (gallstones) ဆိုတာ

သည်းခြေဆိုတာက အသည်းအောက်ဘက်ပိုင်းမှာရှိတဲ့ အင်္ဂါအသေးစားလေးပါ။ အိတ်သေးသေးလေးပုံသဏ္ဍာန်ရှိပြီး အစိမ်းရောင်ရှိတဲ့ သည်းခြေရည်တွေကို သိမ်းဆည်းထားပါတယ်။ သည်းခြေရည်က အစာတွေကို ချေဖျက်ပေးတဲ့ အစာခြေရည်အဖြစ်လုပ်ဆောင်ပေးပါတယ်။ သည်းခြေကျောက်တော်တော်များများက သည်းခြေရည်ထဲမှာ ကိုလက်စထရောများလွန်းတာကြောင့်ဖြစ်ရတာပါ။

သည်းခြေကျောက်က သဲမှုန်လောက်သေးသေးလေးကစလို့ဂေါက်သီးအရွယ်အစားထိရှိတတ်ပါတယ်။ အချို့လူတွေမှာ သည်းခြေကျောက်က တစ်လုံးတည်းရှိတတ်ပေမယ့် အချို့မှာတော့ သည်းခြေကျောက်တွေအများကြီးတည်နေတာမျိုးရှိတတ်ပါတယ်။

လက္ခဏာများ

သည်းခြေကျောက်တည်ခြင်း (gallstones) လက္ခဏာတွေကဘာတွေလဲ

သည်းခြေကျောက်တည်တဲ့အခါ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းကအောင့်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဆီကြော်တွေလိုမျိုး အဆီများတဲ့အစားအစာတွေကိုစားသုံးတဲ့ အချိန်မှာ သည်းခြေအောင့်တာကိုခံစားရနိုင်ပါတယ်။ အရမ်းအကြာကြီးနာတာမျိုးတော့မဟုတ်ပါဘူး။

  • မအီမသာဖြစ်တာ
  • အော့အန်တာ
  • ဆီးမည်းမည်းတွေသွားတာ
  • ဝမ်းညိုညစ်ညစ်အရောင်တွေသွားတာ
  • ဗိုက်အောင့်တာ
  • လေတက်တာ
  • ဝမ်းလျှောတာ
  • အစာမကြေတာ
  • ဝမ်းဗိုက်အထက်ပိုင်းကအောင့်တာ
  • ရင်ညွှန့်အောက်ဘက်က စူခနဲအောင့်တာ
  • ညာဘက်ပခုံးနာကျင်တာမျိုးတွေခံစားရနိုင်ပါတယ်။

Risk Factors

သည်းခြေကျောက်တည်ခြင်း (gallstones)ဖြစ်နိုင်ခြေကို ဘာတွေကမြင့်တက်စေလဲ

  • အမျိုးသမီးဖြစ်နေတာ
  • အသက် ၄၀ ဒါမှမဟုတ် အသက် ၄၀ကျော်နေတာ
  • အဝလွန်နေတာ
  • အထိုင်များတာ
  • ကိုယ်ဝန်ဆောင်
  • အဆီများတဲ့အစားအစာတွေအစားများတာ
  • ကိုလက်စထရောများတဲ့ အစားတွေအစားများတာ
  • အမျှင်ဓါတ်နည်းတဲ့ အစားတွေစားတာများတာ
  • မျိုးရိုးရှိတာ
  • ဆီးချိုရောဂါအခံရှိတာ
  • အသည်းရောဂါအခံရှိနေတာ

နောက်ဆက်တွဲရောဂါတွေ

သည်းခြေကျောက်တည်တာ (gallstones) ကြောင့် ဘယ်လိုနောက်ဆက်တွဲရောဂါတွေဖြစ်နိုင်လဲ

သည်းခြေကျောက်တည်တာကို အချိန်ကြာတဲ့အထိမကုသဘဲ ထားမယ်ဆိုရင် –

  • သည်းခြေအိတ်ရောင်ရမ်းတာ
  • သည်းခြေပြွန်ပိတ်ဆို့တာ
  • သရက်ရွက်ပြွှန်မှာပိတ်ဆို့တာ
  • သည်းခြေအိတ်ကင်ဆာ
  • အသည်းရောင်အသားဝါ
  • သရက်ရွက်ရောင်ရမ်းတာ
  • သွေးဆိပ်တက်တာ
  • သည်းခြေပြွန်မှာ ပိုးဝင်ကူးစက်တာ
  • သည်းခြေအိတ်ပိုးဝင်တာ

ဘယ်လိုကာကွယ်မလဲ

သည်းခြေကျောက်တည်ခြင်း (gallstones) မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

သည်းခြေကျောက်မတည်အောင်ကာကွယ်လို့ရပါတယ်။ နည်းလမ်းတွေကတော့ –

  • အစားစားချိန်မှန်ပါစေ – တစ်နေ့တာရဲ့ အစားစားချိန်တွေကို ပုံမှန်သတ်မှတ်ထားပြီး အချိန်မှန်အောင်စားသုံးပေးပါ။ အစားစားချိန်ကျော်သွားတာမျိုး၊ မစားဘဲနေတာမျိုးမလုပ်ပါနဲ့။
  • ကိုယ်အလေးချိန်ကိုဖြည်းဖြည်းချင်းပဲလျော့ချပါ – သင့်အနေနဲ့ ကိုယ်အလေးချိန်ချချင်တယ်ဆိုရင်တောင်မှ အမြန်အဆန်ကြီး ကိုယ်အလေးချိန်ချတာမျိုးမလုပ်ပါနဲ့။မြန်မြန်ဆန်ဆန်ကြီး ကိုယ်အလေးချိန်ချတာက သည်းခြေကျောက်တည်နိုင်ခြေကို ပိုများစေပါတယ်။
  • ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းထားပါ – ကိုယ်အလေးချိန်များတာနဲ့ အဝလွန်တာက သည်းခြေမှာကျောက်တည်နိုင်ခြေများပါတယ်။ ဒါကြောင့် ကယ်လ်လိုရီစားသုံးမှုကိုလျှော့ချပြီး ကိုယ်လက်လှုပ်ရှားမှုကိုများများလုပ်ဆောင်ပေးတာက ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းထားနိုင် မှာဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/gallstones/symptoms-causes/syc-20354214

https://www.healthline.com/health/gallstones#complications

https://www.medicinenet.com/gallstones/article.htm#pigment_and_other_types_of_gallstones

ယခုပုံစံ

31/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement