အဓိပ္ပါယ်ဖွင့်ဆိုချက်
Gas (လေထခြင်း) ကဘာလဲ။
- သင့်အစာအိမ်နှင့်အူများမှ အစာများအား စွမ်းအင်ဖြစ်အောင်ခြေဖျက်သည့်အခါ ဓါတ်ငွေ့များထွက်လာပါသည်။ လူတိုင်း လေလည်ကြသည်။ တစ်ချို့မှာ သူများထက်ပိုလည်ကြ၏။ ဆိုရလျှင် တစ်ရက်ကို ၆-၂၀ ကြိမ်ခန့် လေလည်ခြင်းက ပုံမှန်ဟုဆိုနိုင်သည်။ အစာခြေစနစ်တစ်ခုလုံး အစာအိမ်မှ အစာဟောင်းအိမ်ထိ မျိုချခြင်း အစာခြေခြင်းမှ လေများရှိနေပါသည်။
- တစ်ချို့သောအစာများ ဥပမာ ပဲကြီးသည် အူမကြီးသို့ရောက်မှသာ အစာလုံးဝကျေသည်။ အူမကြီးတွင် ဘက်တီးရီးယားများက ပဲကြီးများကို အချဉ်ဖောက်ကြပါသည်။
- တစ်ခါတစ်ရံတွင် အူတွင်းဓါတ်ငွေ့များခြင်းက အစာခြေစနစ်ရောဂါတစ်ခုကို အတည်ပြုနိုင်ပါသည်။ သို့သော် လူတိုင်းဆိုသလို တစ်ရက်လျှင် အကြိမ်များစွာ လေလည်ကြသည်။ ရံဖန်ရံခါ လေလည် လေချဉ်တက်ခြင်က ပုံမှန်သာဖြစ်ပါသည်။
Gas (လေထခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
လက္ခဏာများ
Gas (လေထခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
လူအများစုအတွက် လေထခြင်းနှင့် လေအောင့်ခြင်းလက္ခဏာများမှာ အလွန်သိသာလှသည်။ ၎င်းတို့မှာ –
- ကိုယ်စိတ်ဖြင့်သော်လည်းကောင်း စိတ်နှင့်ထိန်းနိုင်ခြင်းမရှိပဲသော်လည်းကောင်း လေချဉ်တက်ခြင်း သို့ လေလည်ခြင်း
- ဗိုက်တွင် စူးစူးဝါးဝါးထိုးအောင့်တတ်ခြင်း၊ နာကျင်မှုမှာ ဗိုက်၏ဘယ်နေရာမှမဆို ပေါ်လာနိုင်ပြီး နာသည့်နေရာလည်း မြန်မြန်ပြောင်းနိုင်သလို မြန်မြန်လည်း သက်သာသွားတတ်ပါသည်။
- ဗိုက်ထဲတွင် အူများလိမ်နေသလိုခံစားရခြင်း
- ဗိုက်အတွင်း ပြည့်ကယ် လေးပင်နေခြင်း
- တစ်ခါတစ်ရံ၌ နာကျင်မှုမှာ တောက်လျှောက်ဖြစ်နေတတ်ပြီး ပြင်းလွန်းသောကြောင့် တစ်ခုခုပြဿနာဖြစ်နေသလို ထင်ရနိုင်သည်။
တစ်ခါတစ်ရံတွင် ဒီလိုလေပွခြင်းက အောက်ပါတို့နှင့် မှားနိုင်ပါသည်။
- နှလုံးရောဂါ
- သည်းခြေကျောက်
- အူအတက်ပေါက်ခြင်း
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။
- ဗိုက်ကြာရှည်စွာနာခြင်း
- ဝမ်းတွင်သွေးပါခြင်း
- ဝမ်းရောင်ပြောင်းခြင်း အကြိမ်ရေပြောင်းခြင်း
- ဝိတ်ကျသွားခြင်း
- ရင်ဘတ်အောင့်ခြင်း
- မကြာခဏ သို့မဟုတ် တောက်လျှောက် ပျို့ခြင်း သို့မဟုတ် အန်နေခြင်း
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။
အကြောင်းရင်းများ
Gas (လေထခြင်း) ကိုဘာတွေကဖြစ်စေသလဲ
- လေမျိုချခြင်း – မျိုချသောလေများ ပြန်တက်မလာလျှင် အစာခြေလမ်းကြောင်းထဲသို့ရောက်သွားပြီး လေလည်ခြင်းအဖြစ် ထွက်သွားပါလိမ့်မည်။ လေများများမျိုချခြင်းက ကျို့ထိုးစေတတ်ပါသည်။
- အစားနှင့်သောက်စရာများ – အစာမျိုးမျိုး လေထစေတတ်သည့်ပမာဏမှာ တစ်ဦးနှင့်တစ်ဦး မတူပါ။ ထို့အတူ အနံ့မှာလည်း ကွဲပြားပါသေးသည်။
- ဝမ်းချုပ်ခြင်း – ၎င်းက ဗိုက်ကယ်ခြင်းကိုဖြစ်စေပြီး ယေဘုယျအားဖြင့် လေမထတတ်ပါ။
- ဆေးနှင့် အာဟာရဖြည့်စွက်စာများ – အလွယ်ဝယ်နိုင်သည့်ဆေး သို့မဟုတ် ဆရာဝန်လက်မှတ်ပါမှဝယ်လို့ရသည့်ဆေးများ ဖြည့်စွက်စာများမှာ ဘေးထွက်ဆိုးကျိုးအနေဖြင့် ဗိုက်ကယ်ခြင်း လေထခြင်းကို ဖြစ်စေတတ်ပါသည်။
- အူပိတ်ခြင်း သို့မဟုတ် Crohn’s disease လို ရောဂါများ
- ဟော်မုန်းလယ်ဗယ်ပြောင်းခြင်း။ ရာသီမလာခင် ဗိုက်ကယ်ခြင်းကို အမျိုးသမီးများ အသိများကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်မှာ သူတို့ခန္ဓါကိုယ်များသည် အရည်များကို ထိန်းထားရသောကြောင့်ဖြစ်ပါသည်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Gas (လေထခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
- လက်တို့စ် သို့မဟုတ် ဂလူးဂို့စ်နှင့် မတည့်ခြင်း
- သစ်သီး၊ ဟင်းရွက်များ၊ ဂျုံကြမ်းများနှင့် ပဲတောင့်ရှည် စသည့်အစာများ အစားများခြင်း
- ကာဗွန်ထည့်သောအချိုရည်များ သောက်ခြင်း
- ဝမ်းဗိုက်တွင် irritable bowel syndrome သို့မဟုတ် inflammatory bowel disease လို နာတာရှည်ရောဂါများဖြစ်နေခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Gas (လေထခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်မှ လေပွလေနာရသည့်အကြောင်းရင်းကို အောက်ပါတို့အပေါ်အခြေခံပြီး အတည်ပြုပါလိမ့်မည်။
- သင့်ရောဂါရာဇဝင်
- သင်စားသောက်နေသည့်အကျင့်
- စမ်းသပ်ခြင်း
- စမ်းသပ်ရာတွင် ဆရာဝန်သည် ဗိုက်ဖောင်းနေခြင်းရှိမရှိ ကြည့်ခြင်း လက်နှင့်ခေါက်ပြီး လှိုဏ်သံကိုနားထောင်ခြင်းများ ပြုလုပ်ပါလိမ့်မည်။ လှိုဏ်သံမှာ လေအတော်ပွနေခြင်းကို ပြညွှန်ပါသည်။
Gas (လေထခြင်း) ကို ဘယ်လိုကုသပါသလဲ
အောက်ပါအတိုင်း အစားအသောက်ပြောင်းလိုက်ခြင်းက လေပမာဏကို နည်းစေပြီး မြန်မြန်ရွေ့သွားစေရန် အကူအညီပေးပါသည်။
- သင့်ကိုလေထစေသည့်အစာများကို မှတ်ထားပြီး ရှောင်ပါ။
- ဆီကြော်မုန့်နှင့် အဆီများကို ဖြတ်ပါ။
- ခဏတာလောက် အမျှင်များသည်များကို ဖြတ်ထားပါ။
- အမျှင်ဖြည့်စွက်စာများကို အလွန်အကျွံမလုပ်ပါနှင့်။ ကိုယ်စားသည့်ပမာဏကို ပြန်ချိန်ပြီး တစ်ဖြည်းဖြည်းတိုးသွားခြင်းမျိုးသာလုပ်ပါ။
- နို့ထွက်ပစ္စည်းများစားသုံးခြင်းကိုလည်းလျော့ပါ။ နွားနို့အစား လက်တို့စ်နည်းသည့်အစာများ ဥပမာ ဒိန်ချဉ်ကိုသာစားပါ။ သို့မဟုတ် လက်တို့စ်ကိုခြေဖျက်နိုင်မည့်ဆေး Lactaid သို့မဟုတ် Dairy Ease များသုံးပေးပါ။
အလွယ်ဝယ်ရနိုင်သောဆေးမြီးတိုများ
တစ်ချို့ဆေးများမှာ အထောက်အကူဖြစ်သော်လည်း အားလုံး ကောင်းပါသည်ဆိုသည်မျိုးတော့မဟုတ်ပါ။
- Beano – ပဲကြီးနှင့် ဟင်းသီးဟင်းရွက်များချက်လျှင် Beano ကိုထည့်ခြင်းက လေထသည့်ပမာဏကို နည်းစေပါသည်။
- Lactase ဖြည့်စွက်စာများ – Lactase အင်ဇိုင်းများ (Lactaid, Diary Ease) ဖြည့်စွက်စာများမှာ လက်တို့စ်အားခြေဖက်ရာတွင် အကူအညီဖြစ်စေပါသည်။ လက်တို့စ်နှင့်မတည့်သူအတွက် အဆင်ပြေစေပါသည်။
- Simethicone
- မီးသွေးဆေး – မီးသွေးဆေးပြား (CharcoCaps, Charcoal Plus, စသည်) တို့ကို အစာမစားခင်နှင့် စားပြီးနောက်သောက်ပေးလျှင်လည်း အကူအညီရပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လေထခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် လေထခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။
- အစာကိုခွဲခွဲစားပါ – လေပွစေသောအစာများမှာ နေ့စဉ်စားနေကျ ကျန်းမာစေသည့်အစာများတွင် ပါနေပါသည်။ ထို့ကြောင့် အစားကို နည်းနည်းစီခွဲစားပြီး သင့်ခန္ဓါကိုယ်တွင် လေပွမပွ စောင့်ကြည့်ကြည့်ပါ။
- ဖြည်းဖြည်းစားပါ – ကြေညက်အောင်ဝါးပါ။ အငမ်းမရမစားရ။ စားသည့်အရှိန်မလျော့နိုင်ဘူးဆိုပါက တစ်လုပ်စားပြီး ဇွန်ကိုချပစ်ပါ။
- ပီကေဝါးခြင်း၊ ချိုချဉ်စုပ်ခြင်း၊ ပိုက်နှင့်သောက်ခြင်းများကိုရှောင်ပါ။ ၎င်းတို့မှာ လေကိုပိုမျိုချမိစေနိုင်ပါသည်။
- သွားတုများတပ်ထားလျှင် စစ်ပါ။ သေချာပုံစံမကျသော သွားတုများမှာ အစားအသောက်စားရာတွင် လေများကို ပိုမျိုမိစေတတ်ပါသည်။
- ဆေးလိပ်မသောက်ရ။ စီးကရက်သောက်ခြင်းမှာ လေမျိုမိသည့်ပမာဏကို ပိုများစေပါသည်။
- လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်လက်လှုပ်ရှားခြင်းက အစာခြေလမ်းကြောင်းတစ်လျှောက် လေများကို ကောင်းကောင်းရွေ့လျားစေနိုင်ပါသည်။
အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmr]