backup og meta

အောင့်မထားနဲ့…ဖွင့်ချလိုက်ပါ လေပြဿနာ

အောင့်မထားနဲ့…ဖွင့်ချလိုက်ပါ လေပြဿနာ

ဟာ..ဘယ်သူပေါက်လိုက်လဲမသိဘူး နံလိုက်တာ ဆိုတဲ့စကားသံထွက်လာမှာကို လေလည်သူတွေအကြောက်ဆုံး၊ အရှက်ဆုံးပါ။ မသိမသာလေး ခိုးပေါက်တတ်သူတွေရှိသလို ပိတ်အောင့်ထားလိုက်သူတွေလည်း ရှိပါတယ်။

ဒါပေမယ့် လေလည်ရမှာရှက်လို့၊ သူများနှာခေါင်းရှုံ့မှာစိုးလို့ အောင့်ထားလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲသိလား။ ကိုယ်သတိမထားမိလောက်ပေမယ့် ခန္ဓာကိုယ်ထဲက ပြန်ထွက်ချင်နေတဲ့လေက အောက်ကနေမထွက်ရတဲ့အခါ ပါးစပ်ကပြန်ထွက်လာနိုင်ပါတယ်။

အမှန်က လေလည်တာကို ကြာကြာအောင့်ထားလိုက်ရင် အူလမ်းကြောင်းမှာ စုနေတဲ့လေတွေက နောက်ဆုံးမှာ ထိန်းမရအောင် ကန်ထွက်တော့တာပဲ။ ထိန်းမရတဲ့အခါ လေလည်သံကျယ်ကျယ်နဲ့ ဝုန်းခနဲပေါက်ကွဲနိုင်သလို ဗိုက်အောင့်တာလည်းဖြစ်လာနိုင်ပါတယ်။

အခြေအနေကြည့်ပြီး ဖွင့်ချပါ

ဒါ့ကြောင့်လေလည်ချင်နေပြီဆိုရင် ဖွင့်ချလိုက်ပါ။ လူရှင်းတဲ့နေရာကို လစ်တာပဲဖြစ်ဖြစ်၊ အိမ်သာထဲပြေးတာဖြစ်ဖြစ် မသိမသာလေးဖြေရှင်းလိုက်ပါ။ အောင့်ထားလိုက်လို့ အန္တရာယ်ကြီးကြီးမားမားမဖြစ်ပေမယ့် နေရခက်တာ၊ လေထိုးလေအောင့်တာတွေဖြစ်နိုင်တာကိုး။

အမှန်တော့ လေလည်တယ်ဆိုတာက အစာကို ဖြိုခွဲပြီး ချေဖျက်ဖို့ ခန္ဓာကိုယ်က ကြိုးစားတဲ့အခါ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ။

ကိုယ်စားချလိုက်တဲ့အစားအသောက်တွေကို အစာအိမ်နဲ့ အစာခြေစနစ်က စီမံခန့်ခွဲရတာဖြစ်လို့ လေနည်းနည်းတော့ စွန့်ထုတ်မှာပါပဲ။ အဲဒီကမှ လေလည်မှာလား၊ လေတက်မှာလား ခန္ဓာကိုယ်ကလုပ်ဆောင်ပါလိမ့်မယ်။

ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ၈ ကြိမ်လောက် လေလည်နိုင်ပါတယ်တဲ့။ တစ်ခါချင်းစီဖြစ်နိုင်သလို တစ်ခါတည်းမှာပဲ ပူပူ ပူပူနဲ့ ဆက်တိုက်လွှတ်တာလည်း ဖြစ်နိုင်ပါတယ်။ မယုံရင် ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်။

လေကိုမျိုချမိတာကြောင့် ဒါမှမဟုတ် အူသိမ်ထဲမှာ bicarbonate နဲ့အစာအိမ်အက်စစ်ရောသွားတဲ့အခါ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လေလည်တာဖြစ်နိုင်တယ်။ ဒါမှမဟုတ် အူမကြီးထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့် လေတွေဖြစ်လာတာလည်း ဖြစ်နိုင်တယ်။

လေလည်တဲ့အနံ့ပြင်းရတာကတော့ စားထားတဲ့အစားအသောက်တွေအပေါ်မူတည်ပါတယ်။

လေအောင့်တာ သက်သာအောင် ဘယ်လိုလုပ်ရမလဲ

အူလမ်းကြောင်းမှာပိတ်မိနေတဲ့ အနံ့ပြင်းပြင်းလေတွေကို မဖယ်ထုတ်နိုင်ဘူး (လေပေးမလည်ဘူး) ဆိုရင် ဗိုက်ထဲမှာ လေပွတာ၊ ကယ်တာ၊ ဗိုက်အောင့်၊ လေထိုးတာတွေခံစားရနိုင်တယ်။

ဒီအချိန်မှာ လုပ်လို့ရတာက –

  • ရေနွေးသောက်ပါ။
  • ရေနွေးအိတ်ကပ်ပါ။
  • လေကြေဆေးသောက်ပါ။
  • အစာအိမ်လေဆေးတွေ (Antacids)နဲ့ အက်ဆစ်ထုတ်လုပ်မှုကို တားဆီးပေးနိုင်ပြီး အစာရေမျိုကို ပြန်လည်ကောင်းမွန်လာစေတဲ့ ဆေးတွေသောက်ပါ။
  • နည်းနည်းလောက် လှုပ်လှုပ်ရှားရှားလုပ်ပါ။
  • အပူမပြင်းတဲ့ ဆေးအဆီတစ်မျိုးမျိုးနဲ့ ဗိုက်ကို ညင်ညင်သာသာ လှည့်ပတ်နှိပ်နယ်လူးပါ။

ဒါမှ လေလည်၊ လေတက် တစ်ခုခုဖြစ်လာပြီး လူက နေရသက်သာသွားပါလိမ့်မယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.medicaldaily.com/holding-fart-what-happens-when-you-suppress-flatulence-427538

Accessed Date Nov 7, 2019.

https://www.verywellhealth.com/is-holding-in-a-fart-bad-for-you-4151977

Accessed Date Nov 7, 2019.

ယခုပုံစံ

10/12/2021

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ခန္ဓာကထွက်တဲ့ အသံတွေအကြောင်း

လေလည်ချင်တာ အောင့်ထားလိုက်ရင် ဘာဖြစ်မှာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement