backup og meta

ဆီးချိုသမားများ အအေးမိတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုသမားများ အအေးမိတဲ့အခါ

    ရာသီဥတုအေးတဲ့အချိန် အအေးမိတတ်ကြတယ်၊ ဖျားနာတတ်ကြတယ်ဆိုတာ ဖြစ်တတ်တဲ့သဘာဝပါပဲ။ ဒါပေမယ့် ပုံမှန်အချိန်တောင် သူများထက် အစားအသောက်အနေအထိုင် ပိုပြီးဂရုစိုက်ရတဲ့ ဆီးချိုသမားများ အတွက်ရော။ ဘာတွေများ သတိထားသင့်လဲ ဆက်ပြီးဖတ်ကြည့်ရအောင်။

    ခန္ဓာကိုယ်က နေထိုင်မကောင်းတဲ့အခါ အကြောင်းကြောင်းကြောင့် သွေးတွင်းသကြားဓာတ် အတက်အကျတွေရှိနိုင်ပါတယ်။ ဘယ်လိုထိန်းကြမလဲ –

    သကြားဓာတ်အတက်အကျအတွက် ကြိုတင်ပြင်ဆင်ထားမယ်

    ဒီလိုအချိန်မှာ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အစားအသောက်လည်း မဆင်ခြင်ရင် သွေးတွင်းသကြားထိန်းချုပ်မှုမှာ ကမောက်ကမဖြစ်စေနိုင်ပါတယ်။ ဆီးချိုတက်ရင် ဆရာဝန်အမြန်ဆက်သွယ်ဖို့ ပြင်ဆင်ထားပါ၊ ဆီးချိုကျရင် ပြန်ထိန်းနိုင်မယ့် အစားအသောက်လေးတွေ ပြင်ဆင်ထားပါ။ အနေအထိုင်၊အစားအသောက်ကို ပုံမှန်အတိုင်း အချိုးကျနအောင် ကြိုးစားခြင်းက ကြိုတင်ကာကွယ်မှုပါပဲ။

    ဆီးချိုသမားများ အတွက် မှန်ကန်တဲ့ ဆေးဝါးကို ရွေးချယ်မယ်

    ဆီးချိုသမားများ အဖို့ တွေ့ရာဆေးဝါး သောက်လို့မရပါဘူး။ ကိုယ့်ရဲ့လက်ရှိသွေးတွင်းသကြားထိန်းချုပ်မှု အခြေအနေ၊ သောက်သုံးနေတဲ့ဆေးဝါးတွေ၊ ရောဂါရာဇဝင်တို့ကို မူတည်ပြီး သင့်တော်တဲ့ ဆေးဝါးပမာဏ၊ အမျိုးအစားကို ဆရာဝန်ကဆုံးဖြတ်ပေးမှာပါ။ ကိုယ်စွဲသောက်နေရတဲ့ဆေးတွေနဲ့ အာနိသင်ရောထွေးတုံ့ပြန်မှုတွေ ဖြစ်လာပြီး ဆီးချိုအတက်အကျ ကမောက်ကမဖြစ်စေတတ်လို့ ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေမသောက်သင့်ပါဘူး။

    မကြာခဏ စစ်မယ်

    နေမကောင်းတာ မသက်သာသေးတဲ့အချိန် သွေးတွင်းသကြားအခြေအနေကို နှစ်နာရီ သို့မဟုတ် လေးနာရီတစ်ကြိမ်လောက် စစ်ကြည့်သင့်ပါတယ်။ တစ်နေ့နှစ်ကြိမ်သွေးဖောက် စစ်ဆေးတာလည်း ရပါတယ်။

    ရေသောက်မယ်

    ရေကို လုံလောက်အောင်သောက်ပါ။ သွေးတွင်းသကြားမတက်စေဖို့ ပိုလျှံနေတဲ့ သကြားဓာတ်တွေကို ဆီးနဲ့အတူ စွန့်ထုတ်လိုက်ပါ။ နေမကောင်းချိန် ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးဖို့လည်း အရည်များများသောက်ဖို့လိုပါတယ်။ အငန်ဓာတ်မများတဲ့ စွပ်ပြုတ်ရည်၊ ဟင်းချို၊ ဆန်ပြုတ်တို့နဲ့ ဓာတ်ဆားရည်တွေ သောက်နိုင်ပါတယ်။

    အားပြည့်အောင် စားမယ်

    နေလို့မကောင်း၊ ခံတွင်းပျက်ပေမယ့်လည်း အစာဝင်အောင် စားပါ။ စားသမျှကလည်း အာဟာရပြည့်စေမယ့် အရာတွေပဲဖြစ်သင့်ပါတယ်။ တာရှည်ခံတွေ၊ ဓာတုပစ္စည်းတွေ၊ ဆိုးဆေးတွေပါတဲ့ အစားအသောက်တွေရှောင်ပါ။

    မကြာမကြာ အဖျားတိုင်းကြည့်မယ်

    ကျန်းမာရေးကို သာမန်လူတွေထက် ပိုသတိထားရတဲ့ ဆီးချိုသမားများ အတွက် ကိုယ်အပူချိန် တက်နေသလား၊ လျော့သွားရဲ့လား မကြာမကြာစစ်ဆေးပေးဖို့လိုပါတယ်။

    အနားယူမယ်

    တစ်နေ့တာအတွက် လိုအပ်တဲ့လှုပ်ရှားမှုတော့ ရှိရမယ်ဆိုပေမယ့် တအားအလုပ်လုပ်တာ၊ လှုပ်ရှားရတာ၊ ပင်ပန်းအားကုန်ရတာတွေ မလုပ်ရပါဘူး။ လှုပ်ရှားမှုလွန်ကဲရင် ဆီးချိုကျနိုင်ပါတယ်။

    တကယ်လို့

    • သွေးတွင်းသကြား ၂၅၀ ထက်မြင့်တာ နှစ်ကြိမ်နဲ့အထက်ရှိလာရင်
    • မအီမသာဖြစ်တာ၊ ဝမ်းလျှောတာ မသက်သာရင်
    • ပျို့အန်နေရင်
    • အဖျားမကျတာ၂၄ နာရီထက် ကျော်လာရင်
    • ဗိုက်အောင့်၊ ဗိုက်နာရင် ဆရာဝန် အမြန်ပြသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement