သွေးအတွင်းသကြားဓါတ်နည်းခြင်းဆိုတာဟာကိုယ်ခန္ဓါထဲကသကြားဓါတ်ဟာ 70mg/dl အောက်ကိုအများကြီးလျော့နည်းသွားတာပါ။
သွေးအတွင်းသကြားဓါတ်နည်းခြင်းဆိုတာဟာကိုယ်ခန္ဓါထဲကသကြားဓါတ်ဟာ 70mg/dl အောက်ကိုအများကြီးလျော့နည်းသွားတာပါ။
အဲဒီအတိုင်းအတာ သို့မဟုတ် အဲဒီအောက်ထက် လျော့နည်းမယ်ဆိုရင် ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
ဆေးပညာမှာတော့ သွေးတွင်းသကြားဓါတ်လျော့နည်းခြင်းကို hypoglycemia လို့ ခေါ်ပါတယ်။
Hypoglycemia ဆိုတာသွေးထဲမှာရှိတဲ့ ဂလူးကို့စ် ဓါတ်ဟာပုံမှန်ထက်လျော့ကျသွားတဲ့အခါ ဖြစ်လာတတ်တဲ့ သွေးတွင်းသကြားဓါတ်နည်းခြင်းသို့မဟုတ် သွေးတွင်းဂလူးကို့စ်ဓါတ်နည်းခြင်းပါပဲ။
Hypoglycemia ဟာရုတ်တရက် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် မစိုးရိမ်ရပါဘူး။ သကြားဓါတ် ကြွယ်ဝသော အစားအသောက်တစ်ခုခုကို မြန်မြန်စားခြင်း ဖြင့် အလွယ်တကူကုသနိုင်ပါတယ်။ မကုဘဲနေရင်တော့ hypoglycemia ဟာပိုဆိုးလာပြီးသတိလွတ်တတ်ခြင်း၊ လှုပ်ရှားသွားလာခက်ခဲခြင်း၊ သတိလစ်သွားခြင်းစတဲ့ အခြေအနေတွေ ဖြစ်စေတတ်ပါတယ်။
Hypoglycemia အရမ်းဆိုးသွားရင် တက်ခြင်း၊ ကြာမြင့်စွာသတိမေ့မျောသွားခြင်းအပြင် အသက်အန္တရာယ်နဲ့ပါ ရင်ဆိုင်နိုင်ပါတယ်။
Hypoglycemia ဘာကြောင့်ရတတ်သလဲသိမထားခင် ကိုယ်တွင်းမှာဂလူးကို့စ်ရဲ့ ဇီဝဖြစ်ပျက်မှု ပြုလုပ်ပုံကိုသိသင့်ပါတယ်။
ဂလူးကို့စ်၏ ဇီဝဖြစ်ပျက်မှု
ဂလူးကို့စ်ဟာကိုယ်ခန္ဓါအတွက် အရေးကြီးတဲ့ စွမ်းအင်ရင်းမြစ်ဖြစ်ပြီးအစားအစာကနေရရှိပါတယ်။ ကစီဓါတ်ဟာဂလူးကို့စ်အတွက် အဓိကရင်းမြစ်ပါပဲ။ ကစီဓါတ်များတဲ့ အစားအစာတွေကတော့ ဆန်၊ အာလူး၊ ပေါင်မုန့်၊ချပါတီ၊ ကောက်ပဲသီးနှံစားစရာ၊ နို့၊ အသီးနဲ့ သကြားလုံးတို့ပဲ ဖြစ်ပါတယ်။
အစာစားပြီးချိန်မှာတော့ ဂလူးကို့စ်ကိုသွေးကြောထဲစုပ်ယူပြီးကိုယ်ခန္ဓါကဆဲလ်တွေဆီကိုသယ်ဆောင်ပေးပါတယ်။ ပန်ကရိယကထုတ်တဲ့ အင်ဆူလင်ဟော်မုန်းဟာဆဲလ်တွေ ဂလူးကို့စ်ကိုစွမ်းအင်အနေနဲ့သုံးနိုင်အောင် အထောက်အကူပေးပါတယ်။
တကယ်လို့ လူတစ်ယောက်ဟာဂလူးကို့စ်ကိုတစ်ချိန်ထဲမှာကိုယ်ခန္ဓါကလိုအပ်တာထက် ပိုစားမိရင် ပိုနေတဲ့ ဂလူးကို့စ်တွေကိုအသည်းနဲ့ ကြွက်သားတွေထဲမှာ glycogen အနေနဲ့ သိုလှောင်ထားပေးပါတယ်။
တကယ်လို့ သွေးတွင်းဂလူးကို့စ်ဓါတ် လျော့ကျလာရင် ပန်ကရိယကထုတ်တဲ့ glucagon လို့ခေါ်တဲ့ ဟော်မုန်းဟာအသည်းအနေနဲ့ glycogen ကိုဖြိုခွဲပြီးဂလူးကို့စ်ကိုသွေးကြောထဲလွှတ်ပေးဖို့ အချက်ပြပါတယ်။ အဲဒီအခါ သွေးတွင်းဂလူးကို့စ်ဓါတ်ဟာ ပုံမှန်ပမာဏကို ပြန်တက်လာပါတယ်။
တချို့ဆီးချိုရောဂါသည်တွေမှာhypoglycemia ဖြစ်လာရင် လှုံဆော်မယ့် glucagon ချို့ယွင်းနေတတ်ပြီး epinephrine ဟာသွေးတွင်းဂလူးကို့စ်ဓါတ်ကို မြှင့်ပေးရပါတယ်။ ဒါပေမယ့် အင်ဆူလင်နဲ့ကုနေရတဲ့ ဆီးချိုသည်တွေမှာတော့ ဂလူးကို့စ်ဟာပုံမှန်အခြေအနေပြန်ရောက်ဖို့ မလွယ်ပါဘူး။
ဆီးချိုရောဂါတွင်
ဂလူးကို့စ်ဓါတ်မြင့်တက်လာတဲ့အခါ အင်ဆူလင်ဟော်မုန်းဟာဂလူးကို့စ်ဓါတ်ကို ပြန်ကျစေပါတယ်။ တကယ်လို့ သင့်မှာအမျိုးအစား (၁) သို့ (၂) ဆီးချိုရှိလာရင် သွေးတွင်းသကြားဓါတ်ကိုထိန်းပေးမယ့် အင်ဆူလင်ကိုပိုပြီးလိုအပ်လာပါတယ်။ သင်လိုတာထက်ပိုပြီးအင်ဆူလင်ကိုသုံးစွဲမိရင်တော့ သွေးတွင်းသကြားဓါတ်ဟာအရမ်းနည်းသွားပြီး hypoglycemia ကို ဖြစ်စေပါတယ်။
Hypoglycemia ဖြစ်စေတဲ့ကြောင်းအရာတွေကတော့
ဂလူးကို့စ်ဓါတ် အရမ်းနည်းပြီးhypoglycemia ဖြစ်လာတဲ့အခါ အောက်ပါလက္ခဏာတွေ ဖြစ်စေပါတယ်။
Hypoglycemia ပိုဆိုးလာရင်တော့ အောက်ပါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။
Hypoglycemiaဟာအမျိုးအစား (၁) ဆီးချိုမှာအတွေ့ရများပြီးပျမ်းမျှ တစ်ပတ်ကိုနှစ်ကြိမ်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ Hypoglycemia ဖြစ်တာပိုများလာတာ၊ သွေးတွင်းသကြားဓါတ်ဟာသိသိသာသာကျဆင်းလာတာဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။
သင့်ရဲ့ ဆီးချိုကုထုံးကိုအပြောင်းအလဲလုပ်ဖို့ လိုအပ်လို့ ဖြစ်ပါတယ်။
ဆေးရုံမှာ ဆရာဝန်ဟာ အောက်ပါအချက်တွေအတွက် သွေးစစ်ပါလိမ့်မယ်
သင့်ကိုသွေးစစ်တိုင်းမှာရက်စွဲ၊ အချိန်၊ သွေးအဖြေ၊ ဆေးဝါးနဲ့ ဆေးအချိန်အဆ၊ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုအခြေအနေတို့ကိုမှတ်သားထားဖို့ အရေးကြီးပါတယ်။ သွေးတွင်းသကြားဓါတ်နည်းခြင်းဖြစ်တိုင်းမှတ်သားထားဖို့လည်းလိုပါတယ်။
သင့်ရဲ့ဆရာဝန်ဟာ သင့်ရဲ့မှတ်တမ်းတွေကိုကြည့်ပြီး၊ ဆေးကုသမှုနဲ့ နေထိုင်မှုပုံစံဟာသွေးတွင်းသကြားဓါတ်ကိုဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာရှာဖွေပြီးhypoglycemiaကိုသတ်မှတ်ပါတယ်။
သင့်အနေနဲ့ သင့်ရဲ့သွေးတွင်းသကြားဓါတ် အလွန်နည်းနေပြီလို့ ထင်တဲ့အခါ ဆီးချိုတိုင်းစက်နဲ့ စစ်ဆေးနိုင်ပါတယ်။ အဲဒီနောက် သကြားဓါတ် ကစီဓါတ် အဓိကပါဝင်တဲ့ အစားအစာတွေကိုစားခြင်းအားဖြင့် သွေးတွင်းသကြားဓါတ်ကို မြန်မြန်ပြန်မြှင့်နိုင်ပါတယ်။
အဆီဓါတ်များတဲ့အစာဥပမာချောကလက် ကတော့ သိပ်အလုပ်မဖြစ်ပါဘူး။ သွေးတွင်းသကြားဓါတ်ကို မြန်မြန်မြင့်တက်လာစေမယ့် အစာများကတော့-
ဆီးချိုတွင်ဖြစ်သည့် hypoglycemiaကိုကာကွယ်ရန်
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။