အင်ဆူလင်ကိုသိုလှောင်ဖို့ နည်းလမ်းများ
အသုံးပြုလက်စအင်ဆူလင် တွေကိုအခန်းအပူချိန်မှာထားခြင်းကသူကိုအသုံးပြုတဲ့အခါပိုအဆင်ပြေပါတယ်။ လက်ရှိမသုံးနေတဲ့အင်ဆူလင် တွေကိုတော့ ရေခဲသေတ္တာထဲမှာသိမ်းတာအကောင်းဆုံးပါ။ သတိထားရမှာက အခဲခန်းထဲမထည့်ဖို့၊ ရေခဲခန်းအနားမထားဖို့ပဲဖြစ်ပါတယ်။ တချို့အင်ဆူလင် တွေကမတူညီတဲ့သိုလှောင်နည်းတွေလိုပါတယ်။ ဒါကြောင့်အသုံးမပြုခင်သင့်ရဲ့လူနာစာရွက်ထဲကအချက်အလက်တွေကိုအရင်သေချာဖတ်ပါ။
အိမ်မှာ အင်ဆူလင် ကိုသိုလှောင်ဖို့ နည်းလမ်းများ
- အင်ဆူလင် တွေကိုအပူနဲ့အလင်းရောင်ဝေးရာမှာထားပါ။ ရေခဲသေတ္တာထဲမှာ မထည့်ထားတဲ့ အင်ဆူလင် တွေကိုတတ်နိုင်ငမျှ အေးအောင်ထားပေးပါ။
- အင်ဆူလင် တွေကိုဘယ်တော့မှမခဲသွားစေပါနဲ့။ တကယ်လို့ခဲသွားရင်မသုံးဘဲလွှင့်ပစ်လိုက်ပါ။ အရည်ပြန်ပျော်သွားချိန်မှာ လည်း ပြန်မသုံးပါနဲ့။
- အသုံးမပြုရသေးတဲ့ အင်ဆူလင် ပုလင်းတွေ၊ အင်ဆူလင် ဆေးထိုးအပ်တွေကို ရေခဲသေတ္တာထဲသိမ်းထားပါ။ သူတို့ကိုသေချာသိုလှောင်ထားရင်အာမခံထားတဲ့ရက်အထိကြာကြာခံမှာပါ။
- သင်လက်ရှိသုံးနေတဲ့ အင်ဆူလင် ဆေးထိုးအပ်တွေကိုအခန်း အပူချိန်မှာပဲထားပါ။
- အင်ဆူလင် ဆေးထိုးအပ်အပိုနဲ့တခြားဆက်စပ်တာတွေကိုသူ့သက်ဆိုင်ရာထည့်စရာတွေနဲ့ ရေခဲသေတ္တာထဲမှာပဲထည့်ထားပါ။ ဒါမှသာကုန်ဆုံးမယ့်ရက်ကိုသိနိုင်မှာပါ။
- ကုန်ဆုံးမယ့်ရက်ကိုကြည့်ပါ။ ရက်လွန်နေရင်မသုံးပါနဲ့။
- အင်ဆူလင် တွေကိုအရမ်း မပူသွားစေပါနဲ့။ ပူတတ်တဲ့အရာတွေနားမထားပါနဲ့။ နေရောင်တိုက်ရိုက်မပေးထိပါနဲ့။ တီဗွီ တို့ ကွန်ပျူတာတို့လို လျှပ်စစ်ကိရိယာတွေ ပေါ်မှာမတင်ပါနဲ့။ ပူတဲ့ရက်တွေမှာကားထဲ ချန်မထားခဲ့ပါနဲ့။ ထမင်းပေါင်းအိုးနဲ့ ဝေးဝေးထားပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။