မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
အင်ဆူလင်ကို တစ်ခါသုံးဆေးထိုးအပ်နဲ့ထိုးပြီး အင်ဆူလင်အလုပ်လုပ်ပုံအတိုင်း သင့်နေထိုင်မှုပုံစံကို လိုက်ဖက်ညီအောင်လိုက်နေခြင်းထက် အင်ဆူလင်စက်ကိုအသုံးပြုပြီး သင့်နေထိုင်မှုပုံစံနဲ့ လိုက်ဖက်ညီအောင် အင်ဆူလင်ကိုပြုလုပ်စေခြင်းက ပိုကောင်းပါတယ်။
အင်ဆူလင်စက်ဆိုတာ ဖုန်းအရွယ်လောက်ပဲရှိတဲ့ လျှပ်စစ်ကိရိယာတစ်မျိုးဖြစ်ပါတယ်။ ဒီအင်ဆူလင်စက်ကို ခါးပတ်မှာပဲဖြစ်ဖြစ်အိတ်ထဲမှာပဲဖြစ်ဖြစ် အလွယ်တကူ သယ်ဆောင်သွားလို့ရပါတယ်။ အင်ဆူလင်စက်က သင့်ဗိုက်အရေပြားအောက်ထဲကို ပျော့ပြောင်းတဲ့ပြွန်လေးထည့်ထားပြီး အဲဒီပြွန်ကနေမှတစ်ဆင့် အင်ဆူလင်တွေကို လိုအပ်သလောက် ဆက်တိုက်ထုတ်ပေးပါတယ်။
အင်ဆူလင်စက်က ပုံမှန်မုန့်ချိုအိတ်လိုပဲ အင်ဆူလင်တွေကို တဖြည်းဖြည်းထုတ်ပေးပါတယ်။ အင်ဆူလင်စက်နဲ့ဆိုရင်သင်အင်ဆူလင်သွင်းတဲ့အခါတိုင်း ပမာဏကို တိုင်းတာဖို့မလိုပါဘူး။
အင်ဆူလင်စက်က အင်ဆူလင်ကို အောက်ပါနည်း များနဲ့သွင်းပေးပါတယ်။
အခြေခံအင်ဆူလင်ပမာဏ ကသင်ကိုယ်ထဲကို၂၄နာရီလုံးသွင်းပေးနေပြီးအစားစားချိန်နဲ့ညအိပ်ချိန်ကြားကသင့်သွေးတွင်းသကြားပမာဏကို ပုံမှန်ရှိအောင် ထိန်းထားပေးပါတယ်။ မကြာခဏဆိုသလိုပဲသင့်ကိုယ်ထဲကိုသွင်းတဲ့အင်ဆူလင်ပမာဏက နေ့နဲ့ညမတူညီတဲ့အချိန်တွေမှာကွဲပြားပါတယ်။
သင်အစာစားတဲ့အခါစက်ကတစ်ဆင့် ထပ်လောင်းပမာဏလို့ခေါ်တဲ့ အင်ဆူလင်ကို ပမာဏပိုများများသွင်းနိုင်ပါတယ်။ သင်စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ် အနည်းအများကိုလိုက်ပြီး ထပ်လောင်းအင်ဆူလင်ပမာဏ ဘယ်လောက်လိုလဲဆိုတာကို တွက်ချက်နိုင်ပါတယ်။
သွေးတွင်းသကြားဓါတ် တက်တဲ့အခါမှာလည်းထပ်လောင်းအင်ဆူလင်နဲ့ကုသနိုင်ပါတယ်။ သင်အစာမစားခင်တည်းက ဆီးချို သွေးချို တက်နေတယ်ဆိုရင် ပြုပြင်တဲ့အထောက်အကူပြု အင်ဆူလင်ပမာဏကို သွေးတွင်းသကြားဓါတ် ပုံမှန်ပြန်ရောက်ဖို့အသုံးပြုနိုင်ပါတယ်။
သင့်အနေနဲ့အခြားမေးခွန်းများရှိလျှင် ဆရာဝန်နဲ့ ဆွေးနွေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။