backup og meta

ဆီးချိုရှိသူတွေအတွက် အသင့်တော်ဆုံးအသီးအနှံများ

ဆီးချိုရှိပြီဆိုတာနဲ့ တက်မှာစိုးပြီး အသီးတွေလည်း မစားရဲ၊ ထမင်းလည်း မစားရဲနဲ့ ခန္ဓာကိုယ်မှာ ရသင့်တဲ့ အာဟာရဓာတ်တွေ အလုံအလောက်မရတော့ပါဘူး။ တချို့ကျလည်း သိပ်တွေးမနေဘဲ စားချင်ရာ မရှောင်တမ်းစားပစ်တာ ဆီးချိုက တက်လို့တက်မှန်းတောင် မသိတော့ပါဘူး။ ဒီအခြေအနေနှစ်မျိုးလုံးက ဆီးချိုဝေဒနာရှင်တွေရဲ့ကျန်းမာရေးကို ပိုဆိုးစေပြီး ဆီးချိုရဲ့နောက်ဆက်တွဲပြဿနာတွေဆီ ဆွဲခေါ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဆီးချိုရောဂါရှိသူတွေဟာ စားဖို့လည်း ကြောက်ဖို့မလို၊ မကြောက်ဘဲလည်း စားဖို့မသင့်၊ ထိန်းထိန်းသိမ်းသိမ်း စားသောက်နေထိုင်တတ်ဖို့ အရေးကြီးတယ်ဆိုတာ သိဖို့လိုပါတယ်။ ဆီးချိုရောဂါစားသောက်ပုံအကြံပြုချက်တွေကိုလေ့လာပါ၊ မှတ်သားပါ၊ ဆင်ခြင်ပါ။ ဒီတစ်ခါတော့ ဆီးချိုသမားတွေအတွက်ရွေးချယ်ဖို့ အသင့်တော်ဆုံးအသီးအနှံတွေကိုဖော်ပြပေးလိုက်ပါတယ်။
မကြာခဏစားလို့ရတဲ့ အသီးတွေက –
  • ဘယ်ရီသီးတွေ –စတော်ဘယ်ရီ၊ဘလူးဘယ်ရီ တို့လို ဘယ်ရီသီးနွယ်ဝင်တွေဟာ အချိုဓာတ်ပါဝင်မှုနည်းပြီး တခြားအသီးတွေထက် သွေးတွင်းသကြားဓာတ်အပေါ်သက်ရောက်မှုနည်းကြပါတယ်။ ဘယ်ရီသီးတွေမှာ ဗီတာမင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အများကြီးပါတယ်လေ။
  • ပန်းသီး-ပန်းသီးဟာ အစေ့အဆန်တွေလို ပရိုတင်းများတဲ့အစားအစာတွေနဲ့တွဲဖက်စားသင့်တဲ့ အကောင်းဆုံးအမျှင်ဓာတ်အသီးတစ်မျိုးဖြစ်ပါတယ်။ ပန်းသီးက အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားတွေအတွက်လည်း အကျိုးပြုပါသေးတယ်။
  • အရည်ရွှမ်းတဲ့ အချဉ်သီးတွေ –လိမ္မော်သီးနဲ့ ဂရိတ်ဖရုတို့လို အသီးတွေက သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းညှိပေးတဲ့ အမျှင်ဓာတ်ကြွယ်ဝပါတယ်။ ဗီတာမင်စီလည်း ပါဝင်မှုများလို့ ကိုယ်ခံအားကိုတောင်တက်စေနိုင်သေးတယ်။
  • အရည်ရွှမ်းတဲ့အချဉ်သီးတွေ –လိမ္မော်သီးနဲ့ ဂရိတ်ဖရုတို့လို အသီးတွေက သွေးတွင်းသကြားဓါတ်ကို ပုံမှန်ထိန်းညှိပေးတဲ့ အမျှင်ဓါတ်ကြွယ်ဝပါတယ်။ ဗီတာမင်စီလည်း ပါဝင်မှုများလို့ ကိုယ်ခံအားကိုတောင် တက်စေနိုင်သေးတယ်။
  • မက်မွန်သီး –မက်မွန်သီးမှာ အချိုဓာတ်ပါဝင်မှုနည်းတဲ့အပြင် ဗီတာမင်နဲ့သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် ချင့်ချိန်စားရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာအထောက်အကူပေးနိုင်ပါတယ်။
  • စပျစ်သီး – စပျစ်သီးက ချိုတယ်ဆိုပြီး သိပ်မစားရဲကြဘူး။ ဒါပေမယ့် စပျစ်သီးမှာ အမျှင်ဓာတ်နဲ့ ဗီတာမင်B6 ကြွယ်ဝလို့ ဦးနှောက်လုပ်ဆောင်ချက်ကို အထောက်အပံ့ပေးနိုင်ပါတယ်။ စပျစ်သီး ဆယ်လုံးလောက်က သင့်ရဲ့တစ်နေ့တာမှာသွေးချိုမတက်စေဘဲ အာဟာရအကျိုးကျေးဇူးတွေရနိုင်ပါလိမ့်မယ်။
ချင့်ချိန်စားသင့်တဲ့အသီးတွေက –
အပေါ်မှာပြောခဲ့တဲ့အသီးတွေက ဆီးချိုသမားတွေအတွက် မကြာခဏစားလို့ရတဲ့အသီးအနှံတွေဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အသီးကိုမဆိုစားလို့ရပါတယ်နော်။ အချိုဓာတ်ပါဝင်မှုကိုမူတည်ပြီး အနည်းအများကိုသာ ချင့်ချိန်စားဖို့အရေးကြီးတာပါ။ ဆိုလိုတာက အသီးအနှံအမျိုးအစားထက် သွေးတွင်းသကြားဓာတ်မြင့်တက်စေနိုင်တဲ့ သကြားဓာတ်ပါဝင်မှုကိုသာတွက်ချင့်ပြီး ပမာဏဆင်ခြင်စားရင်ရပါတယ်။ ဥပမာ နာနတ်သီး၊ သရက်သီးနဲ့ သစ်သီးခြောက် တို့လို အချိုများတဲ့အသီးအနှံတွေကိုဆိုရင် ပမာဏအနည်းငယ်သာစားသင့်ပြီး မကြာခဏမစားသင့်ပါဘူး။ ဘယ်အသီးအနှံကိုမှ လုံးဝအပြတ်ရှောင်ဖို့မလိုသလို အဝလည်းစားလို့မရဘူးဆိုတာလေး သတိရပါ။ ကိုယ့်ရဲ့တစ်နေ့တာစားသောက်မှုပုံစံမှာ အသီးအနှံတွေကို အချိုးအဆတစ်ခုအဖြစ် ထည့်သွင်းစားသုံးပါ။ မာလကာသီးလို အသီးတွေဆိုရင် အနည်းငယ်ပုံမှန်စားပေးခြင်းဖြင့် သွေးချိုကိုထိန်းညှိပေးနိုင်စွမ်းတောင်ရှိပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.medicalnewstoday.com/articles/324416.php

Accessed May 29, 2019.

https://blogs.webmd.com/diabetes/20190215/the-best-fruits-when-you-have-diabetes

Accessed May 29, 2019.

https://www.everydayhealth.com/type-2-diabetes/best-fruits-for-diabetes/

Accessed May 29, 2019.

ယခုပုံစံ

08/06/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရှိသူတွေ ကြံရည်သောက်လို့ရလား

ဆီးချိုရှိရင် နာနတ်သီးလုံးဝမစားရဘူးလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/06/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement