backup og meta

ဆီးချိုနှင့် statins (အဆီကျ) ဆေးဝါးများ

ဆီးချိုနှင့် statins (အဆီကျ) ဆေးဝါးများ

Statin ဆိုတာဘာလဲ

Statin ဆိုတာ ဆေးအုပ်စုတခုဖြစ်ပြီး သင့်ရဲ့သွေးထဲက ကိုလက်စထရောကို လျှော့ချရာမှာ သုံးပါတယ်။ Statin အုပ်စုမှာ atorvastatin၊ fluvastatin၊ pravastatin၊ rosuvastatin နဲ့ simvastatin ဆေးတွေ ပါဝင်ပါတယ်။

ဆီးချိုနှင့် Statin ဆေးများ

Statin ဆေးများနှင့် ဆီးချို၏ ဆက်နွယ်မှု

Stain ဆေးများဟာ ဆီးချိုကုသမှုမှာ တစိတ်တပိုင်း ပါဝင်ပါတယ်။ နှလုံးထိခိုက်မှုနဲ့ လေဖြတ်မှု အန္တရာယ်တွေကို လျော့ကျစေဖို့ ဖြစ်ပါတယ်။

အမျိုးအစား (၂) ဆီးချိုဟာလည်း ကိုလက်စထရော မြင့်မားခြင်းနဲ့ ဆက်စပ်နေပါတယ်။

Statins ဆေးတွေကို ဆီးချိုထိန်းရာမှာနဲ့ တခြားရောဂါကုသရေးမှာ သုံးတဲ့အခါ ကိုလက်စထရောကို ကျစေပြီး နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

Statin ဟာ အသည်းကနေ LDL လို့ခေါ်တဲ့ အကျိုးမပြုတဲ့ ကိုလက်စထရောထုတ်တာကို ကျဆင်းစေပြီး HDL လို့ အမည်ရတဲ့ အကျိုးပြု ကိုလက်စထရောထုတ်တာကို မြှင့်တင်ပေးပါတယ်။

လတ်တလော နှလုံးရောဂါမရှိသေးတဲ့ ဆီးချိုလူနာတွေမှာ Statin ဆေးသုံးရင် ဘေးကင်းမှုနဲ့ ထိရောက်မှု ဘယ်လောက်ရှိတယ် ဆိုတာ ဆန်းစစ်တဲ့ လေ့လာမှုတွေ အများကြီး လုပ်နေပါတယ်။ ဒီသုတေသနတွေထဲမှာ ဆီးချိုရှိသူ ဆယ်ကျော်သက်အရွယ်တွေအပေါ် လေ့လာချက်တွေလည်း ပါဝင်ပါတယ်။

Statin သုံးစွဲခြင်းနဲ့ မှတ်ဉာဏ်ချို့ယွင်းမှုဆက်စပ်ခြင်း၊ အမျိုးအစား (၂) ဆီးချိုဖြစ်ပွားမှု စတဲ့ဆက်စပ်မှု တွေဟာ နောက်ပိုင်းမှာ Statin ဆေးကိုဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်မလဲ ဆိုတာအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

Statin ဟာ ဆီးချိုကုသမှုမှာ ပါဝင်ပေမယ့် စားသောက်မှုပုံစံ၊ ကိုယ်လက်လေ့ကျင့်ခန်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အရက်ဖြတ်ခြင်း စတာတွေကိုပါ မေ့ထားလို့တော့ မရပါဘူး။ဒါပေမယ့် သုတေသနတခုမှာတော့ Statin ဟာ အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့လည်း ဆိုပါတယ်။ Statin ဟာ အင်ဆူလင်ခုခံမှုကို မြင့်တက်စေပြီး ပခရိယကနေ အင်ဆူလင်ထုတ်လုပ်တာကို အားနည်းစေပါတယ်။ ဒါပေမယ့် ဒီသုတေသနဟာ လူဖြူအမျိုးသားတွေကိုပဲ လုပ်ထားတာမို့ မျိုးတူအမျိုးသမီးတွေနဲ့ တခြားလူမျိုးတွေအတွက် ရှင်းရှင်းလင်းလင်း မသိရပါဘူး။Statin ဆေးနဲ့ ဆီးချိုရဲ့ ဆက်နွယ်မှုအပေါ် ငြင်းခုန်နေရတာတွေ ရှိပါသေးတယ်။ သင်ဟာ Statin သုံးစွဲရမယ်ဆိုရင်၊ ဒါမှမဟုတ် ဆီးချိုရှိနေပြီး Statin သောက်ဖို့ပါ ညွှန်ပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဖို့ သတိရပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dennis Thompson. Statins linked to raised risk of type 2 Diabetes.

http://www.webmd.com/diabetes/news/20150304/statins-linked- to-raised- risk-of- type-2- diabetes.

Accessed
June 24, 2015.

Statins.

http://www.diabetes.co.uk/diabetes-medication/diabetes- and-statins.html.

Accessed June 24, 2015.

Alexandria. New standards of Care provide guidelines for statin use for people with diabetes to prevent heart
disease.

http://www.diabetes.org/newsroom/press-releases/2014/new- standards-of- care-provide- guidelines-for-statin- use-for- people-with- diabetes-to- prevent-heart- disease.html?

referrer=https://www.google.com/.

Accessed June 24, 2015.

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Yu Wadi Lwin မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၈) ချက်

ဆီးချိုရှိလာနိုင်တဲ့အန္တရာယ်တွေ ကိုယ့်မှာရှိနေပြီလား



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement