brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု) ကဘာလဲ။

ဒီရောဂါဟာ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ဆီးချိုရောဂါကြောင့် ခန္ဓါကိုယ်ကနေ ketone လို့ခေါ်တဲ့ အက်ဆစ်ဓါတ်တွေ သွေးထဲမှာ အများအပြားထုတ်တဲ့အခါ diabetic ketoacidosis လက္ခဏာတွေကို ခံစားရပါတယ်။

သင့်ခန္ဓါကိုယ်က ဆဲလ်တွေစွမ်းအင်ရဖို့အတွက် ဂလူးကို့စ်သကြားဓါတ်ကို စုပ်ယူဖို့ လိုအပ်ပါတယ်။ ဒီလိုစုပ်ယူဖို့ရာ လုံလောက်တဲ့ အင်ဆူလင်ကို သင့်ခန္ဓါကိုယ်က ထုတ်ဖို့လိုအပ်ပြီး ဆီးချိုရောဂါကြောင့် မထုတ်နိုင်တဲ့အခါ ဒီရောဂါကို ခံစားရပါတယ်။

Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ ဆီးချိုရောဂါ အမျိုးအစား(၁) ရှိသူမှာရော အမျိုးအစား(၂)ရှိသူမှာပါ အဖြစ်များပါတယ်။ မိမိကိုယ်ကို ဆီးချိုရောဂါရှိမှန်း သတိမထားမိသူတွေမှာလည်း တစ်ခါတစ်ရံ ခံစားရတတ်ပါတယ်။

လူငယ်တွေနဲ့ ကလေးတွေမှာလည်း ဒီရောဂါခံစားရဖို့ အခွင့်အလမ်းရှိနေပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု) ရဲ့လက္ခဏာတွေကဘာတွေလဲ

Diabetic ketoacidosis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

• ဆီးအများကြီးသွားခြင်း၊

• ရေအလွန်အမင်းငတ်ခြင်း၊

• ပင်ပန်းနုံးချိပြီး ဖျားခြင်း၊

• ဗိုက်အောင့်ခြင်း

• မောခြင်း

• သင့်သွေးထဲတွင် သကြားဓါတ်နဲ့ ketone ဓါတ်များ များပြားလာခြင်း စတာတွေဖြစ်ပါတယ်။ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ စမ်းသပ်မှုတွေလည်း ရှိပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

• အကယ်၍သင်ဟာ နေမကောင်းဘူး ဖိစီးမှုဖြစ်လာတယ်လို့ ခံစားရတဲ့အခါ (သို့) လတ်တလောမှာ ထိခိုက်ဒဏ်ရာရထားခြင်း၊ ဖျားခြင်း ဖြစ်တဲ့အခါ သင့်သွေးထဲမှ အချိုဓါတ်ကိုကိုယ်တိုင် စစ်ဆေးနိုင်တဲ့ အပြင် ဆီးထဲမှ ketoneဓါတ်စစ်တဲ့ အတံကိုဝယ်ယူပြီး ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။

• သင်ဟာ အန်ပြီး ဘာမှ မစားမသောက်နိုင်ဘူး ဆိုရင်လည်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

• သင့်သွေးအချိုဓါတ်ဟာ ရှိသင့်တာထက်ပိုလာပြီး အိမ်တွင်းကုထုံးတွေဟာလည်း မသက်သာစေဘူးဆိုရင်လည်း ဆရာဝန်နဲ့ ဆက်သွယ်ရမှာ ဖြစ်ပါတယ်။

• ဒါ့အပြင် သင့်ဆီးထဲမှ ketoneဓါတ်ဟာ အနည်းငယ်(သို့) အတော် မြင့်လာပြီဆိုရင်လည်း ပြသသင့်ပါတယ်။

အကြောင်းရင်းများ

Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု) ကိုဘာတွေကဖြစ်စေသလဲ

အင်ဆူလင်မရှိခြင်းက သင့်ရဲ့ဆဲလ်တွေ ကြွက်သားတွေ သွေးတွင်း သကြားဓါတ်ကို စုပ်ယူဖို့ရာ ရပ်တန့်စေပါတယ်။ ဒီလိုမစုပ်ယူနိုင်ရင် သင်လိုအပ်တဲ့ စွမ်းအင်တွေရတော့မှာ မဟုတ်ပါဘူး။ diabetic ketoacidosis ဟာ အောက်ပါအကြောင်း တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဖျားနာခြင်း – ဖျားနာခြင်း (သို့) ပိုးဝင်ခြင်းဟာ ခန္ဓါကိုယ်မှ adrenaline (သို့) cortisol ကဲ့သို့ဟော်မုန်း တွေကို ပိုထွက်လာစေပါတယ်။ သူတို့ဟာ အင်ဆူလင်ရဲ့ အလုပ်အပေါ်ကို လာသက်ရောက်ကြပြီး diabetic ketoacidosis ကို ဖြစ်စေပါတယ်။

အပြင်မှ အင်ဆူလင်နဲ့ ကုသခြင်းကြောင့်လည်း ခန္ဓါကိုယ်မှ ထွက်တဲ့ အင်ဆူလင်ကို လျော့နည်းလာစေနိုင်ပါတယ်။ ဒါဟာလည်း diabetic ketoacidosis ကို ဖြစ်စေနိုင်ပါတယ်။

• ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ ခံစားနေရခြင်း

• အရက်(သို့) ဆေးစွဲနေခြင်း

• corticosteroids ဆေးများနဲ့ အချို့သော ဆီးဆေးကဲ့သို့ ဆေးများ စတာတွေဟာလည်း ဒီရောဂါကို ဖြစ်စေနိုင်ပါတယ်။

Risk factors

Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Diabetic ketoacidosis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာ-

• သင့်တွင် ဆီးချိုရောဂါ အမျိုးအစား(၁) ရှိလျှင်နဲ့

• အင်ဆူလင်နဲ့ ကုသမှု မေ့လျော့၍ လွတ်သွားသည့်အခါမျိုးတွင် စတဲ့အချိန်တွေဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု) ကို ဘယ်လိုအတည်ပြုပါသလဲ

• သင့် သွေးတွင်းဂလူးကို့စ်ပမာဏ၊ ketone ပမာဏ နဲ့ သွေးတွင်းအက်ဆစ်ဓါတ်ကို သိစေရန် သွေးစစ်ကြည့်ခြင်း၊

• သွေးတွင်း electrolyte သတ္တုဓါတ်များကို စစ်ဆေးခြင်း၊

• ဆီးစစ်ခြင်း၊

• ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း၊

• နှလုံးရဲ့ ခုန်သောလျှပ်စီးပုံစံကို သိရန် နှလုံး အီးစီဂျီဆွဲခြင်း စတာတွေ လုပ်နိုင်ပါတယ်။

Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု) ကို ဘယ်လိုကုသပါသလဲ

အင်ဆူလင်နည်းနေတာ ဖြစ်လို့ ဆရာဝန်ဟာ သင့်သွေးပြန်ကြောထဲသို့ အောက်ပါအရာတွေကို သွင်းပေးမှာ ဖြစ်ပါတယ်။

• ဆိုဒီယမ်၊ ပိုတက်စီယမ် နဲ့ ကလိုရိုဒ်ဓါတ်တွေ ပါဝင်တဲ့ electrolyte သတ္တုဓါတ်၊

• သင့်ခန္ဓါကိုယ် ရေဓါတ်ပြည့်ဝဖို့ အရည်များ၊

• အင်ဆူလင် စတာတွေကို သွင်းပေးမှာ ဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Khin Yin Kyay မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။