backup og meta

Covid-19ကာလကို အိမ်ထောင်သည် စုံတွဲတွေ ချစ်ခင်ရင်းနှီးစွာ ဘယ်လိုကျော်ဖြတ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Covid-19ကာလကို အိမ်ထောင်သည် စုံတွဲတွေ ချစ်ခင်ရင်းနှီးစွာ ဘယ်လိုကျော်ဖြတ်ကြမလဲ

    Covid-19ကာလမှာ လူတိုင်းနီးပါးဟာ မဖြစ်မနေကိစ္စကလွဲရင် အိမ်တွင်းအောင်းနေကြရတာမို့ အိမ်ထောင်သည် စုံတွဲများအနေနဲ့  အိမ်မှာတူတူနေရချိန် ပြောဆိုဆက်ဆံရချိန်တွေဟာ အရင်ထက်ပိုမိုများပြားလာပါတယ်။ ဒီလိုတူတူနေချိန်များပြားလာခြင်းဟာ စုံတွဲတွေအတွက် ချစ်ခင်ရင်းနှီးဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်စေသလို တစ်ဖက်မှာလည်း သဘောထားခြင်းမတိုက်ဆိုင်စရာတွေ ဖြစ်စေဖို့ ပိုမိုအခွင့်အလမ်းများစေတာလည်း ငြင်းလို့မရပါဘူ။ဒါကြောင့်မို့ Covid-19ကာလတွင်း စုံတွဲတွေအကြား ချစ်ခင်ရင်းနှီးမှုတွေ တိုးပွားပြီး ရန်ဖြစ်တာတွေနည်းစေမယ့် နည်းလမ်းကောင်းလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

    (၁)ကိုယ့်ကိုယ်ကို စိတ်ပျက်ငြီးငွေ့တာမျိူး မဖြစ်ပါစေနှင့်။မိမိကိုယ်ကိုချစ်ပါ၊လက်တွဲဖော်ကိုလည်း ချစ်ပါ။

    ကမ္ဘာကြီးဟာ ကပ်ဘေးနှင့်ရင်ဆိုင်နေရပါတယ်။ဒါကြောင့်ဒီအချိန်မှာ ကိုယ့်ကိုယ်ကို စိတ်ပျက်နေတာမျိူး၊ဖြစ်ချင်တာတွေ မဖြစ်လာလို့ ပေါက်ကွဲနေတာမျိူးအစား အကောင်းမြင်စိတ်ကို ကြိုးစားမွေးမြူပါ။ တစ်ကမ္ဘာလုံးဟာ သင့်နည်းတူရင်ဆိုင်နေရတာမို့ အနည်းဆုံးတော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။စစ်တမ်းများအရ မိမိကိုယ်ကိုကျေနပ်ချစ်ခင်နေတယ်ဆိုရင် လက်တွဲဖော်ကိုပါ အကောင်းမြင်ပေးနိုင်ဖို့ အလားအလာပိုများပါတယ်။ဒါကြောင့် ဒီကာလမှာ စိတ်ရောကိုယ်ပါ ကောင်းကောင်းအနားယူပါ။

    (၂)သင့်ရဲ့ ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းကြေကွဲနိုင်ပါတယ်

    Covid-19ကြောင့် မိသားစုဝင်တွေ၊မိတ်ဆွေတွေကို ဆုံးရှုံးသွားသောသူများ၊ လုပ်ငန်းတွေရပ်ပစ်လိုက်ရလို့ ဝင်ငွေလုံးဝမရှိတော့သူများ၊မျှော်လင့်ထားတဲ့အရာတွေအတော်များများကို ရပ်တန့်ထားရသူများအနေနှင့် အနည်းဆုံးတော့ ဝမ်းနည်းပူဆွေးကြမှာ အမှန်ပါပဲ။ဒါကြီးကို ဘယ်သူမှ မလိုချင်ကြပါဘူး။ဒါပေမယ့်လည်း ခုချိန်ထိတော့ ကိုယ်ဟာ ကျန်းမာနေသေးတယ်၊စားဝတ်နေရေးအတွက် မပူရသေးဘူးဆိုရင်လည်း စိတ်သက်သာရာရသင့်ပါတယ်။

    (၃) မိဘတွေရန်ဖြစ်တဲ့အခါ ဘယ်သားသမီးမှ စိတ်မချမ်းသာပါဘူး….ကလေးတွေရှေ့မှာ ရန်မဖြစ်သင့်ပါဘူး

    အိမ်ထောင်သည်စုံတွဲတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ကတောက်ကဆဖြစ်ကြမှာပါပဲ။ဒါပေမယ့် သတိပြုဖို့ကတော့ ကလေးတွေရှေ့မှာ ဘယ်တော့မှ ရန်မဖြစ်မိဖို့ပါပဲ။ဒီအစား စိတ်ကိုငြိမ်သက်အောင်ထိမ်းပါ။နှစ်ကိုယ်တည်းရှိတဲ့အချိန်မျိူးမှာ ခေါင်းချင်းဆိုင် ဆွေးနွေးပါ။ကလေးတွေအမြင်မှာ မိဘတွေ တစ်ယောက်နှင့်တစ်ယောက် မုန်းတီးနေကြတယ်လို့ မထင်မြင်စေသင့်ပါဘူး။

    (၄)နှစ်ယောက်တူတူ အချိန်ဖြုန်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ

    နှစ်ယောက်စလုံး သဘောကျတဲ့ TV Seriesကြည့်တာမျိူး၊ဟင်းတူတူချက်စားတာမျိူး ၊ဘာသာစကားလေ့လာတာမျိူး ပြုလုပ်နိုင်ပါတယ်။ဒီကာလမျိူးဟာ နှစ်ဦးကြားမှာ ရင်းနှီးချစ်ခင်မှုတွေ ပြန်လည်ရရှိအောင်ကြိုးစားဖို့ အချိန်ကောင်းတစ်ခုဆိုလည်း မမှားပါဘူး။

    (၅)အိမ်မှုကိစ္စများကို တာဝန်ခွဲပြီး ဆောင်ရွက်ပါ

    အမျိူးသားတွေအနေနဲ့လည်း အိမ်မှာနေရတုန်း အမျိူးသမီးတွေကို ကလေးဝေယျာဝစ္စနှင့် အိမ်မှုကိစ္စတွေ ဝိုင်းလုပ်ပေးသင့်ပါတယ်။ အမျိူးသမီးတွေအနေနဲ့လည်း ကိုယ့်ခင်ပွန်းက ဒီလိုဝိုင်းလုပ်ပေးတယ်ဆိုရင် အသိအမှတ်ပြုပေးဖို့၊ချီးကျူးပေးဖို့ မမေ့ပါနှင့်။မိမိခင်ပွန်းက ဝိုင်းလုပ်ပေးဖို့ ဆန္ဒမရှိရင်တောင် အော်ဟစ်ဆူပူတာမျိူး အတတ်နိုင်ဆုံးမလုပ်မိအောင် ထိန်းပြီး အချိူသတ်ပြောဆိုသင့်တယ်နော်။

    (၆)အိမ်တွင်းအကြမ်းဖက်မှုဟာ အဆိုးရွားဆုံး လုပ်ရပ်တစ်ခုပါပဲ

    အခုကာလမှာ လူတိုင်းလိုလိုဟာ စိတ်ဖိစီးမှုနှင့် ရင်ဆိုင်နေရတာကို နားလည်းပါတယ်။ဒါပေမယ့် ဒီလိုစိတ်ဖိစီးတာဟာ အနီးအနားက မိမိချစ်ခင်ရသူတွေအပေါ် စိတ်လိုက်မာန်ပါ ရိုက်နှက်အော်ဟစ်ဖို့ အကြောင်းရင်းတော့ မဖြစ်သင့်ပါဘူး။အခုလိုအချိန်မျိူးမှာ မိသားစုဝင်အချင်းချင်း ကြင်နာစွာ နေထိုင်ပြီး ရောဂါဆိုးကြီးကို တိုက်ထုတ်ဖို့သာ စဉ်းစားသင့်ပါတယ်။

    (၇)စိတ်ဖိစီးမှုများကို လျှော့ချပါ

    တစ်နေကုန် အိမ်တွင်းအောင်းနေရတဲ့အတွက် အမျိူးသားတွေအနေနဲ့ လက်ရှိအခြေအနေကို ငြီးငွေ့တာမျိူး၊စိတ်ဖိစီးတာမျိူး ရှိတတ်ပါတယ်။ဒီအခါမှာ အမျိူးသမီးများအနေနှင့်လည်း နားလည်ပေးပြီး တစ်နေ့မှာ အချိန်အနည်းငယ်လောက်တော့ သူတို့တစ်ကိုယ်တည်းနေထိုင်ချိန် (individual time)ပေးသင့်ပါတယ်။

    (၈)လက်တွဲဖော်နှင့် စိတ်တူကိုယ်တူရှိပါစေ

    လင်မယားရန်ဖြစ်နေမယ့်အစား တွေးကြည့်ပါ။ဒီကာလမှာ အတူတူရင်ဆိုင်ဖို့ အဖော်မွန်တစ်ယောက်ရှိနေတာ အနည်းငယ်တော့ စိတ်သက်သာရနိုင်ပါသေးတယ်မဟုတ်လား။ဒီတော့ နှစ်ဦးကြား မပြေလည်တာတွေကို ညှိုနှိုင်းတိုင်ပင်ရင်းနဲ့ တစ်ဖက်မှာလည်း Covid-19အတွက် ရေတိုplan၊ရေရှည်planတွေကို တူတူချမှတ်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ အကြံပြုလိုက်ပါတယ်။

    ရေးသားသူ-Dr. Rose

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement