backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Salivary Gland Cancer (တံတွေးဂလင်းကင်ဆာ)


Dr. Kaung Thar မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Salivary Gland Cancer (တံတွေးဂလင်းကင်ဆာ) ကဘာလဲ။

တံတွေးဂလင်းတွေက တံတွေးတွေပြုလုပ်ပြီး သင့်ပါးစပ်ထဲကို ပြွန်တွေကတစ်ဆင့် ရောက်စေပါတယ်။ တံတွေးက ဝါးစားတဲ့အခါမျိုချတဲ့အခါအတွက် အစာကိုစွတ်စိုအောင်ပြုလုပ်ပေးပြီး အစာကိုချေဖျက်ပေးတဲ့အပြင် ပိုးတွေကိုပဋိပစ္စည်းတွေအားဖြင့် သတ်ပေးပြီး ခံတွင်းကိုသန့်စင်ပေးပါတယ်။

သင့်မေးရိုးအောက်နဲ့အနောက်မျာ နားရှေ့ကတံတွေးထွက်သောပါးကြိတ်၊ လျှာအောက်နဲ့မေးရိုးအောက်ဆိုပြီး တံတွေးဂလင်း၃စုံရှိပါတယ်။ တံတွေးဂလင်းသေးသေးလေးတွေကိုလည်း နှုတ်ခမ်း၊ ပါးစောင်အတွင်းနဲ့ လည်ချောင်းနဲပခံတွင်းတစ်လျှောက်တွေ့ရပါတယ်။ တံတွေးဂလင်းကင်ဆာက နားရှေ့မှာရှိတဲ့ဂလင်းကို အများဆုံးဖြစ်တတ်ပါတယ်။

Salivary Gland Cancer (တံတွေးဂလင်းကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Salivary Gland Cancer (တံတွေးဂလင်းကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တံတွေးဂလင်းကင်ဆာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • မေးရိုးပေါ်မေးရိုးတစ်ဝိုက်၊ ပါးစပ်နဲပလည်ပင်းတေါမှာ တွေ့ရတဲ့အဖုအကျိတ်
  • မျက်နှာအစိတ်အပိုင်းအချို့ထုံခြင်း
  • မျက်နှာတစ်ခြမ်းကြွက်သားအားနည်းခြ်ငး
  • တံတွေးဂလင်းနေရာမှာ ပြင်းပြင်းထန်ထနနာခြင်း
  • မျိုချရခက်ခြင်း
  • ပါးစပ်ကျယ်ကျယ်ဟဖို့ခက်ခြင်း

တံတွေးဂလင်းအနီး အဖုအကျိတ်ထွက်ြခ်ငးက တံတွေးဂလင်းအကျိတ်ရဲ့ တွေ့များဆုံးလက္ခဏာတစ်ခုဖြစ်ပါတယ်။ ကင်ဆာလို့တော့ မဆိုလိုပါဘူး။ တံတွေးဂလင်းအကျိတ်အများစုက ကင်ဆာမဟုတ်တတ်ကြပါဘူး။ ကင်ဆာမဟုတ်တဲ့အခြေအနေအများစုကနေ တံတွေးဂလင်းပြွန်အတွင်း ကူးစက်ပိုးဝင်ခြင်းဒါမှမဟုတ် ကျောက်တည်ခြင်းအပါအဝ် တံတွေးဂလင်းကိုရောင်စေပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Salivary Gland Cancer (တံတွေးဂလင်းကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

တံတွေးဂလင်းကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေကိုတော့ သေချာမပြောနိုင်သေးပါဘူး။ ဆရာဝန်တွေက တံတွေးဂလင်းမှာရှိတဲ့ဆဲလ်အချို့က မျိုးရိုးဗီဇမှာထွန်းခြင်းဖြစ်တဲ့အခါမျာ ကင်ဆာဖြစ်တယ်လို့သိထားကြပါတယ်။ ထွန်းခြင်းက ဆဲလ်တွေကိုလျင်မြန်စွာ ကြီးထွားကွဲပွားစေပါတယ်။ ထွန်းထားတဲ့ဆဲလ်တွေက အခြားဆဲလ်တွေသေဆုံးချိန်မှာ ဆက်လက်ရှင်သန်နေကြပါတယ။် စုပုံလာတဲ့ဆဲလ်တွေက အကျိတ်ဖြစ်ပြီးအန်းအနားတစ်ရှူးတွေကို ထိုးဖောက်ဝင်ရောက်ပါတယ်။ ကင်ဆာဆဲလ်တွေက ခန`ဓါကိုယ်အနှံ့ပြန့်သွားနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Salivary Gland Cancer (တံတွေးဂလင်းကင်ဆာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • အသက်ကြီးခြင်း- အသက်အရွယ်မရွေးဖြစ်ပေနိုင်ပေမယ့်လည်း တံတွေးဂလင်းကင်ဆာက အသက်ကြီးသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။
  • ဓါတ်ရောင်ခြည်နဲ့ထိတွေ့ရခြင်း – ဓါတ်ရောင်ခြေည်တွေကို ခေါင်းနဲ့လည်ပင်းကင်ဆာကုသရာမျာ
  • သုံးပြီး တံတွေးဂလင်းကင်ဆာဖြစ်နိုင်ချေကို များစေပါတယ်။
  • အလုပ်ခွင်ဓါတုပစ္စည်များနဲ့ထိတွေ့ရြခ်ငး- တံတွေးဂလင်းကင်ဆာကိုစြဖ်နိုင်ချေကို များစေပါတယ်။ တံတွေးဂလင်းကင်ဆာနဲ့ ဆက်နွှယ်နေတဲ့အလုပ်တွေမှာ ရာဘာထုတ်လုပ်ခြင်း၊ အက်ဘတ်တိုတူးဖော်ခြင်းနဲ့ ချိန်သီးအသုံးပြုရေအနက်တိုင်းတာခြင်းတွေပါဝင်ပါတယ်။
  • အချို့သောဗိုင်းရပ်များ – တံတွေးဂလင်းကင်ဆာနဲပဆက်နွှယ်နေတဲ့ ဗိုင်းရပ်စ်တွေကတော့ ခုခံအားကျဆင်းစေသည့်အိတ်ခ်ျအိုင်ဗီဗိုင်းရပ်နဲ့ အပ်စတိန်းဘားဗိုင်းရပ်တို့ဖြစ်ပါတယ် ။ အမျိုးမျိုးသောခေါင်းနဲ့လည်ပင်းကင်ဆာကိုဖြစ်စေနိုင်တဲ့
  • ပတ်ပလိုမာဗိုင်းရပ်က တံတွေးဂလင်းကင်ဆြာဖ်စ်နိုင်ချေကို များစေနိုင်ပါဘူး။
  • ဆေးရွက်ကြီးက လည်ပင်းနဲ့ဥိးခေါင်းကင်ဆာဖြစ်နိုင်ချေ များစေပါတယ်။ တံတွေးဂလင်းကင်ဆာအတွက်တော့ အဓိကမကျပါဘူး။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Salivary Gland Cancer (တံတွေးဂလင်းကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

တံတွေးဂလင်းကင်ဆာကို အတည်ပြုဖို့နည်းလမ်းများ

  • ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း – ဆရာဝန်က လည်ပင်း၊ မေးရိုး၊ နဲ့လည်ချောင်းမှာ အဖုအကျိတ်ရှိမရျိ စမ်းပါလိမ့်မယ်။
  • ပုံဖော်နည်းလမ်းများ- အမ်အာအိုင်၊ စီတီကဲံသို့ ပုံရိပ်ဖော်နည်းလမ်းတွေက တံတွေးဂလင်းကင်ဆာရဲ့ အရွယ်အစားနဲ့တည်နေရာကို ဆုံးဖြတ်ပေးနိင်ပါတယ်။
  • စစ်ဆေးဖို့အတက် တစ်ရှူးနမူနာယူခြင်း

အဖြေရှာအတည်ပြုပြီးတာနဲ့ ဆရာဝန်က ကင်ဆာအဆင့်ကိုဆုံးဖြတ်ပါလိမ့မယ။် ကင်ဆာအဆင့်ပေါ်မူတည်ပြီး ကုသမှုကိုဆုံးဖြတ်ရပြီး ရောဂါရဲ့ရှေ့အလားအလာကို ခန့်မှန်းနိုင်ပါတယ်။

Salivary Gland Cancer (တံတွေးဂလင်းကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုက တံတွေးဂလင်းကင်ဆာအမျိုးအစား၊ အရွယ်အစားနဲ့ အဆင့်သတ်မှတ်ချက်အပေါ်မူတည်ပြိး သင့်ရဲ့ကျန်းမာရေးအခြေအေနေပေါ်မှာလည်း မူတည်ပါတယ်။ ကုသမှုကအများအားဖြင့် ခွဲစိတ်ခြင်းဖြစ်ပါတယ်။ ရောင်ခြည်ကုထုံးပါချင်လည်းပါနိုင်ပါတယ်။

ခွဲစိတ်ကုသခြင်

  • ခွဲစိတ်ခြင်းမှာပါဝင်တာကတော့
  • ကင်ဆာကသေးပြီး စမ်းသပ်ရရှိနိုင်တဲ့နေရာမျိုးမှာရှိနေတာဆိုရင် ကင်ဆာဖြစ်နေတဲ့ဂလင်းအစိတ်အပိုင်းကို ဖယ်ထုတ်ပစ်ခြင်း
  • အကျိတ်ကကြီးနေတာမျိုးသို့ အနီးနားကအစိတ်အပိုင်းတွေဆီ ပျံ့နေတာမျိုးဆိုရင် တစ်ခုလုံးဖယ်ထုတ်ပစ်ခြင်း
  • လည်ပင်းပြန်ရည်ကျိတ်များဖယ်ထုတ်ပစ်ခြင်း – ကင်ဆာက လည်ပင်းကပြန်ရည်ကျိတ်တွေဆီ ပျံ့သွားတယ်ဆိုရင် ဆရာဝန်က လည်ပင်းကပြန်ရည်ကျိတ်အများစုကို ဖယ်ထုတ်လိုက်ပါလိမ့်မယ်။
  • ပြန်လည်ဖွဲ့စည်းခွဲစိတ်ကုသပေးခြင်း- အရိုး၊ အရေပြားနဲ့ အာရုံကြောတွေကို ခွဲစိတ်စဉ်အတွင်း ဖယ်ရှားပစ်လိုက်မယ်ဆိုရင် ပြန်ပြီးပြုပြင်အစားထိုးဖို့လိုအပ်ပါတယ်။

ရောင်ခြည်ကုထံုး

ဓါတ်မှ်မကဲ့သို့သော ရောင်ခြည်အပြင်းစားအသုံးပြုပြီး ကင်ဆာဆဲလများကိုသတ်ခြင်းဖြစ်ပါတယ်။ ကုသနေစဉ်အတွင်း သင်ကလှဲနေစဉ်မှာ စက်တစ်ခုကသင့်ဘေးနားမှာ ရွေ့နေပြီး သင့်ခန`ဓါကိုယ်ရဲ့လိုအပ်တဲ့နေရာတွေကို ရောင်ခြည်အပြင်းစားတွေနဲ့ ကျရောက်စေမှာဖြစ်ပါတယ်။ ခွဲစိတ်ကုသပြီးကျန်ခဲ့တဲ့ကင်ဆာဆဲလ်တွေကို သတ်ဖို့ ရောင်ခြည်ကုထုံးဓါတ်ကင်ခြင်းကို အသုံးပြုပါတယ်။ အကျိတ်ကအရမ်းကြီးနေရင် သို့ ခွဲစိတ်ဖို့အတွက်အန္တရာယ်များလွန်းတဲ့နေရာတွေမျာ ရှိနေတယ်ဆိုရင် ခွဲစိတ်ခြင်းကမဖြစ်ုနိင်ပါဘူး။ ဓါတ်ကင်ခြင်းတစ်ခုတ်ညးကိုသာ ကုသမှုအတွက်သုံးနိုင်ပါတယ်။

ဓါတုကုထုံး

ကင်ဆာဆဲလ်တွေကို ဆေးအသုံးပြုသတ်ခြင်းဖြစ်ပါတယ်။ နေရာတော်တော်ဝေးဝေးထိပျံ့သွားတဲ့ တံတွေးဂလင်းကင်ဆာနောက်ဆုံးအဆင့်တွေမှာ သုံးပါတယ်။ ဓါတုကုထုံးက တံတွေးဂလင်းကင်ဆာကုသမှုအတွက် သိပ်တော့မသုံးပါဘူး။ သုတေသီတွေက အသုံးဝသင်မှုကိုရှာဖွေနေဆဲဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက တံတွေးဂလင်းကင်ဆာ

ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် တံတွေးဂလင်းကင်ဆာ

ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • တစ်နေ့မှာ သွားခဏခဏတိုက်ခြင်း- နူးညံတဲ့သွားပွတ်တံကိုအသုံးပြုပြီး အကြိမ်ကြိမ်ညင်ညင်သာသာတိုက်ပါ။ ညင်ညင်သာသာပွတ်တိုက်တာကိုတောင် မခံနိုင်ဘူးဆိုရင် ဆရာဝန်ကိုပြောပြပါ။
  • ခံတွင်းကို ဆားပါတဲ့ရေနွေးနဲ့ အစားစားပြီးတိုင်းကျင်းပေးပါ။ ဆားနဲ့ရေနွေးနွေးနဲ့ ပေါင်းပါ။ ဒီအရည်ကို အစားစားပြိးတိုင်း ခံတွင်းကိုကျင်းပေးပါ။။
  • ခံတွင်းကိုရေနဲ့အမြဲစွတ်စိုစြေခ်ငးသို့ သကြားမပါတဲ့သကြားလုံးများ- ခံတွင်းစွတ်စိုနေဖို့ ရေတစ်နေ့လုံးသောက်ပါ။ တံတွေးထွက်ခြင်းကိုအားပေးတဲ့သကြားမပါတဲ့ဂမ်နဲ့ချိုချဉ်တွေကို စားပါ။
  • အရည်ရွှမ်းတဲ့အစားကိုရွေးစားပါ။ ခြောက်တာတွေကိုရှောင်ပါ။ မာတဲ့အစားတွေကို အချဉ်ရည်၊ ဟင်းအနှစ်၊ စွပ်ပြုတ်၊ ထောပတ်၊ နို့စတာတွေနဲ့တွဲစားပါ။
  • အက်စစ်ပါတဲ့အစားအသောက်တွေ စပ်တဲ့အစားအသောက်တွေကို ရှောင်ပါ။
  • သင့်ခံတွင်းကို ဥပဒ်မပေးမယ့်အစာေးတွကို ရွေးပါ။ ကဖင်းပတဲ့အရက်ပါတဲ့အဖျော်ယမကာတွေကို ရှောင်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement