backup og meta

ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးသော ဆေး - Tamoxifen (တာမော်စီဖန်)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးသော ဆေး - Tamoxifen (တာမော်စီဖန်)

    National Breast Cancer Foundation အရ ရင်သားကင်ဆာဟာ ကမ္ဘာပေါ်က အမျိုးသမီးတွေမှာ အဖြစ်အများဆုံးရောဂါဖြစ်ပြီး သေနှုန်း ဒုတိယအများဆုံး ရောဂါလည်း ဖြစ်ပါတယ်။

    ရင်သားကင်ဆာဆိုတာဘာလဲ။

    ရင်သားကင်ဆာဟာ ရင်သားမှာ ရှိတဲ့ဆဲလ်တွေ ပုံမှန် မဟုတ်ပဲ ပွားလာတာကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ တကယ်တော့ ၈၅-၉၀%သော ရင်သားကင်ဆာတွေဟာ အသက်ကြီးရင့်လာမှုကြောင့် ဖြစ်လာတဲ့ မျိုးရိုးဗီဇဆိုင်ရာ ပုံမှန်မဟုတ်မှုတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။ ၅-၁၀% သော ရင်သားကင်ဆာလူနာတွေဟာ မိသားစုက ဆက်ခံရရှိတဲ့ ပုံမှန်မဟုတ်တဲ့ မျိုးရီုးဗီဇကြောင့် ဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ ရင်သားရဲ့ အစိတ်အပိုင်းတွေက စတင်ဖြစ်ပေါ်ပြီး နို့သီးခေါင်းကို နို့သယ်ယူ ပို့ဆောင်ပေးတဲ့ နို့ပြွန်တွေမှာ အကျိတ်ဖြစ်ပေါ်တာ အများဆုံးဖြစ်ပါတယ်။ ဒီအကျိတ်ဟာ ကင်ဆာဖြစ်နိုင်ပြီး မကုသရင် အခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို ပြန့်သွားနိုင်ပါတယ်။ ဒီအခြေအနေဟာ ကိုယ်ခန္ဓါကို ထိခိုက်ရုံတင်မက အခြားနေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

    ER ကို အခြေခံထားတဲ့ စစ်ဆေးမှုအရ ရင်သားကင်ဆာကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။

    • ဟော်မုန်း receptor positive

    • Negative ရင်သားကင်ဆာ

    ပညာရှင်တွေက ဟော်မုန်း receptor မပါတဲ့ ရင်သားကင်ဆာတွေဟာ ကင်ဆာဆေးသွင်းကုသခြင်းကို ကောင်းကောင်း တုန့်ပြန်နိုင်ပြီးတော့ အခြားအမျိုးအစားတွေကတော့ SERMs တွေ ဖြစ်တဲ့ tamoxifen လိုမျိုးနဲ့ ကောင်းကောင်း ကုသနိုင်ပါတယ်။

    Tamoxifen

    Tamoxifen (ဈေးကွက်မှာ Nolvadex) လို့ခေါ်တဲ့ဆေးဟာ ရင်သားကင်ဆာကို အမျိုးသမီးရော အမျိုးသားရောမှာ ကာကွယ်ဖို့ အသုံးပြုပါတယ်။ Tamoxifen ဟာ anti-estrogen အမျိုးအစားဖြစ်ပြီး ရင်သားထဲမှာ estrogen တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပိတ်ပင်လိုက်ပါတယ်။ သူဟာ estrogen လိုအပ်တဲ့ ရင်သားကင်ဆာတွေ ကြီးထွားမှုကို တားမြစ်ပေးပြီး အထူးသဖြင့် ရင်သားကင်ဆာ ကိုယ်ခန္ဓါ အခြားအစိတ်အပိုင်းတွေကို ပြန့်သွားတာကို ကာကွယ်ပေးပါတယ်။ ဒါ့ပြင် taxmoxifen ကို ခွဲစိတ်ကုသမှု၊ ဓါတ်ရောင်ခြည်နဲ့ ကုသမှု၊ ကင်ဆာဆေးသွင်း ကုသမှု အစရှိတဲ့ ကုသမှုတွေ ပြုလုပ်ထားတဲ့ အမျိုးသမီးတွေမှာ စောစီးစွာ တွေ့ရတဲ့ ရင်သားကင်ဆာကို ကုသဖို့လဲ အသုံးပြုနိုင်ပါတယ်။ အသက်ကြီးတာကြောင့် ရင်သားကင်ဆာ ဖြစ်နှုန်းများသူတွေ (သို့) ကိုယ်ဝန်ရချင်ပြီး သားဥ မထုတ်လုပ်တဲ့ အမျိုးသမီးတွေမှာ လည်း tamoxifen ကို အသုံးပြုပါတယ်။

    Tamoxifen ကို ဘယ်လိုသုံးမလဲ။

    Tamoxifen ဟာ ပါးစပ်ကသောက်ရတဲ့ ဆေးပြားအနေနဲ့ လာတာဖြစ်ပါတယ်။ ရင်သားကင်ဆာကို ကာကွယ်ဖို့ သောက်တဲ့သူတွေဟာ ငါးနှစ်သောက်ဖို့လိုပါတယ်။ Tamoxifen ဟာ ရင်သားကင်ဆာကို ကုသဖို့အသုံးပြုပြီး ဆရာဝန်တွေက ဘယ်လောက်ကြာကြာ ကုသရမလဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ဒီဆေးဟာ ကိုယ်ဝန်ရှိနေချိန်မှာ ကလေးမှာ ချို့ယွင်းမှုတွေ ဖြစ်နိုင်တာကြောင့် အသုံးမပြုသင့်ပါဘူး။ ဆေးနဲ့ ဓါတ်မတည့်တဲ့သူတွေ (သို့) သွေးကြော၊ အဆုတ်တွေထဲမှာ သွေးခဲရှိတဲ့သူတွေမှာ tamoxifen အသုံးပြုဖို့ မသင့်ပါဘူး။

    ဒီကုသမှုမှာ ဆရာဝန်ဟာ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပုံမှန်စစ်ဆေးနိုင်ဖို့အတွက် mammogram ရိုက်ဖို့ကို ညွှန်ကြားနိုင်ပါတယ်။ ဆေးမသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပြီး ဆေးကုသစဉ်မှာ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေ အကြောင်းကို ဆွေးနွေးသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement