backup og meta

သားဥအိမ်ကင်ဆာအတွက် ကလေးရနိုင်မည့်နည်းလမ်းများ

သားဥအိမ်ကင်ဆာအတွက် ကလေးရနိုင်မည့်နည်းလမ်းများ

သားဥအိမ်ကင်ဆာနှင့် ကုသမှုများ က သင့်ရဲ့ ကလေးရနိုင်စွမ်းကို ထိခိုက်စေပါတယ်။ သို့သော် သားဥအိမ်ကင်ဆာဖြစ်သော အချို့ အမျိုးသမီးများသည် ကလေးရနိုင်ချေ ရှိသော်လည်း အချို့မှာတော့ ထိုသို့မဟုတ်တော့ပေ။ သားဥအိမ်ကင်ဆာအတွက် ကုသမှု ခံယူနေစဉ် ကလေးယူနိုင်စွမ်းကို ထိန်းသိမ်းလိုခြင်းဟာ ရှုတ်ထွေးပါတယ်။ ထို့ကြောင့် တတ်ကျွမ်းသူများ နှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယယ်။

သားဥအိမ်ကင်ဆာက သင့်ရဲ့ ကလေးရနိုင်စွမ်းကို မည်သို့ထိခိုက်ပါလဲ။

သင်ဟာ အောက်ပါ ကုသနည်းများဖြင့် ကုသခံရပါက ကိုယ်ဝန်မဆောင်နိုင်ဘဲ ၊ကလေးမရနိုင်တော့ဘဲ ဖြစ်သွား နိုင်ပါတယ်။

-သားဥအိမ်နှစ်ဖက်လုံးကို ခွဲစိပ်ရာတွင် ဖယ်လိုက်ရခြင်း

-ကင်ဆာအကြောဆေးများက သားဥအိမ်ရဲ့ လုပ်ငန်းဆောင်တာများကို နှောက်ယှက်ခြင်း

-ဓါတ်ရောင်ခြည်များကြောင့် သားဥအိမ်မှ သားဥများ မထုတ်လုပ်ပေးနိုင်ခြင်း

သားဥအိမ် တစ်ဖက်တည်းရှိတော့သော အမျိုးသမီးများက ကိုယ်ဝန်ဆောင်နိုင်ပါသေးတယ်။ နှစ်ဖက်လုံးမရှိတော့ပါက မျိုးမအောင်နိုင်တော့ပါ။ သို့သောာ် အောက်ပါနည်းလမ်းများ သုံး၍ ကိုယ်ဝန်ဆောင်နိုင်ပါတယ်။

သင့်ရဲ့ မျိုးမအောင်ခြင်းကို ကုသဖို့နည်းလမ်းများကို နားလည်ခြင်း

-သားဥ အလှူရှင်ထံမှ သားဥကိုယူကာ သင့်အမျိုးသား၏ မျိုးစိတ်နှင့် ပေါင်းစပ်ပြီး သင့်ရဲ့ သားအိမ်တွင် ကိုယ်ဝန်ဖြစ်တည်စေခြင်း ဖြစ်သည်။ သည်နည်းလမ်းက ၄၀% အောင်မြင်ပြီး အလှူရှင်ရဲ့ သားဥ၊ အမျိုးသာရဲ့ မျိုးစိတ်၊ သင့်ရဲ့ သားအိမ်ကျန်းမာရေး အပေါ် မူတည်ပါတယ်။

သို့သော် ကုန်ကျစရိတ်များသော နည်းလမ်းဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

-ယခုနည်းလမ်းမှာတော့ အခြားအမျိုသမီး တစ်ယောက်ကို အငှားကိုယ်ဝန်ဆောင်ခိုင်း ခြင်းဖြစ်ပါတယ်။ သားအိမ်ထုတ်လိုက်ရပြီး သားဥကောင်းသေးပါက သည်နည်းကို သုံးနိုင်ပါတယ်။ သို့မဟုတ် အခြား ကျန်းမာရေး ပြဿနာများ ကြောင့် ကိုယ်ဝန်ဆောင်ရန် ခက်ခဲသောအခါ အသုံးပြုပါတယ်။ မိမိသားဥသို့မဟုတ် အလှူရှင်၏ သားဥကို မိမိ အမျိုးသားရဲ့ မျိုးစိတ်နှင့် ပေါင်းစပ်က အခြားအမျိုးသမီး တစ်ဦး၏ သားအိမ်ထဲထည့်၍ ကိုယ်ဝန်အငှားဆောင်ခိုင်းခြင်း ဖြစ်ပါတယ်။

သည်နည်းမှာလည်း ကုန်ကျစရိတ်များပါတယ်.။

-ယခု နည်းလမ်းကတော့ ကလေးမွေးစားခြင်း ဖြစ်ပါတယ်။ မမွေးစားခင် သေချာ စဉ်းစားတွေးခေါ်ကာ မွေးစားမည့် ကလေးအကြောင်းကို သေချာ လေ့လာသင့်ပါတယ်။ အချို့ နိုင်ငံများသည် ကင်ဆာဝေဒနာရှင်အား ကုသမှုအပြည့်ခံယူပြီး ကုသမှုရပ်လိုက်သည့် အချိန်တွင် ကောင်းစွာ နေထိုင်နိုင်ခြင်း ရှိမရှိကို လေ့လာပြီးမှ ကလေးမွေးစား ခြင်းကို ခွင့်ပြုပါတယ်။

-သန္ဓေသားကို ဓါတ်ခွဲခန်းတွင် အရင်ဖန်တီးခြင်း၊ သည်နည်းလမ်းသည် အအောင်မြင်ဆုံးနည်းတစ်ခု ဖြစ်ပြီး သားဥနှင့် ဖိုမျိုးစိတ်ကို ဓါတ်ခွဲခန်းထဲတွင် ပေါင်းစပ်ကာ သန္ဓေသားကို ခဲထားပြီးမှ အမျိုးသမီး၏ သားအိမ်ထဲတွင် ကိုယ်ဝန်ဆောင်စေခြင်း ဖြစ်ပါတယ်။

သားဥအိမ်ကင်ဆာ ရှိပါက ကလေးရနိုင်ခြင်း ဟာ တဖြည်းဖြည်း ကျဆင်းသွားပါတယ်။ သို့သော် ကုသမှုခံယူပြီး ကလေးရလိုစိတ်ရှိသေးပါက ရွေးချယ်နိုင်သော နည်းလမ်းများကို နားလည်ထားပြီး သန္ဓေသားအထူပြုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယယ်။

Hello Health Group သည် ဆေးပညာ အကြံပေးချက်များ ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

16/02/2022

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr.Nyan Linn မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement