backup og meta

လက်ကိုင်ဖုန်းသုံးတာက ကင်ဆာဖြစ်စေနိုင်သလား

လက်ကိုင်ဖုန်းတွေသုံးရင် ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာက ယနေ့ခေတ်မှာ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခုဖြစ်နေပါတယ်။

လက်ကိုင်ဖုန်းသုံးတာက ကင်ဆာ ဒါမှမဟုတ် တခြားကျန်းမာရေးအတွက် ထိခိုက်စေနိုင်သလား။

အဓိကအချက်သုံးခုရှိပါတယ်။

(၁) လက်ကိုင်ဖုန်းတွေက ရေဒီယိုလှိုင်းတွေ ထုတ်လွှတ်ပါတယ်။ ဒါက သံလိုက်ပါတဲ့ လှိုင်းတွေဖြစ်တဲ့အတွက် ခန္ဓါကိုယ်မှာ ရှိတဲ့ အနီးဆုံး တစ်သျှူးကနေ ဒီစွမ်းအင်ကို စုပ်ယူနိုင်ပါတယ်။

(၂) လက်ကိုင်ဖုန်းသုံးတဲ့ဦးရေက တစ်မဟုန်ချင်း တိုးပွားလာနေပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင် သန်းငါးဆယ် ဝန်းကျင်ရှိပါတယ်။

(၃) တနေ့ချင်းဆီခေါ်ဆိုမှုနဲ့ သုံးစွဲသူတွေက များလာပါတယ်။ နှစ်နှစ်ဆယ်အတွင်း အသုံးပြုသူဦးရေ ၄၂၀,၀၀၀ တိုးပွားလာပါတယ်။

လက်ကိုင်ဖုန်းသုံးတာက ကင်ဆာဖြစ်စေသလား

သုတေသနအများစုကတော့ လက်ကိုင်ဖုန်းသုံးတာက ကင်ဆာမဖြစ်စေဘူးလို့ ဆိုပါတယ်။ လက်ကိုင်ဖုန်းကနေထွက်တဲ့ ရေဒီယိုလှိုင်းတွေက ခန္ဓါကိုယ်မှာရှိတဲ့ မျိုးဗီဇ (DNA) ကို သက်ရောက်မှု မရှိနိုင်ဘူလို့ ဆိုတာပါ။

ဒါနဲ့ပတ်သက်လို့ The National Institute of Environmental Health Sciences (NIEHS) က သုတေသနအများကြီး လုပ်ခဲ့ပြီး တွေ့ရှိချက်တွေကတော့လက်ကိုင်ဖုန်းအသုံးပြုသူ ၄၂၀၀၀၀ ကျော်က ဦးနှောက်အမြှေးရောင်တာနဲ့ ပတ်သက်လို့ ဆက်စပ်မနေဘူးဆိုတာ တွေ့ခဲ့ပါတယ်။

နောက်လေ့လာချက်တစ်ခုကတော့ လက်ကိုင်ဖုန်းသုံးတာက တံတွေးဂလင်းကင်ဆာ ဖြစ်နိုင်ချေရှိပြီး ဒါက အလွန်နည်းပါးတဲ့ အခွင့်အလမ်းသာ ရှိတယ်လို့ ဆိုထားပါတယ်။

ဒီလိုလေ့လာချက်တွေ သုတေသနတွေ အားလုံးကို စုစည်းချက်များအရ လက်ကိုင်ဖုန်းသုံးတာက ကင်ဆာဖြစ်စေတယ်လို့ အတိအကျ ပြောမရနိုင်ဘူး ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သဘောတူလက်ခံထားပါတယ်။

လေ့လာချက်အတွက် လိုအပ်တဲ့ ကင်ဆာဖြစ်ပွားနှုန်းစောင့်ကြည့်ခြင်းနဲ့ လက်ကိုင်ဖုန်းသုံးခဲ့တဲ့ နှစ်တွေအားလုံး တွက်ချက်ဖို့ လိုအပ်သေးတာကြောင့် ဒါတွေအားလုံး ဖော်ပြဖို့ ခက်နေပါသေးတယ်။

အခုချိန်မှာတော့ ကလေးတွေနဲ့ အရွယ်ရောက်ပြီး သူတွေ လက်ကိုင်ဖုန်းသုံးတာက ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေသလဲဆိုတဲ့ မေးခွန်းတွေက ကျယ်ကျယ်လောင်လောင် ရှိနေပါသေးတယ်။ ရှင်းလင်းတိကျတဲ့ အဖြေကတော့ မရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သိပ္ပံပညာရှင်တွေနဲ့ တချို့အစိုးရအဖွဲ့အစည်းတွေကတော့ လက်ကိုင်ဖုန်းတွေကို ကလေးတွေနဲ့ ဝေးရာမှာ ထားဖို့ အကြံပြုထားကြပါတယ်။

လက်ရှိအချိန်ထိတော့ ဆဲလ်ဖုန်းတွေဟာ ကင်ဆာဖြစ်စေတယ်လို့ ဘယ်သူမှမပြောနိုင်သေးပါဘူး။ လေ့လာမှုတွေ အများကြီး လုပ်ရဦးမယ်ဆိုပေမယ့် ဒီလိုဖြစ်စေနိုင်တဲ့ အထောက်အထား ယနေ့အထိ မတွေ့ရသေးတာ အမှန်ပါ။ တကယ်လို့ သင့်အနေနဲ့ ဒါကို စိတ်ပူတယ်ဆိုရင်တော့ ဆဲလ်ဖုန်းအသုံးပြုမှုကို ကန့်သတ်တာ၊ ၊ ဒါမှမဟုတ် စပီကာ၊ နားကြပ်အသုံးပြုတာ၊ စသဖြင့် ဖုန်းနဲ့ သင့်ဦးခေါင်းကို နီးကပ်မနေအောင် လုပ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cancer.gov/about-cancer/causes-prevention/risk/radiation/cell-phones-fact-sheet

https://www.scientificamerican.com/article/major-cell-phone-radiation-study-reignites-cancer-questions/

https://medlineplus.gov/ency/article/007151.htm

ယခုပုံစံ

16/02/2022

Dr. Phio Thiha မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နည်းပညာက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီနိုင်မှာလား

ဖုန်းများသည် ကလေး၏ စိတ်ပိုင်းဆိုင်ရာကို မည်သို့ထိခိုက်စေနိုင်ပါသနည်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Phio Thiha မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement