တစ်ရှူးပျော့ ဆာကိုမားကင်ဆာမှာ ယခင်တခြားကင်ဆာဖြစ်ခဲ့ဖူးပြီး ဓါတ်ရောင်ခြည်နှင့် ကုသမှုခံယူပြီးနောက် ဖြစ်လာတတ်သည်။ ဆာကိုမားကင်ဆာသည် ဓါတ်ရောင်ခြည်ကုထုံးပြီးနောက် အနည်းဆုံး ၁၀ နှစ်ကြာမှ ပေါ်လာခြင်းဖြစ်သည်။
တစ်ချို့သော ဓါတုပစ္စည်းများနှင့် ထိတွေ့မိခြင်းသည် တစ်ချို့ဆာကိုးမားများဖြစ်လာနိုင်ချေနှင့် ဆက်စပ်မှု ရှိနိုင်ပါသည်။ ထိုဓါတုပစ္စည်းများတွင် ပလက်စတစ်လုပ်ရာတွင်သုံးသော ဗနိုင်းကလိုရိုက်နှင့် ပေါင်းသတ်ဆေးတစ်ချို့နှင့် ဒိုင်အိုဇင်တို့ပါဝင်ပါသည်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Rhabdomyosarcoma (ရာဘ်ဒိုမိုင်ရိုဆာကိုးမား) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
တစ်ချို့သော မွေးရာပါအခြေအနေများသည် လူတစ်ဦး၏ Rhabdomyosarcoma ဖြစ်နိုင်ချေကို တိုးပွားစေပါသည်။ ၎င်းတို့တွင် ဤကင်ဆာမျိုးနှင့် တခြားကင်ဆာမျိုးများကို ဖြစ်စေနိုင်သည့် ဗီဇမူမမှန်မှုများ ပါဝင်ပါသည်။
- Li-Fraumeni syndrome
- Neurofibromatosis type 1
- Beckwith-Wiedemann syndrome
- Costello syndrome
- Noonan syndrome
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Rhabdomyosarcoma (ရာဘ်ဒိုမိုင်ရိုဆာကိုးမား) ကို ဘယ်လိုအတည်ပြုပါသလဲ
အလုံးတစ်ခုကိုစမ်းမိပါက ကွန်ပျူတာဓါတ်မှန်၊ သို့မဟုတ် တစ်ခါတစ်လေ သံလိုက်ဓါတ်မှန် ရိုက်ရပါလိမ့်မည်။ ရောဂါအမည်တပ်ခြင်းကိုတော့ အလုံးမှအသားစယူကာ အဏှကြည့်မှန်ပြောင်းနှင့် စစ်ဆေးခြင်းဖြင့် ပြုလုပ်ရသည်။ တစ်ခါတစ်လေ အလုံးတစ်ခုလုံးကို ဖယ်ထုတ်ရသည်လည်းရှိ၏။
ကင်ဆာပျံ့မပျံ့ဆုံးဖြတ်နိုင်ရန် ရင်ဘတ် ကွန်ပျူတာဓါတ်မှန်၊ အရိုးဓါတ်မှန်မျာ ပြုလုပ်ရသလို၊ ချဉ်ဆီနမူနာယူပြီးစစ်ဆေးခြင်းများပါ ပြုလုပ်ရပါမည်။
ကွန်ပျူတာဓါတ်မှန်မှာ ခန္ဓါကိုယ်အတွင်း ကလီစာများကို 3D ပုံစံတည်ဆောက်ပေးသော ဓါတ်မှန်တစ်မျိုးဖြစ်သည်။ မလုပ်ခင် ၄ နာရီအလိုလောက်မှ အစာမစား ရေမသောက်ရန် ညွှန်ကြားပါလိမ့်မည်။
ပုံရိပ်များ ရှင်းရှင်းလင်းလင်းမြင်ရစေရန် ဆိုးဆေးထိုးခြင်း သောက်ခြင်းများပါ ပြုလုပ်ရနိုင်ပါသည်။
သံလိုက်ဓါတ်မှန်သည်လည်း ကွန်ပျူတာဓါတ်မှန်နှင့် တူသည်။ မတူသည်မှာ ၎င်းသည် ဓါတ်မှန်အစား သံလိုက်ကိုသုံးပြီး ကိုယ်ခန္ဓါကန့်လန့်ဖြတ်ပုံများကို တည်ဆောက်ပေးမည်ဖြစ်သည်။
Rhabdomyosarcoma (ရာဘ်ဒိုမိုင်ရိုဆာကိုးမား) ကို ဘယ်လိုကုသပါသလဲ
ကုထုံးများတွင် ခွဲစိတ်ခြင်း၊ ကင်ဆာဆေးသွင်းခြင်းနှင့် တစ်ခါတစ်ရံ ဓါတ်ရောင်ခြည်ပြခြင်းတို့ ပါဝင်ပါသည်။
ခွဲစိတ်ဆရာဝန်သည် အကျိတ်လုံးအား တတ်နိုင်သလောက် အကုန်ဖယ်ရှားပါလိမ့်မည်။ ထိုသို့လုပ်ရာတွင်လည်း ခန္ဓါကိုယ်ပုံစံမပျက် မထိခိုက်အောင် အတတ်နိုင်ဆုံးပြုလုပ်ပါလိမ့်မည်။ သို့သော် ထိုသို့လုပ်ရသည်မှာ အလွန်ခက်ခဲကြောင်း သိထားပါ။ တစ်ချို့ဖြစ်ရပ်များတွင် ဆရာဝန်မှ ခြေလက်တစ်ခုလုံး ဖယ်ပစ်လိုက်ရတာမျိုးလည်း ရှိပါသည်။ တစ်ချို့တွင်တော့ ခြေလက်ကို ဒီတိုင်းပြန်ရနိုင်တာမျိုးလည်းရှိ၏။
ကင်ဆာဆေးသွင်းကုထုံးမှာ ကင်ဆာဆဲလ်များကို သတ်ပေးသော ဆေးများကိုသုံးရခြင်းဖြစ်သည်။ vincristine, actinomycin D, cyclophosphamide, doxorubicin, ifosfamide, and etoposide) စသည်များကို ခွဲစိတ်ပြီးနောက် အမြဲလိုလိုပေးရ၏။ ၎င်းသည် အကျိတ်ဖယ်ပြီးနောက် ကျန်နေခဲ့နိုင်သည့် ကင်ဆာဆဲလ်များကို သတ်ပေးပါလိမ့်မည်။ ထို့အတူ တခြားအစိတ်အပိုင်းများတွင် ရှိနေနိုင်သော ကင်ဆာဆဲလ်အိတ်လေးများကိုပါ သတ်ပေးနိုင်ပါသည်။
ဓါတ်ရောင်ခြည်ကုထုံးကိုတော့ များသောအားဖြင့် ခွဲစိတ်ပြီးနောက် ကင်ဆာကျန်နေသေးလျှင် သို့မဟုတ် ကင်ဆာမှာ အန္တရာယ်များနေပြီဟုယူဆလျှင် ပေးလေ့ရှိပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Rhabdomyosarcomaကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
ဤရောဂါအတွက် ကာကွယ်နိုင်သည့် အန္တရာယ်ရှိအချက်များ မရှိပါ။ ဤကင်ဆာမျိုးနှင့် တခြားကင်ဆာများ ဖြစ်လာနိုင်ကြောင်းရှိမရှိ မိသားစုဝင်များတွင် သိလိုပါက ဗီဇစစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။