backup og meta

Gallbladder Polyps (သည်းခြေအဖုအကျိတ်များ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Gallbladder Polyps (သည်းခြေအဖုအကျိတ်များ) ကဘာလဲ။

သည်းခြေအိတ်အတွင်းထိုးထွက်ပေါက်သော အဖုအကျိတ်များဖြစ်တယ်။ ပုံမှန်အားဖြင့် အယ်လ်ထရာဆောင်းနဲ့ ရှာဖွေသိရှိရပါတယ်။

သည်းခြေအိတ်အဖုအကျိတ်များမှာ များသောအားဖြင့်တော့ ကိုလက်စ်ထရောနဲ့ဖွဲ့စည်းထားပြီး ကင်ဆာကျိတ်မဟုတ်သလို အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ကင်ဆာမဟုတ်တာတွေရှိသလို ကင်ဆာဖြစ်လာနိုင်တာတွေလည်းရှိပါတယ်။

သည်းခြေအိတ်အဖုအကျိတ်တွေနဲ့ပတ်သတ်လို့ပြောရရင် အရွယ်အစားဟာသိပ်အရေးကြီးပါတယ်။ အရွယ်ကြီးလေလေ ကင်ဆာဖြစ်နိုင်ချေများလေလေဖြစ်တယ်။ ၁ စင်တီမီတာထက် ပိုကြီးပါက ကင်ဆာဖြစ်နိုင်ချေများတာကြောင့် ဆရာဝန်တွေက ထိုအရွယ် သို့ ထိုထက်ပိုကြီးရင် သည်းခြေအိတ်ကိုဖယ်ပစ်ဖို့ အကြံပေးတတ်ကြပါတယ်။ ထိုအရွယ်ထက်သေးပါက ကင်ဆာဖြစ်နိုင်ချေနည်းပါတယ်။

Gallbladder Polyps (သည်းခြေအဖုအကျိတ်များ) က ဘယ်လောက်အဖြစ်များသလဲ

အရွယ်မရွေးဖြစ်နိုင်ပြီး အဖုအကျိတ်ဖြစ်စေတဲ့အချက်တွေကို ရှောင်ရှားလျှော့ချခြင်းဖြင့်ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက်ဆရာဝန်နဲ့တိုင်ပင်ပါ။

လက္ခဏာများ

Gallbladder Polyps (သည်းခြေအဖုအကျိတ်များ) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာလုံးဝမပြတာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် သည်းခြေအိတ်ကြောင့် ဗိုက်အောင့်၊ ဗိုက်နာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့နာကျင်မှုမျိုးက များသောအားဖြင့် သည်းခြေကျောက်ကြောင့်ဖြစ်တတ်ပေမယ့် သည်းခြေကျောက်မရှိပါက သည်းခြေအိတ်အတွင်း အဖုအကျိတ်တွေရှိနေတာကြောင့်ဖြစ်နိုင်တယ်။

ဖေြာ်ပထားတဲ့လက္ခဏာတွေအပြင် နောက်ထပ်လက္ခဏာတွေလည်းရှိနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေကြုံရတယ်၊ ဒါမှမဟုတ် သိလိုသည်များရှိတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးဖြစ်ဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်တာ သင့်လျော်ပါလိမ့်မယ်။

အကြောင်းရင်းများ

Gallbladder Polyps (သည်းခြေအဖုအကျိတ်များ) ကိုဘာတွေကဖြစ်စေသလဲ

ထိုသို့အဖုအကျိတ်ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းကတော့ သေချာမသိရသေးပါဘူး။ ကင်ဆာမဟုတ်တဲ့အဖုအကျိတ်တွေဆိုရင်တော့ အကြောင်းအရင်းတွေကသိပ်ပြဿနာမရှိပါဘူး။ ကင်ဆာအတွက်ဆိုရင်တော့ အသက်အရွယ်၊ သည်းခြေကျောက်ရှိမရှိ၊ သို့ အဖုအရွယ်အစားကြီးခြင်းတွေဟာ ကင်ဆာဖြစ်နိုင်ချေနဲ့ဆက်စပ်နေတယ်ဆိုပါတယ်။

ဒါပေမယ့် ထိုအဖုအကျိတ်တွေဟာ အယ်လ်ထရာဆောင်းမရိုက်မချင်း သို့ သည်းခြေကိုခွဲစိတ်မှုမလုပ်မချင်း မသိနိုင်တာကြောင့် ဘယ်လိုအခြေအနေကစိုးရိမ်စရာဖြစ်လာနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။

ဖြစ်နိုင်ခြေများ

Gallbladder Polyps (သည်းခြေအဖုအကျိတ်များ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဘာကြောင့်သည်းခြေအိတ်အတွင်း အဖုအကျိတ်ပေါ်ရသလဲနဲ့ ပတ်သတ်ပြီးသိထားတာနည်းပါသေးတယ်။ သို့သော်လည်း အဆီဓါတ်ဇီဝရုပ်ဖြစ်ပျက်မှုနဲ့သက်ဆိုင်နေပြီး တချို့အခြေအနေတွေမှာ မိသားစုအတွင်းရာဇဝင်နဲ့ ဆက်စပ်နေတတ်တာကြောင့် မျိုးရိုးဗီဇလေ့လာမှုတွေလုပ်ဖို့ အကြံပြုထားကြပါတယ်။

မွေးရာပါ Peutz-Jeghers ရောဂါ၊ Gardner ရောဂါ လိုမျိုးရောဂါရှိသူတွေမှာတော့ သည်းခြေအိတ်အဖုအကျိတ်ပေါ်နိုင်ချေများပါတယ်။ တရုတ်လူဦးရေမှာ ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွေမှာတော့ အသည်းရောင်ဘီပိုးကို အားပေးတဲ့အချက်အနေနဲ့ထည့်တွက်ထားပါတယ်။

ကင်ဆာအဖုအကျိတ်နဲ့ပတ်သတ်လို့ကတော့ အသက် ၆၀ ထက်ကျော်သူ၊ သည်းခြေကျောက်ရှိသူ၊ သည်းခြေပြွန်ရောင်ခြင်း တို့တွေကို အားပေးတဲ့အချက်တွေအနေနဲ့သတ်မှတ်ထားတယ်။ အဖု ၆ မိလီမီတာထက်ကြိးခြင်း၊ တစ်ဖုထဲဖြစ်ခြင်း၊ ထိုအဖုပုံစံတို့ပေါ်လည်းမူတည်တယ်လို့ဆိုပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Gallbladder Polyps (သည်းခြေအဖုအကျိတ်များ) ကို ဘယ်လိုအတည်ပြုပါသလဲ

သည်းခြေအိတ်ကိုသေချာစစ်ဆေးဖို့က အယ်လ်ထရာဆောင်းရိုက်ရန်လိုပါလိမ့်မယ်။ ထိုအယ်လ်ထရာဆောင်းမှာ သည်းခြေအိတ်အဖုအကျိတ်တွေကို မြင်ရတတ်ပြိး အရွယ်အစားကိုတိုင်းတာလို့ရပါတယ်။

ကြီးသောအဖုအကျိတ်တွေမှာ ကင်ဆာဖြစ်နိုင်ချေရှိမရှိအတွက် PET သို့ CT လည်းရိုက်နိုင်တယ်။ သည်းခြေအိတ်ကင်ဆာဖြစ်လာမလာ ပြောင်းလဲမှုတွေကို စောင့်ကြည့်ဖို့အတွက်လည်းသုံးနိုင်ပါတယ်။

Gallbladder Polyps (သည်းခြေအဖုအကျိတ်များ) ကို ဘယ်လိုကုသပါသလဲ

အန္တရာယ်မရှိသောအဖုဖြစ်ပါကဘယ်လိုလုပ်မလဲ။ ဒါဟာ လေ့လာမှုများစွာရဲ့မေးခွန်းဖြစ်နေပါတယ်။

အဖြေကတော့ ကင်ဆာဖြစ်နိုင်ချေရှိမရှိနဲ့ ထိုအဖုအကျိတ်ရဲ့ အရွယ်အစားပေါ်မူတည်ပါလိမ့်မယ်။ ရွေးချယ်စရာနှစ်ခုရှိပါတယ်- စောင့်ကြည့်နေမလား၊ သည်းခြေအိတ်ကိုဖယ်ပစ်မလား တို့ဖြစ်တယ်။ ၁ စင်တီမျီုတာ သို့ ၁.၅ စင်တီမီတာထက်ပိုသေးပါက သည်းခြေအိတ်ဖယ်ပစ်စရာမလိုဘဲ ပုံမှန်ပြောင်းလဲမှုတွေကို စောင့်ကြည့်သွားရုံနဲ့ရပါတယ်။

၁ စင်တီမီတာ၊ အထူးသဖြင့် ၁.၅ စင်တီမီတာထက်ပိုကြီးပါက ကင်ဆာဖြစ်နိုင်ချေ ၄၆-၇၀ ရာခိုင်နှုန်းထိများပါတယ်။

၁.၅ စင်တီမီတာပိုသေးသော အဖုအကျိတ်များကိုစောင့်ကြည့်ခြင်းက ၆ လခန့်ထိကြာနိုင်ပြီး ပြောင်းလဲမှုတစ်ခုခုမရှိပါက ရပ်လိုက်လို့ရပါတယ်။ ဝ.၅ စင်တီမီတာထက်သေးတဲ့ အဖုအကျိတ်တွေကိုတော့ သည်းခြေအိတ်ဖယ်ပစ်ခြင်းနည်းဖြင့်ကုဖို့ လုံးဝအားမပေးပါဘူး။ ထိုမှလောက်သေးငယ်ပါက ကင်ဆာဖြစ်နိုင်ချေအရမ်းနည်းပါတယ်။

ကင်ဆာလို့ထင်ရတဲ့ သည်းခြေအိတ်အဖုအကျိတ်တွေကို သည်းခြေအိတ်ကိုဖယ်ပစ်ခြင်းဖြင့်ကုနိုင်ပါတယ်။ အရွယ်ကြီးပါက ကင်ဆာဖြစ်မှုကိုကာကွယ်ထားဖို့ သည်းခြေအိတ်ဖယ်ပစ်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။

သည်းခြေအိတ်အဖုအကျိတ်များကိုမည်သို့ကုမယ်ဆုံးဖြတ်ခြင်းက ခွဲစိတ်ကုလို့ရလာမယ့်ကောင်းကျိုးတွေနဲ့ကင်ဆာဖြစ်လာနိုင်ချေကိုမျှတပြီးထည့်တွက်စဉ်းစားတတ်ဖို့လိုပါလိမ့်မယ်။ ကင်ဆာဖြစ်လာနိုင်ချေတွေကို ထည့်စဉ်းစားပြီး အမြဲဂရုတစိုက်စောင့်ကြည့်နေခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသနည်းများ

စားသောက်မှုပုံစံကအဓိကအချက်ဖြစ်တယ်။ အမျှင်ဓါတ်များများပါပြီး ကျန်းမာရေးညီညွတ်စွာစားခြင်းဖြင့် သည်းခြေကျောက်ဖြစ်လာမှုကိုကာကွယ်သင့်တယ်။ ဆန်၊ စပါး၊ ဂျုံ၊ ပေါင်မုန့် တို့မှာပါတဲ့ အစေ့အဆန်တွေနဲ့ သကြားဓါတ်ဟာလည်း သည်းခြေရောဂါဖြစ်နိုင်ချေကိုများစေပါတယ်။ အညိုရောင်ဆန်၊ ဂျုံပေါင်မုန့်၊ ငါးဆီ၊ သံလွင်ဆီတို့ကိုစားသင့်ပါတယ်။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရအောင် ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. What are the risk factors for gallbladder cancer? http://www.cancer.org/cancer/gallbladdercancer/detailedguide/gallbladder-risk-factors. Accessed 14 Nov, 2016
2. Gallbladder Disease. http://www.healthline.com/health/gallbladder-disease#Overview1. Accessed 14 Nov, 2016
3. Gallbladder polyps. http://www.mayoclinic.org/gallbladder-polyps/img-20005745. Accessed 14 Nov, 2016
4. Gallbladder Polyps. http://www.everydayhealth.com/gallbladder/gallbladder-polyps.aspx. Accessed 14 Nov, 2016
5. Andrén-Sandberg, Å. (2012). Diagnosis and Management of Gallbladder Polyps. North American Journal of Medical Sciences, 4(5), 203–211. http://doi.org/10.4103/1947-2714.95897
6. Gallbladder Problems: Disease, Symptoms & Natural Remedies. http://www.globalhealingcenter.com/natural-health/gallbladder-problems-disease-symptoms-natural-remedies/. Accessed 14 Nov, 2016

ယခုပုံစံ

12/05/2020

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!



Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement