backup og meta

ဝှေးစေ့ကင်ဆာ

ဝှေးစေ့ကင်ဆာ

အတွေ့ရများတဲ့ အန္တရာယ်အရှိဆုံးကင်ဆာတစ်ခုကတော့ ဝှေးစေ့ကင်ဆာပါပဲ။ ဒီကင်ဆာဟာ အမျိုးသားငယ်တွေရဲ့ ဝှေးစေ့မှာ ဖြစ်တတ်ပါတယ်။ အချက်အလက်တွေအရ လူဖြူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အဲဒီအပြင် အသက် ၁၅နှစ်နဲ့ ၃၅နှစ်ကြား အမျိုးသားတွေမှာ ပိုတွေ့ရပါတယ်။ ထူးထူးခြားခြားအနေနဲ့သာ ၁၅နှစ်အောက် ယောကျာ်းလေးတွေနဲ့ လူကြီးပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။

ဝှေးစေ့ကင်ဆာ ဆိုတာဘာလဲ

ဝှေးစေ့ဆိုတာ သင့်လိင်တံဘေးက ကပ္ပါယ်အိတ်ထဲမှာ ရှိနေတဲ့ အရာကိုခေါ်တာပါ။ သုက်ကောင်နဲ့ ဖိုဟော်မုန်းထွက်ဖို့ တာဝန်ယူပေးပါတယ်။ ဝှေးစေ့ကင်ဆာဆဲလ်တွေဟာ ၂မျိုး၂စားရှိပြီး အမျိုးအစားနဲ့ ကင်ဆာအဆင့်ပေါ် မူတည်ပြီး ဆရာဝန်က သင့်အတွက် အကောင်းဆုံးဖြစ်မယ့် ကုသမှုမျိုးကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

ဘာကြောင့်ဖြစ်ရသလဲ

ဝှေးစေ့ကင်ဆာ ဖြစ်ရတဲ့အကြောင်းကို ခုထိ မသိသေးပါဘူး။ သုတေသနတွေ့ရှိချက်တွေအရ ဆဲလ်တစ်ချို့ ပုံမမှန်ပွားလာတဲ့အခါမှာ ကင်ဆာဖြစ်လာပါတယ်။ ကျန်တဲ့ ကောင်းမွန်တဲ့ဆဲလ်တွေပါ ပြောင်းလဲကုန်ပြီး ဝှေးစေ့ထဲမှာ အကြိတ်ပုံစံ ဖြစ်လာပါတယ်။ ဒါပေမယ့် ခုဖော်ပြမယ့် အကြောင်းအရင်းတွေကတော့ ဝှေးစေ့ကင်ဆာဖြစ်ဖို့ကို ပိုပြီးတွန်းအားပေးပါတယ်။

  • မွေးရာပါ ဝှေးစေ့နေရာမှန်မှာ မရှိခြင်း
  • ပုံမမှန် ဝှေးစေ့ဖွံ့ဖြိုးခြင်း
  • ဝှေးစေ့ကင်ဆာဖြစ်ဖူးရင်
  • မိသားစုထဲမှာ ဝှေးစေ့ကင်ဆာဖြစ်ဖူးသူ ရှိရင်

ရောဂါလက္ခဏာတွေက ဘာတွေလဲ

ကင်ဆာဖြစ်တယ်လို့ မသိမချင်း တချို့လူတွေမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒါပေမယ့် အများစုမှာတော့ ဒီလိုလက္ခဏာတွေ ပေါ်လာရင် ဆေးခန်းပြပြီး စစ်ဆေးသင့်ပါတယ်။

အကြိတ်ထွက်ခြင်း – အတွေ့ရများဆုံး လက္ခဏာကတော့ ဝှေးစေ့ရောင်လာတာ၊ အလုံးအကြိတ် စမ်းမိတာပါပဲ။ တခါတလေမှာ နာကျင်မှုခံစားရနိုင်တာလည်း ရှိပါတယ်။ ကပ္ပါယ်အိတ်နဲ့ ဗိုက်အောက်ပိုင်းမှာ ကိုက်ခဲတာ၊ လေးပင်နေသလို ခံစားရနေရတာတွေလည်း ရှိနိုင်ပါတယ်။

  • ရင်သားကြီးလာခြင်း
  • ကပ္ပါယ်အိတ်ထဲမှာ အရည်တွေစုမိလာခြင်း
  • ခါးနောက်ကျောနာခြင်း
  • စောစီးစွာ လူပျိုဖော်ဝင်ခြင်း
  • ကင်ဆာက အဆုတ်ထိပြန့်သွားတာမျိုး ရှိရင်တော့ အသက်ရှူကြပ်လာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ သွေးပါခြင်းတို့ဖြစ်နိုင်ပါတယ်။
  • အသည်းကိုပြန့်နေရင်တော့ ဗိုက်နာတာမျိုး ရှိလာနိုင်ပါတယ်။

ဘယ်လိုကုသမှုတွေ ရှိသလဲ

အရင်ဆုံးတော့ ကင်ဆာအဆင့် ဘယ်လောက်ရှိနေပြီလဲဆိုတာကို ရှာဖွေရပါတယ်။ အဆင့် ၁ ဆိုရင် ကင်ဆာဆဲလ်တွေဟာ ဝှေးစေ့အပြင် တခြားနေရာကို မရောက်သေးပါဘူး။ အဆင့်မှာတော့ ဗိုက်ထဲက ပြန်ရည်ကြောအဖုတွေဆီ ရောက်နေပြီး အဆင့် ၃ ဆိုရင်တော့ တခြားအစိတ်အပိုင်းတွေဆီ ပျံ့နှံ့တော့မှာပါ။ အဲဒီလိုအဆင့်သတ်မှတ်ပြီးရင်တော့ ကင်ဆာအမျိုးအစားနှစ်မျိုးထဲက ဘယ်ဟာဖြစ်တယ်ဆိုတာကို သတ်မှတ်ပါမယ်။ ကုသမှုအနေနဲ့တော့ ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်နဲ့ကုသခြင်း၊ ဆေးသွင်းကုသခြင်းဆိုပြီး ၃မျိုး ရှိပါတယ်။

ကံကောင်းစွာနဲ့ပဲ ဝှေးစေ့ကင်ဆာဟာ ကုသလို့ရသလို၊ စောစောစီးစီးသိခဲ့ရင် အရှင်းပျောက်ကင်းနိုင်တဲ့ ကင်ဆာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ဝှေးစေ့နဲ့ လိင်တံနားမှာ မူမမှန်တဲ့ လက္ခဏာတခုခုရှိလာတာနဲ့ ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့ လိုပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Testicular Cancer. http://emedicine.medscape.com/article/279007-overview#a6. Accessed
September 30, 2016.

Testicular Cancer. http://www.mayoclinic.org/diseases-conditions/testicular- cancer/basics/causes/con-
20043068. Accessed September 30, 2016.

Testicular Cancer. https://medlineplus.gov/ency/article/001288.htm. Accessed September 30, 2016.

Testicular Cancer. http://www.cancer.org/cancer/testicularcancer/detailedguide/testicular-cancer- what-
causes. Accessed September 30, 2016.

ယခုပုံစံ

16/02/2022

Dr. Phio Thiha မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!



Dr. Phio Thiha မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement