backup og meta

ကင်ဆာနာကျင်မှုကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းများ

ကင်ဆာနာကျင်မှုကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းများ

ကင်ဆာရောဂါကြောင့် နာကျင်ခြင်းက အလွန်အမင်း ဆိုးရွားတဲ့အတွက် တချို့ အခြေအနေတွေမှာ သတိလစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ အဲဒီနာကျင်မှုက သင့်ကိုကောင်းကောင်း မလှုပ်ရှားနိုင်အောင် တားဆီးထားပြီး သင့်ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ တကယ့်လို့ ကင်ဆာကြောင့် ဖြစ်လာတဲ့ နာကျင်မှုကို တောင့်ခံဖို့ လိုနေတယ်ဆိုရင် အခုပြောပြမယ့် အချက် ၇ ချက်က သင့်အတွက်ပါ။

နာကျင်မှု အဆင့်ကို တိုင်းတာပါ။

နာကျင်မှု စလာတာနဲ့ အဲဒီ နာကျင်မှုကို သတိပြုပြီး အဆင့် ၀ ကနေ ၁၀ အကြား သတ်မှတ်ကြည့်ပါ။ အဆင့် ၀ က နာကျင်မှု မရှိဘူးဆိုတဲ့ အဆင့်ဖြစ်ပြီး အဆင့် ၁၀ ကတော့ နာကျင်မှု အဆိုးဆုံးအဆင့် ဖြစ်ပါတယ်။ သင့်အနေနဲ့ ဘာက နာကျင်မှုကို စစေသလဲ၊ ဘာက နာကျင်မှုကို ပိုကောင်းစေသလဲ၊ ပိုဆိုးစေသလဲ၊ နာကျင်မှုက ဘယ်လောက်ကြာလဲ ဆိုတာ သိထားရပါမယ်။ ဒါ့အပြင် ဘယ်နေရာတွေမှာ နာတာလဲ စတဲ့ အသေးစိတ် အချက်အလက်တွေကို ရေးမှတ်ထားဖို့ လိုပါလိမ့်မယ်။ အသေးစိတ် အချက်အလက်တွေက နာကျင်မှုကို သက်သာဖို့ ကုသတဲ့အခါ အသုံးဝင်ပါလိမ့်မယ်။

ကင်ဆာ အကိုက်အခဲ ပျောက်ဆေးတွေကို သင့်ကို မှာကြားထားတဲ့အတိုင်း သောက်ပါ။

ဆေးတွေကို ဆရာဝန် ညွှန်ကြားထားတဲ့ အတိုင်းပဲ သုံးသင့် ပါတယ်။ အကြောင်းက ဆရာဝန် ပေးတဲ့ဆေးတွေက ကောင်းကျိုးရော၊ ဆိုးကျိုးရော ရှိနိုင်လို့ပါ။ သင့်ဘာသာသင် သောက်ရမယ့် ဆေးပမာဏကို ပြောင်းလဲပစ်တာတွေ မလုပ်သင့်ပါဘူး။ ဒါက ကင်ဆာရဲ့ နာကျင်မှုကို ကုသဖို့အတွက် သင့်တော်တဲ့ ဆေးနည်းချိန်ရာမှာ အခက်အခဲ ဖြစ်စေလို့ပါ။

သင့်ရဲ့ နာကျင်မှုအကြောင်း ရင်ဖွင့်ပါ။

သင့်ရဲ့ ချစ်ရသူတွေ၊ မိသားစုဝင်တွေက သင့်အခြေအနေ၊ ရောဂါလက္ခဏာ၊ အတွေးတွေနဲ့ နာကျင်မှုအဆင့်ကို သိတာနဲ့ သင့်ကို ကူညီနိုင်ပါလိမ့်မယ်။ နာကျင်မှု အကြောင်း ရင်ဖွင့်တာက တစ်ပါးသူကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ ဘယ်တော့မှ မထင်ပါနဲ့။ ပွင့်လင်းပြီး အကောင်းဘက်က တွေးပါ။ သင့်ကို အထောက်အကူပေးမယ့် သင့်ကို ချစ်တဲ့သူတွေ ရှိပါတယ်။ သင့်အကြောင်းကို သင့်အနားက လူတွေနဲ့ ဝေမျှခြင်းကလည်း သင့်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။

 နာကျင်မှုတွေကို စောင့်မနေပါနဲ့။

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်ပါတယ်။ သင်နာကျင်မှုကို စတင်ခံစားရတာနဲ့ ဆရာဝန်ဆီ သွားပြီး ရောဂါ ပိုမဆိုးလာအောင် ဆေးတွေကို ညွှန်ကြားထားတဲ့အတိုင်း မှန်မှန်သောက်ပါ။ တကယ်လို့ နာကျင်မှုက ပိုဆိုးလာတဲ့အခါ သင်ဟာ သတိလစ်တဲ့အထိ ဖြစ်နိုင်ပြီး ကုသမှုတွေက ပိုခက်လာလိမ့်မယ်။ သင့်ရဲ့ နာကျင်မှုကို အချိန်ပြည့် ထိန်းချုပ်ပြီး လိုအပ်တဲ့ ကုသမှု ခံယူခြင်းက အရေးကြီးပါတယ်။ သင့်ရဲ့ ကုသမှုတွေက သင့်ကို မသက်သာစေဘူးဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

အပ်စိုက်ကုထုံးကို သုံးကြည့်ပါ။

အပ်စိုက်ကုထုံးတွေက ကြွက်သားနဲ့ အရိုး နာကျင်မှုတွေအတွက် အကျိုးသက်ရောက်မှု ရှိပါတယ်။

ဒါက သင့်ရဲ့ ကင်ဆာကြောင့် ဖြစ်လာတဲ့ နာကျင်မှု ကုသရာတွေမှာလည်း အထောက်အကူ ပြုပါတယ်။

အပ်စိုက်ကုထုံးက သင့်ကိုယ်ထဲက အဆိပ်အတောက်တွေကို ထွက်စေပါတယ်။ အသေးစိတ် သိချင်ရင်တော့ အပ်စိုက်ကုထုံးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ရှိပါတယ်။

ခွဲစိတ်ဖို့ စဉ်းစားပါ။

ခွဲစိတ်ခြင်းက သင့်ရဲ့ နာကျင်မှုကို ထိန်းချုပ်ပေးပါလိမ့်မယ်။ ခွဲစိတ်မှုတွေက ကြီးလာတဲ့ အကျိတ်တွေကို တတ်နိုင်သလောက် ဖယ်ရှားတာမျိုး ရှိသလို ဖိအားလျှော့ချတာ မျိုးလည်း ရှိပါတယ်။ ခွဲစိတ်ခြင်းက ကင်ဆာဆဲလ်တွေ ပျံ့နှံ့ခြင်းကိုလည်း လျှော့ချပေးပါတယ်။

အပူအအေး ကုသမှုကို အသုံးပြုပါ။

အပူက ရောင်ရမ်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်။ ရေနွေးလေးနဲ့ ရေချိုးခြင်းက လွယ်ကူပါတယ်။ ဒါ့အပြင် ရေနွေးအိတ်၊ ရေနွေးဘူး၊ စတာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ အပေါ်က ပြောသွားတာတွေနဲ့ သင့်ကိုယ်သင် ၁၀ မိနစ်ထက် အပူမပေးပါနဲ့။ တကယ်လို့ နေရထိုင်ရ မသက်မသာ ဖြစ်လာရင် အသုံးပြုမှုကို ရပ်လိုက်ပါ။

အအေးကုသမှုက သင့်ရဲ့ အာရုံခံစားမှုတွေကို ထုံသွားစေခြင်းဖြင့် နာကျင်မှုကို လျှော့ချပေးပါတယ်။ အေးခဲပြီး နူးညံ့နေတဲ့ အအေးဂျယ်လ်ထုပ်ကို အသုံးပြုပါ။ အေးခဲနေတဲ့ ပဲစေ့တွေကို ထည့်ထားတဲ့အိတ်၊ ရေခဲတုံးတွေ ထုတ်ထားတဲ့ ပုဝါတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ၁၀ မိနစ်ထက်တော့ ပိုမသုံးပါနဲ့။ တကယ်လို့ အသုံးပြုနေတုန်း နေရတာ မသက်မသာ ဖြစ်လာရင် အသုံးပြုတာကို ရပ်လိုက်ပါ။

တစ်ခါတစ်လေမှာ ကင်ဆာကြောင့်ဖြစ်တဲ့ နာကျင်မှုတွေက ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။ တစ်ခါတစ်လေ ကျတော့လည်း ကင်ဆာကြောင့်ပါ။ နာကျင်မှုကို ထိန်းချုပ်တာက သင့်အတွက် ခက်ခဲနိုင်ပါတယ်။ သင့် ဆရာဝန်ဟာ သင်ဘာကို ကျော်ဖြတ်နေလဲ နားလည်အောင် လုပ်ပေးရပါမယ်။ အဓိက ကတော့ ဆရာဝန်က Yes လို့ ပြောပြီးတာနဲ့ သင့်ရဲ့ နာကျင်မှုတွေကို ထိန်းချုပ်ဖို့ နည်းလမ်းတွေ စတင်လိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ain Management: Cancer Pain. http://www.webmd.com/lung-cancer/guide/pain-management-cancer-pain?page=2. Accessed December 25, 2016.

7 Tips for Successful Cancer Pain Medication Use. https://www.verywell.com/getting-the-most-out-of-your-pain-medication-2252308. Accessed December 25, 2016.

Other ways of treating cancer pain. http://www.cancerresearchuk.org/about-cancer/coping-with-cancer/coping-physically/pain/treatment/other-ways-of-treating-cancer-pain. Accessed December 25, 2016.

Heat and Cold Treatment for Cancer Pain. http://www.webmd.com/cancer/heat-and-cold-treatment-for-cancer-pain. Accessed December 25, 2016.

Cancer Pain Management. http://www.kantrowitz.com/cancerpoints/cancerpainmanagement.html

ယခုပုံစံ

16/09/2020

Kyaw Thura Htun မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကင်ဆာကုထုံးရဲ့ ကိုယ်ခံအားစနစ်အပေါ်အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ

သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှု



Kyaw Thura Htun မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement