backup og meta

ကလေးအရွယ်တွင်ခံစားရသော အဆုတ်ကင်ဆာကို ကုသပြီးနောက်ပိုင်း ဖြစ်ပေါ်လာသောအကျိုးဆက်များ

ကလေးအရွယ်တွင်ခံစားရသော အဆုတ်ကင်ဆာကို ကုသပြီးနောက်ပိုင်း ဖြစ်ပေါ်လာသောအကျိုးဆက်များ

ကလေးအရွယ်တွင်ခံစားရသော အချို့သော အဆုတ်ကင်ဆာများသည် ကုသပြီးနောက်ပိုင်း အောက်ပါအကျိုးဆက်များခံစားရနိုင်ပါသည်။

· ဟော့ခ်ျကင်း အကြိတ်ကင်ဆာ

· ကျောက်ကပ်အကြိတ်ကင်ဆာ

· ပင်မဆဲလ်ကိုအစားထိုးကုသရသော ကင်ဆာ

အချို့သောကင်ဆာဆေး(ဓါတုဗေဒဆေး)များနှင့် ဓါတ်ရောင်ခြည်ပေးခြင်းတို့သည် ကင်ဆာကုပြီးနောက် သက်ရောက်မှုများကို ပိုဖြစ်စေပါသည်။

အောက်ပါတို့သည်ဖြစ်နိုင်ချေရှိသော ကျန်းမာရေးအခြေအနေများဖြစ်ပါသည်။

· အဆုတ်တွင် ကင်ဆာဖြစ်နေသောအစိတ်အပိုင်း နှင့် ရင်ဘတ်ကို ခွဲစိတ်ဖယ်ရှားခြင်း

· Bleomycin, Busulfan, Carmustine, Lomustine စသည့်ကင်ဆာဆေး (ဓါတုဗေဒဆေး)ဖြင့်ကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့သည် အဆုတ်ကိုထိခိုက်စေသည်။

· ရင်ဘတ်ကို ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းသည် ဓါတ်ရောင်ခြည်ပမာဏအနည်းအများ၊ ဓါတ်ရောင်ခြည်ပေးသော အစိတ်အပိုင်းနှင့် ဓါတ်ရောင်ခြည်လက်ခံရရှိမှုအပေါ်မူတည်ပြီးအဆုတ်ကို ထိခိုက်မှု အနည်းအများကွာခြားပါသည်။

· ပင်မဆဲလ်ကိုအစားထိုးမကုသမီ တကိုယ်လုံးကို ဓါတ်ရောင်ခြည်ပေးခြင်း။

အဆုတ်ကင်ဆာကုထုံး၏ နောက်ဆက်တွဲကျန်းမာရေးပြသနာများသည် ခွဲစိတ်ခြင်း၊ စသည့်ကင်ဆာဆေး (ဓါတုဗေဒဆေး)ဖြင့်ကုသခြင်း၊ ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့တွဲကုသရသော ကလေးများတွင် ပိုဖြစ်တတ်ပါသည်။ ထို့ပြင် အောက်ပါရောဂါများရှိလျှင်လည်း ဆေးဒဏ်ကို ပိုခံရနိုင်ပါသည်။

· ပင်မဆဲလ် အစားထိုးပြီးနောက် ဓါတ်မတည့်မှုဖြစ်ခြင်း၊ ပိုးဝင်ခြင်း

· ပန်းနာရင်ကျပ်ရောဂါနှင့် အသက်ရှုလမ်းကြောင်းရောဂါ ရှိသူများ

· ဆေးလိပ်နှင့် အခြားသောမူးကစ်ဆေးသုံးသူများ

အဆုတ်ကင်ဆာသည်များသည်ဆေးဒဏ်ကြောင့် အချို့သော ကျန်းမာရေးပြသနာများခံစားရနိုင်ပါသည်။

အဆုတ်တွင်ခံစားရသော ဆေးဒဏ်ကြောင့် အချို့သော ကျန်းမာရေးပြသနာများမှာ အောက်ပါတို့ဖြစ်သည်။

· ဓါတ်ရောင်ခြည်ကုထုံးကြောင့် အဆုတ်ရောင်ခြင်း

· အဆုတ်တွင် အမာရွတ်များဖြစ်ခြင်းကြောင့် အဆုတ်သိပ်သည်းဆများလာခြင်း

· နာတာရှည် လေပြွန်ကျဉ်းရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ ရက်ရှည်ချောင်းဆိုးခြင်း၊ ရင်ကျပ်ပန်းနာရောဂါ စသည်တို့ခံစားရခြင်း

အောက်ပါတို့သည် အသက်ရှုကျပ်ခြင်း နှင့် ချောင်းဆိုးခြင်းတို့ သည် အဆုတ်ကိုထိခိုက်ခြင်းကြောင့် ဖြစ်လာနိုင်မည့် လက္ခဏာများဖြစ်သည်။

· မောပန်းခြင်း (အသက်ရှုမဝခြင်း)

· အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း

· ဖျားခြင်း

· ချောင်းခြောက်ဆိုးခြင်း

· ရင်ကျပ်ခြင်း (အဆုတ်တွင် ချွဲများပိတ်ခြင်းကြောင့်ရင်ကျပ်ခြင်း)

· မောပန်းခြင်း

အထက်ပါတို့ခံစားရလျှင် ကလေးဆရာဝန်ထံသွားပြပါ။

ကလေးငယ်များတွင် ကင်ဆာဆေးဒဏ်သည် တဖြေးဖြေးခံစားလာရသည်ရှိသကဲ့သို့ မခံစားရသည်များလည်းရှိသည်။ သို့သော် ကြာလာသည်နှင့်အမျှ ပိုဆိုးလာတတ်ပါသည်။ တခါတရံတွင် ဓါတ်မှန်ရိုက်ခြင်းနှင့် အဆုတ်ကိုဆေးစစ်ခြင်းများလုပ်မှသာ အဆုတ်၏အခြေအနေကို သိနိုင်သည်။

အဆုတ်၏ အခြေအနေကို သိရှိရန် လိုအပ်သော စစ်ဆေးမှုများကို ပြုလုပ်ရန်လိုပါသည်။

အောက်ပါတို့သည် အဆုတ်၏ အခြေအနေကို သိရှိရန် လိုအပ်သော စစ်ဆေးမှုများဖြစ်ပါသည်။

· လူနာ၏ ရာဇဝင်ကိုမေးမြန်းခြင်းနှင့် စစ်ဆေးခြင်း

ခန္ဓာကိုယ်တခုလုံးကို ကျန်းမာရေးစစ်ဆေးမှုပြုခြင်း၊ ရောဂါလက္ခဏာများစစ်ဆေးခြင်းနှင့် အကြိတ်များကိုစစ်ဆေးခြင်းနှင့် အခြားသော မူမမှန်သောပြောင်းလဲမှုများကိုစစ်ဆေးခြင်း တို့ကိုပြုလုပ်သည်။ ထို့အပြင်လူနာ၏နဂိုရောဂါများနှင့် နေထိုင်စားသောက်မှုပုံစံများကို စစ်ဆေးခြင်း။

· ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း

အင်္ဂါများနှင့်အရိုးများကို ဓါတ်မှန်ရိုက်ပြီးစစ်ဆေးခြင်းဖြစ်သည်။ ဓါတ်မှန်ဆိုသည်မှာ ခန္ဓာကိုယ်ထဲရှိမမြင်နိုင်သော အစိတ်အပိုင်းများကိုတွေ့ရန် ရောင်ခြည်တခုထုတ်လွှတ်ကာ ပုံရိပ်ဖမ်းယူခြင်းဖြစ်သည်။

· အဆုတ်၏ စွမ်းဆောင်ရည်ကို စစ်ဆေးခြင်း

၎င်းသည် အဆုတ်တွင် ရှုသွင်းရှုထုတ်လုပ်နိုင်သော လေပမာဏ၊ အောက်ဆီဂျင်သုံးစွဲသည်ပမာဏ၊ ကာဗွန်ဒိုင်အောက်ဆိုက် ရှုထုတ်သည့်ပမာဏကို စမ်းသပ်ခြင်းဖြင့် အဆုတ်၏ အလုပ်လုပ်နိုင်စွမ်းကို စစ်ဆေးခြင်းဖြစ်သည်။

· သင့်ကလေးတွင်ခံစားနေရသော ကျန်းမာရေးပြသနာများနှင့် လိုအပ်ချက်များကို ဆရာဝန်နှင့် တိုင်ပင်ကာစစ်ဆေးခြင်းပြုလုပ်ပါ။ စစ်ဆေးမှုများကို အချိန်ကာလအပိုင်းအခြားနှင့် လိုအပ်သလိုထပ်ပြီး ပြုလုပ်ပါ။

ကျန်းမာစေသော စားသောက်နေထိုင်မှုပုံစံများရှိရန်လည်း ကင်ဆာဆေးဒဏ်ခံစားနေရသော ကလေးအရွယ်တွင်ခံစားရသော အဆုတ်ကင်ဆာများအတွက် အရေးကြီးပါသည်။

ကင်ဆာဆေးဒဏ်ခံစားနေရသော ကလေးများသည် ကျန်းမာရေးအတွက်

· ဆေးလိပ်ဖြတ်ခြင်း

· ရာသီတုပ်ကွေး နှင့် နမိုးနီးယားရောဂါ ကာကွယ်ဆေးများထိုးခြင်း တို့ပြုလုပ်သင့်သည်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Late Effects of Treatment for Childhood Cancer. http://www.cancer.gov/types/childhood-cancers/late-effects-pdq#section/all. Accessed 28/07/2015.

ယခုပုံစံ

01/02/2022

Hello Sayarwon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆုတ်ကင်ဆာက သင့်ခန္ဓါကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

အဆုတ်ကင်ဆာ၏ နောက်ဆက်တွဲဆိုးကျိုးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement