ယနေ့ခေတ်မှာသားအိမ်ခေါင်းကင်ဆာကအသက်ဘေးကိုပါရန်ရှာလာတဲ့အတွက်အမျိုးသမီးထုကြီးကစိုးရိမ်လာပါပြီ။ ဒါ့ကြောင့်သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ့အချက်တွေကိုသင့်အနေနဲ့သိထားဖို့အရေးကြီးပါတယ်။ အခုပြောပြမှာကသင်သိထားသင့်တဲ့သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ့အချက်လေးတွေပါ။
- အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့ရီပို့အရ၂၀၁၆ခုနှစ်မှာသားအိမ်ခေါင်းကင်ဆာဖြစ်သူအရေအတွက်မှာ၁၂၉၉၀ရှိပြီးသားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူ၄၁၂၀ရှိကြောင်းတွေ့ရပါတယ်။
- သားအိမ်ခေါင်းကင်ဆာကဒုတိယအဖြစ်အများဆုံးကင်ဆာဖြစ်ပါတယ်။
- သားအိမ်ခေါင်းကင်ဆာကိုလုံးဝရှောင်ကျဉ်လို့ရပါတယ်။ အမေရိကန် ရဲ့သားအိမ်ခေါင်းကင်ဆာကြောင့်သေဆုံးသူမှတ်တမ်းအရကာကွယ်မှုတွေကြောင့် သေဆုံးနှုန်းလျော့သွားတာတွေ့ရပါတယ်။
- သားအိမ်ခေါင်းကင်ဆာကတဖြည်းဖြည်းချင်းကြီးထွားလာတဲ့ကင်ဆာမျိုးဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာစဖြစ်နေချိန်နဲ့သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်ချေရှိခြင်းကိုစမ်းသပ်မှုတွေပြုလုပ်လို့ရနိုင်ပါပြီ။ စမ်းသပ်မှုတွေကသားအိမ်ခေါင်းအချွဲမြှေးစစ်ခြင်းနဲ့ human papilloma virus test ပဲဖြစ်ပါတယ်။
- Human Papilloma Virus (HPV) နဲ့ကူးစက်ခံရခြင်းကသားအိမ်ခေါင်းကင်ဆာကြီးထွားမှုနဲ့ဆက်နွယ်နေပါတယ်။
- Human Papilloma Virus ကိုကာကွယ်ဖို့ကာကွယ်ဆေးရှိပါတယ်။
- ကျန်းမာတဲ့နေထိုင်မှုပုံစံကိုလိုက်နာခြင်းကသင့်ရဲ့သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်နှုန်းကိုလျော့စေပါတယ်။
- လိင်ဆက်ဆံသူအရေအတွက်ကန့်သတ်ထားခြင်း
- ဘေးကင်းတဲ့စိတ်ချရတဲ့လိက်ဆက်ဆံမှုကိုလေ့ကျင့်ခြင်း
- လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း
- ကျန်းမာစွာစားသောက်ခြင်း
- ဆေးလိပ်ရှောင်ခြင်း
သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေမြင့်စေတဲ့အရာတွေကတော့
- ခုခံအားကျဆင်းမှုရောဂါ
- ခုခံအားကျဆင်းနေခြင်း
- သင့်မိခင်ကိုယ်ဝန်ဆောင်စဉ်က diethylstilbestrol (DES) နဲ့ထိတွေ့မိခြင်း
- သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကိုသင့်အသက်၂၁မှာစသင့်ပါတယ်။ သက်ဆိုင်တဲ့ပညာရှင်တွေကသင့်ကိုပြုလုပ်ရမယ့်စစ်ဆေးမှုတွေနဲ့ကူညီမှာဖြစ်ပြီးသင့်တော်တဲ့စစ်ဆေးမှုတွေကိုလည်းရွေးပေးမှာပါ။
အကျဉ်းချုံးပြီးပြောရရင်သင့်အနေနဲ့သားအိမ်ခေါင်းကင်ဆာဖြစ်လာနိုင်ခြေကိုလျှော့ချသင့်ပါတယ်။ ဒါ့အပြင်သင့်မှာသားအိမ်ခေါင်းကင်ဆာရှိမရှိစစ်ဆေးဖို့ကမလုပ်မဖြစ်လုပ်ရမှာဖြစ်ပြီးသင့်အနေနဲ့သင့်ဆရာဝန်ကိုသင်နဲ့သင့်တော်မယ့်သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုလုပ်ပေးဖို့ဆွေးနွေးပါ။
အခုပြောပြသွားတာတွေကသားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ ယေဘူယျအကျဆုံးအချက်တွေပါ။ အသေးစိတ်ကိုတော့ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]