သားအိမ်ခေါင်းကင်ဆာ

အမျိုးသမီးထုတွေမှာ အဖြစ်များတဲ့ ကင်ဆာတစ်မျိုးဖြစ်တဲ့ သားအိမ်ခေါင်း ကင်ဆာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် အသက်ရှင်နှုန်းများ

ကင်ဆာရှိပြီဆိုရင် လူနာတွေ ပြန်‌မေးတတ်ကြတာက ကျွန်တော်/ ကျွန်မ ဘယ်လောက်အသက်ရှင်မှာလဲဆိုတာပါ။ ရုပ်ရှင်တွေထဲကို ၆လပဲ ခံတော့မယ်တို့ ၃လပဲ ကျန်တော့မယ်လို့ဆိုတာက  တကယ့်လက်တွေ့မှာ ပြောရခက်ပါတယ်။ လူ့သက်တမ်းဆိုတာ ပြောရအခက်သားမလား။ ၆လပဲခံမယ်လို့ ပြောပြီး ချက်ချင်း ခေါက်ခနဲ ဆုံးသွားတာတွေလည်း ရှိနိုင်တာကိုး။ သားအိမ်ခေါင်းကင်ဆာကလည်း ဒီသဘောအတိုင်းပါပဲ။ လူ့သက်တမ်းကို မှန်းရခက်တယ်ဆိုပေမယ့် သိပ္ပံနည်းလမ်းကျ တွက်ချက်ထားတဲ့ သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် အသက်ရှင်နှုန်းများ ဆိုတာတော့ ရှိပါတယ်။ သားအိမ်ခေါင်းကင်ဆာအဆင့်အလိုက် သတ်မှတ်ချက် သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး အသက်ရှင်နှုန်းကို မပြောခင် သားအိမ်ခေါင်းကင်ဆာ အဆင့်တွေကို သိထားဖို့ လိုပါတယ်။ ဒါမှ ဘယ်အဆင့်မှာ ဘယ်လောက်ရာခိုင်နှုန်း အသက်ရှင်မယ်ဆိုတာ နားလည်နိုင်မှာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အမျိုးမျိုးက သားအိမ်ခေါင်းကင်ဆာကို ပုံစံအမျိုးမျိုးနဲ့ အဆင့်သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အခြေခံယူဆချက်တွေကတော့ တူတူပါပဲ။ ဥပမာ ကင်ဆာနုသေးရင် သားအိမ်ခေါင်းနဲ့ သားအိမ်နားလောက်ပဲ ရှိမယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း