backup og meta

1

မျှဝေပါ။

သားအိမ်ခေါင်းကင်ဆာကြောက်လန့်မှုနဲ့ ဘယ်လို သဟဇာတဖြစ်အောင် နေထိုင်မလဲ

သင့် သားအိမ်ခေါင်း ကင်ဆာကို အောင်မြင်စွာ ကုသပြီးနောက်ပိုင်းမှာ ပြန်ဖြစ်မှာ ကြောက်လန့်တဲ့စိတ် ဖြစ်နိုင်ပါတယ်။ ဒီလို ကြောက်လန့်မှုက သင့်နာလန်ထမှုကို အထောက်အကူ မပြုတဲ့အပြင် သင့်ဘဝကိုပါ မကောင်းတဲ့ သက်ရောက်မှုတွေ ရှိစေပါတယ်။ သင့်အနေနဲ့ နည်းလမ်း တစ်ခုခုကို အသုံးပြုပြီး ဒါကို ထိန်းချုပ်ဖို့ လိုပါတယ်။

သားအိမ်ခေါင်းကင်ဆာကြောက်လန့်မှုနဲ့ ဘယ်လို သဟဇာတဖြစ်အောင် နေထိုင်မလဲ

Recurrence ဆိုတာဘာလဲ

ကုသပြီးကင်ဆာက နဂိုနေရာမှာဖြစ်ဖြစ် ကိုယ်ရဲ့တခြားနေရာမှာပဲ ဖြစ်ဖြစ် ပြန်ဖြစ်တာကို ဆိုလိုတာပါ။ အဲဒါကို metastasis လို့ ခေါ်ပါတယ်။ သင့်ရဲ့ကိုယ် တခြား အစိတ်အပိုင်းတစ်ခုမှ ကုသပြီးသား ကင်ဆာအဟောင်းနဲ့ မသက်ဆိုင်တဲ့ ကင်ဆာအသစ်လည်း ဖြစ်နိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ပြန်ဖြစ်တယ် ဆိုတာက ကုသမှုတွေဟာ ကင်ဆာဆဲလ် အားလုံးကို မသတ်လိုက်နိုင်တဲ့ အတွက်ပါ။ စစ်ဆေးမှုတွေက ကင်ဆာဆဲလ် တချို့ကို မတွေ့မိခဲ့လို့ပါ။ ဒါကြောင့် အဲဒီဆဲလ်တွေက ကျန်နေခဲ့ပြီး နောက်ပိုင်းမှာ ပြန်ပေါ်လာပြီး ကင်ဆာ ပြန်ဖြစ်တတ်ပါတယ်။

ကုသမှုအပြီးမှာ ပြန်ဖြစ်မှာ ကြောက်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် အလွန်အမင်း စိုးရိမ်ခြင်းကတော့ သင့်ဘဝကို ထိခိုက်စေနိုင်သလို သင့်ပန်းတိုင်တွေ အစီအစဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုအရ ကင်ဆာပြန်ဖြစ်ပြီးမှ အသက်ရှင်သူတွေက ၁ ကနေ ၃ ရာခိုင်နှုန်း အထိပဲ ရှိပါတယ်လို့ သက်သေပြခဲ့ပါတယ်။ ဒါ့ကြောင့် သင် မကြောက်ဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ အောက်ပါ အချက်လေးတွေ ပေးလိုက်ပါတယ်။

ဒီကြောက်လန့်မှုကို ဘယ်လို ရင်ဆိုင်ရမလဲ

ကြောက်လန့်တဲ့စိတ် ပေါ်စေတဲ့အရာတွေကို မှတ်ထားပါ။

သင့် မသိစိတ်ကနေ စိုးရိမ်ကြောင့်ကြမှုနဲ့ ကြောက်လန့်မှုတွေကို ဖြစ်စေတဲ့အရာတွေ ရှိပါတယ်။ ဒါတွေက သင် ကင်ဆာရှိမှန်း စသိတဲ့နေ့ရဲ့ နှစ်ပတ်လည်နေ့၊ ဒါမှမဟုတ် နောက်ဆက်တွဲ ဆရာဝန် ချိန်းဆိုမှုတွေ ဖြစ်ပါတယ်။ ဒီကြောက်လန့်မှုတွေကို ရင်ဆိုင်ဖို့ သင့်အနေနဲ့ ကြောက်လန့်မှုကို ဖြစ်ပေါ်စေတဲ့ အရာတွေကို သိရပါမယ်။ ဒါ့အပြင် ကင်ဆာအကြောင်း မတွေးမိအောင် လှုပ်ရှားမှု တစ်ခုခု လုပ်နေလည်း အဆင်ပြေပါတယ်။ သင့်စိုးရိမ်မှုကို ဘာက သက်သာစေလဲ ရေးမှတ်ထားပြီး သင့်ကိုယ်သင် အကောင်းမြင်ပါ။

အချိန် အကန့်အသတ် တစ်ခုတော့ စိတ်ဖိစီးနေပါစေ။

သင့်အနေနဲ့ သားအိမ်ခေါင်းကင်ဆာ ပြန်ဖြစ်တာကို ကြောက်လန့်နိုင်ပါတယ်။ အဲဒါကို စိတ်ထဲမှာ တစ်မိနစ်၊ တစ်နာရီ ဒါမှမဟုတ် တစ်နေ့လုံး ထည့်ထားလို့ ရပါတယ်။ သင့်ကို ရူးသွားနိုင်လောက်တဲ့အထိ မတွေးနေဖို့ဘဲ လိုတာပါ။ သင့်စိတ်ကို ကန့်သတ်ထားပြီး အချိန်ပြည့်ရင် လုပ်စရာရှိတာ ဆက်လုပ်ပါ။

ရင်ဖွင့်ပါ။

သင်ချစ်ရတဲ့သူတွေကို သင့်ကြောက်လန့်မှုတွေ အကြောင်း ရင်ဖွင့်တာက ဒီကြောက်လန့်မှုကို ရင်ဆိုင်ဖို့ အသုံးဝင်တဲ့ နည်းလမ်းပါ။ သင် အကူအညီလိုနေကြောင်း ပြောရင် သူတို့က ကူညီဖို့ အသင့်ရှိနေသူတွေပါ။

ဒီလို ရင်ဖွင့်လိုက်ခြင်းက သင့်ရဲ့ မကောင်းတဲ့ အတွေးတွေကို ပျောက်သွားစေတဲ့အပြင် သင့် မိသားစုကိုလည်း သင် ဘာခံစားနေရလဲ သိစေပါတယ်။ သင့်ရဲ့ ကြောက်လန့်မှုကို ရင်ဆိုင်ဖို့ သူတို့ရဲ့ အထောက်အကူပြုမှုနဲ့ အားပေးမှုကို သင်လှိုက်လှိုက်လှဲလှဲ လိုလားကြောင်း သူတို့သိပါစေ။

သင့်ကျန်းမာရေး ကောင်းမွန်လာဖို့ အာရုံစိုက်ပါ။

သင်ကျန်းမာနေရင် သားအိမ်ခေါင်းကင်ဆာ ပြန်မဖြစ်ပါဘူး။ ဒါ့ကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းက လိုအပ်ပါတယ်။ ကျန်းမာတဲ့နေထိုင်မှုပုံစံက သင့်ရဲ့ ကျန်းမာရေး တစ်ခုလုံးကို မြှင့်တင်ပေးပါလိမ့်မယ်။ သင် ထိန်းချုပ်နိုင်တဲ့ အရာတွေကိုပဲ အာရုံစိုက်ပါ။ ဥပမာ – အာဟာရနဲ့ လေ့ကျင့်ခန်း။ ဒါတွေက ကင်ဆာကို သင့်ဆီက ဝေးဝေးသွားစေပါတယ်။

စစ်ဆေးမှုမှန်မှန်လုပ်ပါ။

သင့် သားအိမ်ခေါင်းကင်ဆာ ပြန်ဖြစ်လာမှာကို မကြောက်ဘဲ နေချင်သလား။ အဲဒါဆိုရင်တော့ ကာကွယ်မှု အတွက် နောက်ဆက်တွဲ စစ်ဆေးချက်တွေက အရေးကြီးပါတယ်။ ကုသမှုအပြီး စောင့်ကြည့်မှုတွေကိုလည်း မလွတ်ပါစေနဲ့။ ဒါတွေက အရေးပေါ် လက္ခဏာတွေကို သိစေပြီး စောစော တိုက်ဖျက်နိုင်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coping with Fear of Recurrence. http://www.oncolink.org/coping/article.cfm?c=1521&id=7037. Accessed January 10, 2017.
Fear of the cancer coming back. http://www.cancercouncil.com.au/15291/cancer-information/after-treatment/when-treatment-finishes-after-treatment/living-well-after-cancer-fear-of-recurrence/. Accessed January 10, 2017.
Fear of Cancer Recurrence: 7 Ways for AYAs to Cope. https://www.roswellpark.org/cancertalk/201411/fear-cancer-recurrence-7-ways-ayas-cope

ယခုပုံစံ

03/09/2021

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/09/2021 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement