backup og meta

ရင်သားကင်ဆာခွဲစိတ်မှု ရွေးချယ်စရာနည်းလမ်းများ

ရင်သားကင်ဆာခွဲစိတ်မှု ရွေးချယ်စရာနည်းလမ်းများ

ရင်သားကင်ဆာကို များသောအားဖြင့် ခွဲစိတ်ကုသလေ့ရှိပြီး ခွဲစိတ်ကုသနည်းပေါင်းများစွာ ရှိပါတယ်။ အသင့်လျော်ဆုံး ခွဲစိတ်မှုကို ရရှိဖို့ အချက်အလက်တွေ အတော်များများကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။

ရင်သားကင်ဆာကို စောစောတွေ့ရှိရင် များသောအားဖြင့် ခွဲစိတ်ကုသကြပါတယ်။ ဘယ်လို ခွဲစိတ်မှုမျိုးကြုံရမလဲဆိုတာတော့ အချက်အလက်တွေ အတော်များများပေါ် မူတည်ပါတယ်။ အဓိက အချက်နှစ်ချက်ကတော့ ကင်ဆာရဲ့ အရွယ်အစားနဲ့ ပြန်ရည်ကျိတ်တွေ၊ အခြားနေရာတွေကို ပြန့်သွားပြီလားဆိုတာပဲ ဖြစ်ပါတယ်။ သင့်ရင်သားအရွယ်အစားနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုလည်း ကုသမှု စီစဉ်ခြင်းမှာ ထည့်သွင်း စဉ်းစားသင့်ပါတယ်။

ခွဲစိတ်ကုသမှု နှစ်မျိုး ရှိပါတယ်။ ကင်ဆာ တစ်ရှူးတွေကို ဖယ်ထုတ်မယ့် ခွဲစိတ်မှုနဲ့ ကင်ဆာဟာ ပြန်ရည်ကျိတ်တွေကို ပြန့်သွားပြီလားဆိုတာကို ဆုံးဖြတ်မယ့် ခွဲစိတ်မှု ဆိုပြီး ရှိပါတယ်။ တကယ်လို့ ခွဲစိတ်အထူးကု ဆရာဝန်က သင့်ပြန်ရည်ကျိတ်တွေထဲမှာ ကင်ဆာတွေ့ခဲ့ရင် သူတို့ကိုပါ တစ်ခါတည်း ထုတ်မှာ ဖြစ်ပါတယ်။

ရင်သားကင်ဆာကြောင့် သေဆုံးမှုတွေဟာ စောစော တွေ့ရှိမှုတွေ မရှိမချင်း၊ ခွဲစိတ်နည်းနဲ့ အခြားနည်းပညာတွေ တိုးတက်မလာမချင်း ကျဆင်းလာဖို့ ခဲယဉ်းပါတယ်။

ခွဲစိတ်မှု အမျိုးအစားတွေ အကြောင်း လေ့လာထားသင့်ပါတယ်။ ဒါမှသာ သင့်ကျန်းမာရေးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချပေးဖို့ ကူညီနိုင်မှာဖြစ်ပြီး ရင်သားကင်ဆာ ရှင်သန်သူတွေရဲ့ အရေအတွက် တိုးတက်လာမှာ ဖြစ်ပါတယ်။

Breast-conserving surgery

Lumpectomy ဟာ ကင်ဆာဖြစ်နေတဲ့ တစ်ရှူး (သို့) အကျိတ်ကို ဖယ်ရှားတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ သူဟာ ပတ်ဝန်းကျင်က ဝန်းရံထားတဲ့ ကျန်းမာတဲ့တစ်ရှူးအချို့ကိုပါ ဖယ်ရှားတာ ဖြစ်ပါတယ်။ Lumpectomy ကို breast-conserving (သို့) breast-sparing ခွဲစိတ်မှုလို့ ခေါ်ကြပါတယ်။ Quadrantectomy လို့ ခေါ်တဲ့ ခွဲစိတ်မှုဟာ ရင်သားရဲ့ လေးပုံတစ်ပုံလောက်ကို ထုတ်လိုက်တာဖြစ်ပြီး သူ့ထက်ပိုတဲ့ ခွဲစိတ်မှုကိုတော့ Lumpectomy လို့ ခေါ်တာ ဖြစ်ပါတယ်။

Lumpectomy လုပ်အပြီးမှာ သင့်ဆရာဝန်ဟာ

ဓါတ်ရောင်ခြည် ကုသမှုကို အကြံပေးနိုင်ပါတယ်။ ဒီကုသနည်းဟာ ခွဲစိတ်မှုအပြီး ကျန်နေသေးတဲ့ ကင်ဆာဆဲလ် သေးသေးလေးတွေကို ဖျက်ဆီးပေးနိုင်ပါတယ်။ ဓါတ်ရောင်ခြည်ဟာ ကင်ဆာရှိတဲ့ နေရာကိုသာ ပြင်းထန်တဲ့ energy beam တွေ ပါတဲ့ကိရိယာ ကို အသုံးပြုခြင်း ဖြစ်ပါတယ်။ ဓါတ်ရောင်ခြည် ထိမိထားတဲ့ ပုံမှန် ကျန်းမာတဲ့ ဆဲလ်တွေဟာ သူတို့ကိုယ်တိုင် ပြန်ကောင်းနိုင်ပါတယ်။ ဓါတ်ရောင်ခြည်ရဲ့ အဓိက ဘေးထွက်ဆိုးကျိုးကတော့ နေလောင်ဒဏ်နဲ့ ဆင်တူပါတယ်။

ခွဲစိတ်ကုသမှု အပြီးမှာ ပေးရတဲ့ ဆေးကုသမှုဟာ ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ ဆေးပုံစံ နှစ်မျိုး ရှိပါတယ်။ Chemotherapy ဟာ ပြင်းထန်တဲ့ ဆေးတွေကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးခြင်းပဲဖြစ်ပါတယ်။ Chemotherapy မှာ ဘေးထွက်ဆိုးကျိုး အတော်များများ ရှိပါတယ်။

  • ပျို့ခြင်း
  • အန်ခြင်း
  • ဆံပင် ကျွတ်ခြင်း
  • သွေးဆဲလ် နည်းခြင်း

ခုနောက်ပေါ် ဆေးသွင်းကုသမှုတွေဟာ ဘေးထွက်ဆိုးကျိုးတွေကို ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားကြပါပြီ။ အခြားဆေးတစ်မျိုးကိုတော့ anti-estrogen လို့ ခေါ်ပါတယ်။ ဟော်မုန်း တုန့်ပြန်မှု ရှိမရှိပေါ်မူတည်ပြီး anti-estrogens တွေ ပေးလေ့ရှိပါတယ်။ ဒီဆေးကို ပါးစပ်ကသာ သောက်ရပြီး ဘေးထွက်ဆိုးကျိုး နည်းပါးပါတယ်။

ရင်သားတစ်ခုလုံး ဖြတ်တောက် ကုသခြင်း

Breast-conserving surgery ဟာ ရင်သားတစ်ခုလုံး ဖြတ်တောက် ကုသခြင်းထက် ပိုပြီး အသုံးများလာကြပါပြီ။ ဒါပေမယ့် အမျိုးသမီးအချို့ကတော့ ကင်ဆာ ကုန်သွားပြီဆိုတာသေချာတဲ့ ရင်သားတစ်ခုလုံး ဖြတ်တောက် ကုသခြင်းကို ပိုမိုနှစ်သက်ကြပါတယ်။

ရိုးစင်းတဲ့ ရင်သားတစ်ခုလုံး ဖြတ်တောက် ကုသခြင်း ကို total mastectomy လို့ ခေါ်ပြီး သူဟာ ချိုင်းအောက် (သို့) ကြွက်သား တစ်ရှူးတွေထဲက ပြန်ရည်ကျိတ်တွေကို ဖယ်ရှားခြင်း မရှိပါဘူး။

Modified radical mastectomy ကတော့ ရိုးစင်းတဲ့ mastectomy နဲ့ တူပြီး သူ့မှာတော့ ပြန်ရည်ကျိတ်တွေကို ဖယ်ရှားခြင်း ပါဝင်ပါတယ်။ ဒီခွဲစိတ်မှုဟာ အရင်က အလုပ်များတဲ့ radical mastectomy ထက်တောင် ပိုမို ဆောင်ရွက်လာကြပါတယ်။ ရင်သား၊ ပြန်ရည်ကျိတ်တွေကိုတင် မက ရင်ဘတ်ကြွက်သားတွေကိုပါ radical mastectomy က ဖယ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ radical mastectomy ကြောင့် ပုံပျက်ပန်းပျက်ဖြစ်မှုဟာ ဆိုးရွားပေမယ့် modified radical mastectomy ကတော့ ပုံပျက်တာ နည်းပါးပါတယ်။ ဒါပေမယ့်သူဟာ ကင်ဆာကုသခြင်းမှာတော့ အစွမ်းထက်ပါတယ်။

ရင်သားကင်ဆာဖြစ်ပွားနှုန်း မြင့်မားတဲ့ အမျိုးသမီးတွေဟာ ရင်သားနှစ်ဖက်လုံး ဖြတ်ထုတ်တတ်ကြပြီး ဒါကိုတော့ double mastectomy လို့ ခေါ်ပါတယ်။ သူဟာ ရင်သားအခြားတစ်ဖက်မှာ ကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ပြန်ရည်ကျိတ် ထုတ်တဲ့ ခွဲစိတ်မှု

ကင်ဆာဟာ ရင်သားနားမှာ ရှိတဲ့ ပြန်ရည်ကျိတ်တွေကို ပြန့်သွားပြီလားဆိုတာ သိရှိဖို့ ရှာဖွေတဲ့ ခွဲစိတ်မှုနှစ်မျိုး ရှိပါတယ်။ ပြန်ရည်စနစ်ဟာ သွေးကြောလိုမျိုး ယှက်ဖြာနေပြီး ပြန်ရည်တွေကို တစ်ကိုယ်လုံးကို ဖြန့်ပေးတဲ့ အကျိတ်တွေ ပါဝင်ပါတယ်။ ပြန်ရည်စနစ်ဟာ ကိုယ်ခန္ဓါရဲ့ ကိုယ်ခံအားစနစ်အတွက် အရေးကြီးပါတယ်။ ပြန်ရည်ကျိတ်တွေဟာ ရောဂါကူးစက်မှုတွေကို တိုက်ဖျက်ပေးပြီး ကိုယ်ခန္ဓါအတွင်းက အဆိပ်အတောက်တွေကို စစ်ထုတ်ပေးပါတယ်။

ရင်သားကင်ဆာ အရင်ဆုံး တိုက်ခိုက်တဲ့ ပြန်ရည်ကျိတ်ကိုတော့ sentinel node လို့ ခေါ်ပါတယ်။ သူဟာ ချိုင်းကြားမှာ ရှိတဲ့ ပြန်ရည်ကျိတ် အစုအဝေးထဲမှာ တည်ရှိပါတယ်။ Sentinel lymph node biopsy မှာတော့ ဆရာဝန်ဟာ sentinel lymph node ကို ဖယ်ရှားလိုက်ပါတယ်။ သူ့ဆီကို ရောဂါပြန့် မပြန့် စစ်ဆေးပြီး ကင်ဆာဆဲလ်တွေ မပြန့်ဘူးဆိုရင် အခြား ပြန်ရည်ကျိတ်တွေကို ထုတ်ပစ်ဖို့ မလိုအပ်ပါဘူး။

တကယ်လို့ ကင်ဆာဆဲလ်တွေ တွေ့တယ်ဆိုရင် နောက်အဆင့် တစ်ခုကတော့ axillay lymph node dissection (ALND) ပဲ ဖြစ်ပါတယ်။ သူဟာ ချိုင်းအောက်မှာ ရှိတဲ့ ပြန်ရည်ကျိတ်တွေ ဖယ်ရှားခြင်းပဲဖြစ်ပါတယ်။ သူတို့ကို ကင်ဆာဆဲလ်တွေ ရှိမရှိ စစ်ဆေးပါတယ်။ ဒီလိုစစ်ဆေးမှုဟာ ရင်သားတစ်ခုလုံး ဖြတ်တောက် ကုသခြင်း (သို့) breast-conserving ခွဲစိတ်မှု လုပ်နေစဉ် တစ်ချိန်တည်းမှာ ပြုလုပ်ကြပါတယ်။ နောက်တစ်မျိုးကတော့ ဒီလိုစစ်ဆေးမှုကို သပ်သပ် ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ALND ရဲ့ အဓိက ဘေးထွက်ဆိုးကျိုးကတော့ lymphedema ပဲဖြစ်ပါတယ်။ Lymphedema ဟာ အရည်စုပြုံလာတာကြောင့် လက်မောင်းရောင်လာခြင်းပဲဖြစ်ပါတယ်။ ကိုယ်ခန္ဓါအတွင်းက အရည်တွေကို ပြန်ရည်ကျိတ်တွေက ထိန်းညှိပေးတာကြောင့် သူတို့ တွေ မရှိတော့ချိန်မှာ ကိုယ်ခန္ဓါ အတွင်း အရည်များလာတာပဲဖြစ်ပါတယ်။

ရင်သား ပြန်လည် တည်ဆောက်ခြင်း

အမျိုးသမီး အတော်များများဟာ ကင်ဆာခွဲစိတ်မှု အပြီးမှာ ရင်သားကို ပြန်လည် တည်ဆောက်ဖို့ ရွေးချယ်ကြပါတယ်။ ဒါကို breast reconstruction လို့ ခေါ်ပါတယ်။ သူ့ကို ခွဲစိတ်မှု ပြုနေစဉ် တစ်ခါတည်း (သို့) နောက်တစ်ခေါက်မှ ပြုလုပ်ကြပါတယ်။ ဆရာဝန်ဟာ သင့်ဗိုက်နဲ့ အခြားနေရာတွေက အရေပြားနဲ အဆီတွေကို အသုံးပြုမှာဖြစ်ပါတယ်။ ဒါမှမဟုတ် saline-filled (သို့) silicon-filled အစားထိုးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

ဆီလီကွန် အစားထိုးတွေနဲ့ ပတ်သက်တဲ့ လုံခြုံစိတ်ချရမှုတွေကို စိုးရိမ်စိတ်တွေ ရှိကြပေမယ့် နည်းပညာတိုးတက်လာမှုက ဒါကိုဖြေရှင်းလိုက်ပါပြီ။ ပိုမို သစ်လွင်ပြီး ထူထဲတဲ့ ဆီလီကွန်တစ်မျိုးဖြစ်တဲ့ cohesive gel ကို အခု တွင်ကျယ်စွာ အသုံးပြုနေကြပါပြီ။

ရင်သားပြန်လည်တည်ဆောက်တဲ့ ခွဲစိတ်မှုကို စိတ်ဝင်စားရင် ခွဲစိတ်ဆရာဝန်နဲ့ ကျွမ်းကျင်သူတွေကိုပါ စကားပြောကြည့်သင့်ပါတ်ယ။ သူတို့နဲ့ ဖြစ်နိုင်တဲ့

နည်းလမ်းတွေ၊ ဘေးထွက်ဆိုးကျိုးတွေကိုပါ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

ရင်သားကင်ဆာ ခွဲစိတ်မှုဟာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ခွဲစိတ်မှု မစခင်ရော၊ နောက်ပိုင်းပါ စိတ်ခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းခြင်းဟာ အရေးကြီးပါတယ်။ ဒါပေမယ့် အနည်းငယ်သာ ပြင်းထန်တဲ့ ခွဲစိတ်မှုတွေနဲ့ ရင်သားပြန်လည်တည်ဆောက်တဲ့ နည်းလမ်းတွေဟာ ရင်သားကင်ဆာခွဲစိတ်မှုရဲ့ ရေရှည်အကျိုးသက်ရောက်မှုတွေကို လူတွေကို အနည်းငယ်ပိုပြီး လက်ခံလာစေပါတယ်။

ဘာကိုသတိပြုရမလဲ

ရင်သားကင်ဆာ ရှိနေပြီဆိုရင် သင့်ဆရာဝန်နဲ့ ကုသမှု နည်းလမ်းတွေ အကုန်အကြောင်းကို ဆွေးနွေးသင့်ပါတယ်။ ခွဲစိတ်မှုနဲ့ ပတ်သက်တဲ့ ဒုတိယ အကြံဉာဏ်ကိုလည်း ယူသင့်ပါတယ်။ ရင်သားကင်ဆာ ခွဲစိတ်မှုဟာ ဘဝတစ်ခုကို ပြောင်းလဲစေနိုင်ပြီး အသက်ကယ်တင်နိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Breast cancer. (2013, March 29). National Institutes of Health.

http://report.nih.gov/nihfactsheets/viewfactsheet.aspx?csid=73

How chemotherapy works. (2012, Sept. 17). BreastCancer.org.

mhttp://www.breastcancer.org/treatment/chemotherapy/how_it_works

Lymph nodes and cancer. (2014, March 6). American Cancer Society.

http://www.cancer.org/cancer/cancerbasics/lymph-nodes- and-cancer

Surgery for breast cancer. (2014, January 31). American Cancer Society.

http://www.cancer.org/cancer/breastcancer/detailedguide/breast-cancer- treating-surgery

Types of breast reconstruction. (2013, June 12). American Cancer Society.

http://www.cancer.org/cancer/breastcancer/moreinformation/breastreconstructionaftermastectomy/breast-reconstruction-after- mastectomy-types- of-br- recon

Types of breast cancer surgery. (2012, October 16). Cancer Research UK.

http://www.cancerresearchuk.org/cancer-help/type/breast-cancer/treatment/surgery/types- of-breast- cancer-surgery

When is radiation appropriate? (2014, April 3). BreastCancer.org.

http://www.breastcancer.org/treatment/radiation/when_appropriate

ယခုပုံစံ

02/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်သားကင်ဆာနှင့် ကင်ဆာ ဆေးသွင်းကုသမှု

ရင်သားကင်ဆာရှိသူတွေမှာ ဓါတ်စာတွေဘယ်လိုရွေးချယ်ကြမလဲ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement