backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Breast Cancer (ရင်သားကင်ဆာ)


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 22/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Breast Cancer (ရင်သားကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Breast Cancer (ရင်သားကင်ဆာ) ကဘာလဲ။

ရင်သားကင်ဆာဆိုသည်မှာရင်သားဆဲလ်များတွင် စတင်ဖြစ်ပွားသော အန္တရာယ် များသောအကျိတ်အဖုထွက်ခြင်း ဖြစ်ပါသည်။ ကင်ဆာဆဲလ် အုပ်စုများသည် ပတ်ဝန်းကျင် တစ်ရှူးများသို့ လျင်မြန်စွာ ကြီးထွားဝင်ရောက်၍ ကိုယ်ခန္ဓါ အနှံ့ ပြန့်နှံ့ပါသည်။ အမျိုးသမီးများတွင် အဓိက ဖြစ်ပွားပြီးအမျိုးသားများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။

Breast Cancer (ရင်သားကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

ရင်သားကင်ဆာသည် အမျိုးသမီးများတွင် အများအပြားတွေ့ရပါသည်။ အမျိုးသမီး ၈ယောက် တွင် ၁ ယောက်နှုန်း ဖြစ်ပွားပါသည်။ အန္တရာယ်ဖြစ်စေ နိုင်သောအချက် များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Breast Cancer (ရင်သားကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရင်သားကင်ဆာသည် ရောဂါလက္ခဏာများစွာကို ဖြစ်စေပါသည်။ ရင်သားကင်ဆာ၏ ရောဂါ လက္ခဏာများမှာ

  • ပတ်ဝန်းကျင်တစ်ရှူးများနှင့်ကွဲပြားစွာခံစားရသောရင်သားအလုံးအကျိတ်
  • နို့သီးခေါင်းမှ သွေးထွက်ခြင်း
  • ရင်သား၏ အရွယ်အစား၊ ပုံသဏ္ဌာန် နှင့် အသွင်အပြင် ပြောင်းလဲမှု
  • ရင်သားအပေါ်မှအရေပြားပြောင်းလဲမှု (အချိုင့်များဖြစ်ပေါ်ခြင်း)
  • လတ်တလောမှ နို့သီးခေါင်းလန်ခြင်း
  • နိုးသီးခေါင်းနှင့်ရင်သားအရေပြားပတ်လည်ရှိ အရေပြားများအလွှာလိုက် ကွာကျခြင်း၊ အကြေးခွံထခြင်း
  • ရင်သားပေါ်မှအရေပြားများလိမ္မော်သီးမျက်နှာပြင်သကဲ့သို့ ချိုင့်ငယ်များဖြစ်ခြင်းသို့မဟုတ် နီရဲခြင်း

အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင်ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရင်သားပြောင်းလဲမှုကိုသတိထားမိပါကဆရာဝန်ကိုဆက်သွယ်သင့်ပါသည်။ မိမိကိုယ်ကိုပုံမှန် ရင်သားစမ်းသပ်မှု ပြုလုပ်ရန် အရေးကြီးပါသည်။ များသောအားဖြင့် အစောပိုင်းကင်ဆာသည် နာကျင်မှုကိုမဖြစ်စေပါ။ ရောဂါလက္ခဏာများတွေ့ရှိပါကနာကျင်မှုဖြစ်လာအောင်မစောင့်ဘဲဆရာဝန် နှင့်သွားရောက်တွေ့ဆုံပါ။ စောစောသိရှိပါကအသက်ရှင်ရန် အခွင့်အရေးပိုများသည်။

အကြောင်းရင်းများ

Breast Cancer (ရင်သားကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

ရင်သားကင်ဆာဖြစ်စေသောအကြောင်းရင်းများကိုမသိရှိပါ။ ရင်သားဆဲလ် များသည် ပုံမှန် မဟုတ်စွာ ကြီးထွား၍ ရင်သားထဲတွင် အကျိတ်ဖု ဖြစ်စေသည်ဟုသာသိရှိထားပါသည်။ အကျိတ် ဆဲလ် များသည် ပတ်ဝန်းကျင်ရှိ တစ်ရှူးများနှင့် ခန္ဓါကိုယ် အခြားအစိတ်အပိုင်းများသို့ ပြန့်နှံ့ သွားပါသည်။ ရင်သားကင်ဆာ ဖြစ်နိုင်စွမ်းကို မြင့်တက်စေသောတွန်းအားပေးသောအချက် များရှိပါသည်။

ဆရာဝန်များကရင်သားကင်ဆာ၏ ၅-၁၀ ရာခိုင်နှုန်းသည် မျိုးဗီဇသန္ဓေပြောင်းမှု ကြောင့်ဟုခန့်မှန်းပြောဆိုကြပါသည်။ ထိုမျိုးဗီဇသန္ဓေပြောင်းမှုသည် မိသားစုအတွင်းမျိးရိုးတစ် လျှောက် ဆင်းသက် သွားလာပါသည်။ ထိုမျိုးဗီဇများကို gene1 (BRCA1) နှင့် gene2 (BRCA2) ဟုဖော်ထုတ် သတ်မှတ်ထားပါသည်။ သင့်တွင် မိသားစုမှတ်တမ်းရှိပါကထိုမျိုးဗီဇများအတွက် သွေးစစ်ဆေးချက် ပြုလုပ်သင့်ပါသည်။

Risk factors

ငါ့ဆီမှာ Breast Cancer (ရင်သားကင်ဆာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်များသည် ရင်သားကင်ဆာကို ဖြစ်ပေါ်စေပါသည်။

  • အသက်ကြီးသူများသည် ဖြစ်ပွားနိုင်ခြေ မြင့်ပါသည်။ သင်အသက်ကြီးလာလေရောဂါဖြစ် နိုင်ခြေများလေ ဖြစ်ပါသည်။
  • မိသားစုမျိုးရိုး – သင်၏အနီးဆုံးဆွေမျိုး (အမေ၊ သမီးသို့မဟုတ် ညီမ) တို့တွင် ရင်သားကင်ဆာရှိသလားဟုဆိုလိုပါသည်
  • BRCA1, BRCA2 နှင့် ရင်သားကင်ဆာကို ဖြစ်စေသောအခြားမျိုးဗီဇများ ပါဝင်လာမှု
  • အရက်ပါသောဖျော်ရည်များသောက်သုံးမှု
  • ရင်သားဓါတ်မှတ်တွင် ထူထဲနေသောရင်သားတစ်ရှူး
  • ခန္ဓါကိုယ်မှထုတ်လွှတ်သောအမျိုးသမီးဟော်မုန်း estrogen နှင့်ရင်သားတစ်ရှူးများထိတွေ့မှု
  • -ရာသီလာချိန်စောခြင်း

    -အသက်ကြီးမှ ကလေးမွေးခြင်းသို့မဟုတ်ကလေးတခါမှ မမွေးဖူးခြင်း

    -သွေးဆုံးချိန် နောက်ကျခြင်း

    • သွေးဆုံးမှု လက္ခဏာများကိုကုသရန်အတွက် progestin နှင့်ပေါင်းစပ်ထားသော estrogen ကဲ့သို့ ဟော်မုန်းများသွင်းခြင်း
    • အဝလွန်ခြင်း
    • Invasive breast cancer, Ductal carcinoma in situ (DCIS), or Lobular carcinoma in situ (LCIS)တို့မှတ်တမ်းရှိခြင်း။

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Breast Cancer (ရင်သားကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

    ရင်သားတွင်ပြောင်းလဲမှုတစ်စုံတစ်ရာကိုသတိပြုမိပါကဆရာဝန်ကို ပြသပါ။ အောက်ပါ စမ်းသပ်မှု များနှင့် နည်းလမ်းများကိုအသုံးပြုကြပါသည်။

    • ဆေးမှတ်တမ်းယူခြင်းနှင့် ခန္ဓါကိုယ်အားစမ်းသပ်ခြင်း; အကျိတ်ဖုများနှင့် အခြားပုံမှန်မဟုတ် သောအရာများကိုစမ်းသပ်ရပါမည်။ လူနာ၏ ကျန်းမာရေးအလေ့အထများ၊ အရင်ကဖျားနာခဲ့မှု များနှင့် ဆေးကုသခံယူခဲ့မှု များကိုမေးမြန်းယူရမည်ဖြစ်သည်။
    • ရင်သားအားစမ်းသပ်ခြင်း ; ဆရာဝန် သို့မဟုတ် ကျန်းမာရေးပညာရှင်မှ ရင်သားအားစမ်းသပ်ခြင်း ဖြစ်သည်။ ဆရာဝန်သည် အကျိတ်ဖုနှင့်အခြားပုံမှန်မဟုတ် သောအရာများအတွက် ရင်သားနှင့် လက်မောင်းအောက်ကိုသေချာစွာကိုင်တွယ် ခံစား ကြည့်ရမည်။
    • Ultrasound ရိုက်ခြင်း ; နှုန်းမြင့်အသံလှိုင်းများသည် ကိုယ်တွင်းအင်္ဂါများအား ပြန်ကန်၍ ပဲ့တင်သံများ ပြုလုပ်သောလုပ်နည်းဖြစ်သည်။ ပဲ့တင်သံများသည် sonogram ဟုခေါ်သောတစ်ရှူးပုံရိပ် များကို ဖြစ်ပေါ်စေသည်။ ထိုပုံရိပ်များကိုစာရွှက်ပေါ်တွင် ပုံနှိပ်၍ ကြည့်နိုင် သည်။
    • MRI ရိုက်ခြင်း ; သံလိုက် ရေဒီယိုလှိုင်းများနှင့် ကွန်ပြူတာအားအသုံးပြု၍ ရင်သားနှစ်ခုစလုံး၏ အသေးစိတ် ပုံရိပ်များကိုဖန်တီးသောလုပ်နည်းစဉ်တစ်ခု ဖြစ်သည်။ NMRI ဟုလည်းခေါ်သည်။
    • ဓါတုဗေဒဆိုင်ရာသွေးစစ်ခြင်း ; သွေးနမူနာအားယူ၍ ကိုယ်တွင်းအင်္ဂါ နှင့် တစ်ရှူးများမှ သွေးထဲသို့ ထုတ်လွှင့်လိုက်သောအချို့ပစ္စည်းများ၏ ပမာဏကိုစစ်ဆေးသောလုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ ပုံမမှန်သော (သာမာန်ထက် မြင့်သောသို့မဟုတ် နိမ့်သော) ပမာဏများတွေ့ရှိရပါကရောဂါတစ်ခု၏ လက္ခဏာ ဖြစ်နိုင်သည်။
    • အသားစယူခြင်း ; ရောဂါရှာဖွေသူကဆဲလ် သို့မဟုတ် တစ်ရှူး ကိုထုတ်ယူကာအဏုကြည့်မှန် ပြောင်းဖြင့် ကြည့်ကာရောဂါ လက္ခဏာများကိုရှာဖွေ စစ်ဆေး ခြင်း ဖြစ်သည်။ ရင်သားတွင် အကျိတ် တွေ့ရှိရပါကအသားစထုတ်ယူခြင်းကို ပြုလုပ်နိုင်သည်။ ရင်သားကင်ဆာကိုစစ်ဆေးရန် သုံးသောအသားစထုတ်ယူခြင်း ၄ မျိုးရှိသည်။

    Excisional biopsy ;တစ်ရှူး၏ အကျိတ်ဖုတစ်ခုလုံးကိုထုတ်ယူခြင်း

    Incisional biopsy ;အကျတ်ဖု၏ အစိတ်အပိုင်းတစ်ခုက်ုထုတ်ယူခြင်း

    Core biopsy ;အနံကြီးသောအပ်ကိုအသုံးပြု၍ တစ်ရှူးစကိုထုတ်ယူခြင်း

    Fine Needle aspiration (FNA) ;မထူသောအပ်ကိုအသုံးပြု၍ အရည် သို့မဟုတ် တစ်ရှူးစကိုထုတ်ယူခြင်း

    စမ်းသပ်မှုနှင့် ပတ်သက်သောအကြောင်းကိစ္စများကိုသင်၏ ဆရာဝန်နှင့်ဆွေးနွေးရန် အရေးကြီးပါသည်။

    Breast Cancer (ရင်သားကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

    အောက်ပါအချက်များအပေါ် မူတည်၍ ရင်သားကင်ဆာကုသမှုများကိုခွဲခြားသတ် မှတ်ထားပါသည်။

    • ရင်သားကင်ဆာအမျိုးအစား
    • ရင်သားကင်ဆာ၏ အဆင့်သတ်မှတ်မှု
    • ရင်သားကင်ဆာ၏ အရွယ်အစား
    • ကင်ဆာဆဲလ်များ၏ ဟော်မုန်းများအပေါ် တုံ့ပြန်မှု
    • တစ်ကိုယ်လုံး၏ ကျန်းမာရေးအခြေအနေ

    စံသတ်မှတ်ထားသောကုသမှု ၅ မျိုးရှိပါသည်။ ၎င်းတို့မှာ

    • ခွဲစိတ်ကုသခြင်း

    Breast-conserving surgery ;သားနံရည်ကျိတ်အားခွဲစိတ်၍ ဖယ်ရှားခြင်း

    Total mastectomy ;ကင်ဆာရှိသောရင်သားတစ်ခုလုံးကိုဖယ်ရှားခြင်း

    Modified radical mastectomy ;ကင်ဆာရှိသောရင်သားတစ်ခုလုံး၊ လက်မောင်းအောက်မှ သားနံရည်ကျိတ်များ နှင့် ရင်အုပ် ကြွက်သားများ၏ အတွင်းမျက်နှာပြင် များအားဖယ်ရှားခြင်း။ တစ်ခါတစ်ရံရင်ဘတ်နံရံ ၏ အစိတ်အပိုင်းများပါ ပါဝင်သည်။

    • Radiation therapy ; စွမ်းအင်မြင့် x-rays နှင့် အခြားဓါတ်ရောင်ခြည် များအားအသုံးပြု၍ ကင်ဆာဆဲလ်များကိုသတ်ခြင်းသို့မဟုတ် ကြီးထွားမှုကိုတားမြစ်ခြင်းတို့ကို ပြုလုပ်နိုင်သောကူသမှု ဖြစ်သည်။
    • Chemotherapy ; ကင်ဆာဆဲလ်များကို ကြီးထွားမှုရပ်တန့်စေရန် ဆေးများအသုံးပြု၍ ကုသခြင်း ဖြစ်သည်။ ခွဲစိတ်ကုသမှု မပြုလုပ်ခင်တွင် အကျိတ်ဖုကိုကျုံ့သွားစေရန် အတွက် အသုံးပြုပါသည်။ ခွဲစိတ်ကုသမှု ပြီးနောက် အကျိတ် ပြန်လည်မဖြစ်စေရန် အတွက် လည်းအသုံးပြုပါသည်။
    • Hormone therapy ; ဟော်မုန်းများ၏ လုပ်ဆောင်ချက်များကိုပိတ်ဆို့ပြီးကင်ဆာ ကြီးထွားမှု ရပ်တန့်စေသောကုသမှုတစ်မျိုး ဖြစ်ပါသည်။
    • Targeted therapy ; ပုံမှန်ဆဲလ်များကိုထိခိုက်စေမှု မရှိဘဲကင်ဆာဆဲလ် များကိုရွေးချယ်တိုက်ခိုက်သောဆေးများအသုံးပြုသောကုသမှု ဖြစ်သည်။ Monoclonal antibodies, tyrosine kinase inhibitors, cyclin-dependentkinase inhibitors တို့ ပါဝင်ပါသည်။

    ဤကုသမှုများအားပေါင်းဖက်၍ အသုံးပြုနိုင်သည်။ မှန်ကန်သောကုသမှု ကိုရွေးချယ် နိုင်စေရန် ဆရာဝန် နှင့် တိုင်ပင် ဆွေးနွေးပါ။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကရင်သားကင်ဆာကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည် ရင်သားကင်ဆာကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။

    • ပို၍ကျန်းမာသောရွေးချယ်မှုများကိုပြုလုပ်ပါ။ ကျန်းမာရေးနှင့် ညီညွှတ်သောအစားအစာ နှင့် လေ့ကျင့်ခန်းမှန်စွာလုပ်ခြင်းသည် အရေးကြီးပါသည်။ အရက်သောက်ခြင်းနှင့် ဆေးလိပ် သောက်ခြင်းကိုလျော့ချပါ။
    • မှန်ကန်စွာစားသောက်ပါ။ ကောင်းမွန်သောအာဟာရသည် အရေးကြီးပါသည်။ ကုသမှုလုပ်ထုံးများသည် မအီမသာ ဖြစ်စေပြီးအရသာခံစားမှု ကိုပြောင်းလဲစေပါသည်။ အစာကိုနည်းနည်း နှင့် မကြာခဏစားသုံးပေးပါ။
    • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ကင်ဆာသည် မောပန်းနွမ်းနယ်မှုကို ဖြစ်စေပါသည်။ အချိန်ကြာစွာမောပန်းနွမ်းနယ် ပြီးအနားယူခြင်း ဖြင့် မသက်သာနိုင်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ် ခြင်းဖြင့် မောပန်းနွမ်းနယ်မှု ကိုသက်သာစေနိုင်ပါသည်။ လမ်းလျှောက်ခြင်းကို ဖြည်းဖြည်းဖြင့် စတင် သင့်ပါသည်။

    ဤနေထိုင်မှု ပြောင်းလဲခြင်းများသည် ရင်သားကင်ဆာကိုသက်သာရန် ကူညီပေး နိုင်ပါသည်။

    အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 22/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement