brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ရင်သား တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖြတ်ထုတ်ခြင်း (Breast conserving surgery)

Breast conservation surgery ကို lumpectomy, partial mastectomy, quadrantectomy, or segmental mastectomy ဆိုပြီး ခေါ်ကြပါတယ်။ Breast conservation surgery ဟာ ရင်သားကင်ဆာ လူနာတွေအတွက် ကုသနည်း တစ်မျိုးဖြစ်ပါတယ်။ သူဟာ ရင်သားရဲ့ ကင်ဆာဖြစ်နေတဲ့ အစိတ်အပိုင်းကို ဖြတ်ထုတ်တာ ဖြစ်ပါတယ်။ ဖြတ်ထုတ်တဲ့ တစ်ရှူးပမာဏဟာ အကျိတ်တည်နေရာနဲ့ အရွယ်အစားနဲ့ အခြားအချက်အလက်တွေပေါ်မှာလည်း မူတည်ပါသေးတယ်။ ခွဲစိတ်မှုမပြုခင် ဆရာဝန်နဲ့ ရင်သားရဲ့ ဘယ်လောက်ကို ဖြတ်ထုတ်မှာလဲ၊ ဘယ်လို အမာရွတ်မျိုး ကျန်ခဲ့မှာလဲ အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကို မေးမြန်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အကျိတ်ပတ်လည်က ပုံမှန် ကောင်းတဲ့ တစ်ရှူးအချို့ကိုပါ ဖြတ်ထုတ်မှာမို့ပဲ ဖြစ်ပါတယ်။

ရင်သား တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖြတ်ထုတ်ခြင်း (Breast conserving surgery)

Breast conservation surgery ကို ဘယ်သူတွေ လုပ်လို့ရပါသလဲ။

Breast conservation surgery ရဲ့ အဓိက ကောင်းကျိုးကတော့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရင်သားအတော်များများကို ဆက်လက် ရှိနေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဓါတ်ရောင်ခြည်ကုသမှုကိုတော့ ခံယူသင့်ပါတယ်။

ဒီကုသမှုဟာ သင့်မှာ အောက်ပါ အချက်တွေ ရှိတယ်ဆိုရင်တော့ သင့်ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

• ရင်သားအကျိတ် တစ်လုံး (5mm ထက်ငယ်တဲ့ အရွယ်အစား)

• ရင်သားအကျိတ်တစ်လုံး (သို့) နီးကပ်စွာတည်ရှိတဲ့ အကျိတ်အများကြီး (သူတို့ကို ဖြတ်ထုတ်လိုက်ခြင်းဟာ ရင်သားကို ပုံပျက်စေခြင်း သိပ်မရှိနိုင်ပါဘူး)

• တစ်ရှူး အလုံအလောက် ရှိခြင်း (ဒါမှသာ ဘေးပတ်လည်က တစ်ရှူးတွေ ဖြတ်ထုတ်ခြင်းဟာ ရင်သားကို ပုံမပျက်စေမှာပါ)

• ရောင်ရမ်းတဲ့ ရင်သားကင်ဆာ မရှိခြင်း

• ကိုယ်ဝန်ရှိမနေခြင်း

• ဒီကုသမှုနဲ့ နောက်ဆက်လုပ်ရတဲ့ ဓါတ်ရောင်ခြည်ကုသမှုကို ခံယူဖို့ စိတ်ထက်သန်ခြင်း

အချို့အမျိုးသမီးတွေက ဒီကုသမှုဟာ ရင်သားအကုန်ထုတ်မပစ်တာကြောင့် ကင်ဆာပြန်ဖြစ်မှာကို စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် အခြေအနေအတော်များများမှာ ရင်သားတစ်ခုလုံးဖြတ်ထုတ်ခြင်းဟာလည်း ရေရှည် အသက်ရှင်သန်မှု (သို့) ကုသမှုနဲ့ ပတ်သက်တဲ့ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ပေးစွမ်းခြင်း မရှိပါဘူး။ နှစ်ပေါင်း ၂၀ ကျော်လေ့လာခဲ့တဲ့ လေ့လာမှု တွေက ရင်သားတစ်ခုလုံး ဖြတ်ထုတ်ခြင်းဟာ ပိုမိုကောင်းမွန်တဲ့ အသက်ရှင်နှုန်းကို မပေးနိုင်တာကြောင့် Breast conservation surgery ကို လုပ်နိုင်ပါတယ်လို့ ဆိုပါတယ်။

ခွဲစိတ်နည်း

ခွဲစိတ်ခြင်းဟာ တစ်နာရီကနေ နှစ်နာရီအထိ ကြာတတ်ပါတယ်။ ရင်သားအတွင်းဘက်မှာ သတ္တုနဲ့ ပြုလုပ်ထားတဲ့ ညှပ်ကလေးတွေကို ထားခဲ့မှာဖြစ်ပြီး ဒါဟာ ထုတ်လိုက်တဲ့ နေရာအတိအကျကို ဖေါ်ပြမှာ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ ပြန်ရည်ကျိတ်တွေကိုလည်း စစ်ဆေးမှာဖြစ်ပါတယ်။ အကျိတ် ပတ်လည်ကို radioactive tracer (သို့) အပြာရောင် dye ကို ထိုးလိုက်မှာ ဖြစ်ပါတယ်။ ဒီ ပစ္စည်းဟာ ကင်ဆာဆဲလ်တွေ သွားတဲ့ လမ်းအတိုင်းသွားမှာဖြစ်ပါတယ်။ ဒါဟာ ခွဲစိတ်ဆရာဝန်ကို စစ်ဆေးဖို့ လိုအပ်တဲ့ ပြန်ရည်ကျိတ်တွေ ရှိမရှိ ဆုံးဖြတ်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။

နေပြန်မကောင်းခင်မှာ လက်မောင်း (သို့) လက် ရောင်ခဲ့ရင်၊ အရေပြားအောက်မှာ အရည်ရှိနေရင်၊ နီမြန်းခြင်းနဲ့ အခြားရောဂါပိုးဝင်တဲ့ လက္ခဏာတွေ ရှိနေရင် ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။

Breast conservation surgery လုပ်ပြီးနောက်မှာတော့ ဓါတ်ရောင်ခြည်ကုသမှု ယူရမှာဖြစ်ပါတယ်။

ဘာကိုမျှော်လင့်ထားရမလဲ။

ဆရာဝန်က

• ခွဲစိတ်မှု မပြုခင် လိုက်နာရမယ့် အချက်အလက်တွေ

• လုပ်ဆောင်နည်း

• ပြန်ကောင်းလာစဉ်နဲ့ ခွဲစိတ်ပြီး ဂရုစိုက်ဖို့ အချက်တွေ ကို ပြောပြမှာဖြစ်ပါတယ်။

Breast conservation surgery ရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

Breast conservation surgery က ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကတော့

• နာကျင်ခြင်း

• ခဏတာ ရောင်ရမ်းခြင်း

• ခွဲစိတ်တဲ့နေရာမှာ မာတဲ့ အမာရွတ် ဖြစ်ခြင်း

• ရင်သားပုံစံ ပြောင်းလဲခြင်း

• ရင်ဘတ်ထဲ၊ ချိုင်းကြားနဲ့ ချိုင်းမှာ အာရုံကြော နာကျင်ခြင်းနဲ့ အချိန်ကြာသော်လည်း သက်သာမှု မရှိခြင်း ( post-mastectomy pain syndrome) တွေပဲ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။