backup og meta

ရင်သားကင်ဆာရှိသူတွေမှာ ဓါတ်စာတွေဘယ်လိုရွေးချယ်ကြမလဲ

ရင်သားကင်ဆာ ဖြစ်လာရင် အာဟာရဖြည့်စွက်စာတွေကို သင့်အစားအစာတွေထဲကို ထည့်သွင်းသင့်ပါတယ်။ ဗီတာမင်၊ herbs, antioxidants, extracts တွေဟာ ကိုယ်ခံအားစနစ်ကို အားကောင်းစေတာမို့ သင်ဟာ ပိုမိုအားရှိလာပြီး ရောဂါကုသမှုဆိုးကျိုးတွေကို သက်သာလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အတွက် မှန်ကန်တဲ့ နည်းလမ်းတွေကို ရွေးချယ်ဖို့ လိုပါတယ်။

Antioxidants

ဗီတာမင် အေ၊ စီ၊ အီးနဲ့ selenium တွေဟာ Antioxidants တွေ ဖြစ်ပြီး သူတို့ဟာ ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းကြောင့် ဖြစ်လာတဲ့ ဆဲလ်ပျက်စီးမှုကို သက်သာစေပါတယ်။ ဒါ့ပြင် ဗီတာမင် စီနဲ့ အီးဟာ ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပါတယ်။

Antioxidants တွေကို အများအပြားသုံးစွဲခြင်းဟာ ကင်ဆာရောဂါအတွက်အကျိုးရှိသော်လည်း အချို့နေရာတွေမှာ ကင်ဆာဖြစ်နှုန်းကို ပိုမို မြင့်တက်စေပါတယ်။

ဒီ Antioxidants တွေကို အသီးအရွက်တွေ အတော်များများ ဖြစ်တဲ့ လိမ္မော်သီး၊ ပန်းသီး၊ မုန်လာဥနီ၊ ငရုတ်သီးတောင့်တွေမှာ တွေ့ရှိနိုင်ပါတယ်။ ဒီ Antioxidants တွေပါဝင်တဲ့ ဖြည့်စွက်စာတွေကို ဆေးဆိုင်တွေနဲ့ supermarkets တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ လတ်ဆတ်တဲ့ အသီးအရွက်တွေကို စားနိုင်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် မစားနိုင်ရင်လည်း ဖြည့်စွက်စာတွေက အကျိုးရှိပါတယ်။ ဖြည့်စွက်စာတွေ စားလို့ရမရ ဆရာဝန်ကို မေးမြန်းသင့်ပြီး လိုတာထက်ပိုပြီး မစားသင့်ပါဘူး။

လက်ဖက်စိမ်း

လက်ဖက်စိမ်းဟာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိပါတယ်။ ရင်သားကင်ဆာဟာ ရင်သားဆဲလ်တွေ ပုံမမှန်စွာ ကြီးထွားလာတဲ့အခါမှာ ဖြစ်လာတာ ဖြစ်ပြီး အကျိတ်ကို ဖြစ်စေပါတယ်။ လက်ဖက်စိမ်းမှာ ပါတဲ့ အရာတွေဟာ ဒီအကျိတ်တွေထဲမှာ ရှိတဲ့ သွေးကြောတွေရဲ့ ပုံမမှန်စွာ ကြီးထွားမှုကို နှေးကွေးစေပါတယ်။ လက်ဖက်စိမ်းကို အရည်အဖြစ်သော်လည်းကောင်း ဖြည့်စွက်စာ အဖြစ်သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။

မှို

မှိုကို ဆေးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ မှိုရဲ့ အချို့ ပါဝင်ပစ္စည်းတွေဟာ ကင်ဆာဆဲလ်အချို့ ကြီးထွားခြင်းကို တားမြစ်ပေးပါတယ်။ Letinan လို့ ခေါ်တဲ့ ပါဝင်ပစ္စည်းဟာ ကင်ဆာဖြစ်စေတဲ့ အင်ဇိုင်းကို တားမြစ်ပေးပါတယ်။ မှိုမှာပါတဲ့ beta-glucan ဟာ ကိုယ်ခန္ဓါမှာ ရှိတဲ့အကျိတ်ကို အကျိတ်ကို တိုက်ခိုက်ဖို့ ကူညီပေးပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ အများအပြားစားတဲ့သူဟာ ကင်ဆာဖြစ်နိုင်ခြေ နည်းတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ကြက်သွန်ဖြူဟာ ရင်သားကင်ဆာ ကုသမှုကိုရော ကာကွယ်မှုကိုပါ ကူညီပေးပါတယ်။ ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေဟာ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပြီး ရင်သားကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့နေရာမှာ ကူညီပေးပါတယ်။

ဂျင်း

ရင်သားကင်ဆာကုသမှုဟာ ပျို့အန်ခြင်း၊ ပင်ပန်းခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီဆိုးကျိုးတွေဟာ အလွန်အမင်း ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အာဟာရချို့တဲ့ ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ သင့်ကိုယ်ခန္ဓါဟာ အားနည်းနေတာကြောင့် ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ခက်ခဲနိုင်ပါတယ်။ အအန်ပျောက်ဆေးတွေ ရှိပေမယ့် ဖြည့်စွက်စာတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဂျင်းပါဝင်တဲ့ ဖြည့်စွက်စာတွေကို သူ့ချည်းပဲ သော်လည်းကောင်း၊ အအန်ပျောက်ဆေးတွေနဲ့ ပေါင်းစပ် သောက်သုံးခြင်းသော်လည်းကောင်း ပြုနိုင်ပြီး သင့်ကို နေပိုကောင်းစေပြီး အန်ခြင်းကို လျော့ကျစေမှာ ဖြစ်ပါတယ်။

ကင်ဆာရောဂါကို တိုက်ဖျက်ဖို့အတွက် ဖြည့်စွက်စာတွေကိုလည်း စဉ်းစားသင့်ပါတယ်။ ဒါပေမယ့် ဒီဖြည့်စွက်စာတွေဟာ ကုသမှု (သို့) သင့်ကိုယ်ခန္ဓါကို ထိခိုက်စေလားဆိုတာ ဆရာဝန်ကို အရင်မေးသင့်ပြီး သတိထားကာ အသုံးပြုသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Vitamins and Supplements for Cancer Patients. http://www.webmd.com/diet/features/cancer-supplements#1.

Accessed February 12, 2017.

2. Antioxidants and Cancer Prevention.

https://www.cancer.gov/about-cancer/causes-prevention/risk/diet/antioxidants-fact-sheet.

Accessed February 12, 2017.

3. The safety of vitamins and diet supplements.

http://www.cancerresearchuk.org/about-cancer/cancers-in-general/treatment/complementary-alternative/about/harm/the-safety-of-vitamins-and-diet-supplements.

Accessed February 12, 2017.

ယခုပုံစံ

16/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင် နဲ့ ရင်သားကင်ဆာ စစ်ဆေးမှုနည်းလမ်းများ

ရင်သားတွဲကျခြင်းအတွက် ရင်သားပင့်တင့်သောကုထုံး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement