backup og meta

ရင်သားကင်ဆာခံစားနေရသော လူနာ၏ လက်တွဲဖော် အနေနဲ ဘယ်လိုကူညီပေးနိုင်မလဲ

ရင်သားကင်ဆာ ဖြစ်နေပြီဆိုတဲ့ အဖြစ်အပျက်ဟာ သင့်ချစ်သူအတွက် ကြောက်မယ်ဖွယ်ကောင်းတဲ့ အတွေ့အကြုံဖြစ်နိုင်ပါတယ်။ သူမရဲ့ ချစ်သူဖြစ်တဲ့အလျောက် သင့်မှာလဲ အခက်အခဲတွေ ရင်ဆိုင်ရနိုင်ပါတယ်။ သူမကို အားပေးဖို့၊ သင်တို့ဆက်ဆံမှုကို ကာကွယ်ဖို့နဲ့ သင့်ကိုယ်ပိုင် ခံစားချက်တွေကို ဖုံးကွယ်ဖို့ အတွက် သင်ဟာ သန်စွမ်းဖို့လိုပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ သင့်အမျိုးသမီးကို ဘယ်လို ကူညီပေးမလဲဆိုတာတွေ ဖြစ်ပါတယ်။

၁။ သူမအတွက် အဆင်သင့်ရှိပါစေ။

ချစ်တယ်ဆိုတဲ့ စကားလေးနဲ့ပဲ ဟာ ဒီအချိန်မှာ မလုံလောက်တော့ပါဘူး။ ဆရာဝန်နဲ့ ပြသဖို့ အလုပ်မှာ ခွင့်တွေ စယူသင့်ပါပြီ။ ရင်သားကင်ဆာဟာ ကြောက်စရာ ကောင်းတာကြောင့် သူမကို တစ်ယောက်တည်း ရင်မဆိုင်စေသင့်ပါဘူး။ ဆရာဝန်ဆီကို သူမနဲ့ အတူသွားခြင်းဟာ သူမကို ချစ်ကြောင်းပြရုံတင်သာမက သူမရဲ့ အခြေအနေတွေကိုလည်း သိရှိရမှာဖြစ်ပါတယ်။ သင်တစ်ခုခု နားမလည်ရင်လည်း ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။ သူမကို စောင့်ရှောက်ဖို့အတွက် သင်ဟာ အကုန်သိထားဖို့ လိုအပ်ပါတယ်။

၂။ စကားပြောပါ။

သူမ တစ်ခုခု ပြောလိုက်မယ်ဆိုရင် သေချာနားထောင်သင့်ပါတယ်။ သူမက စကားမပြောချင်ဘူးဆိုရင်လည်း အတင်းဖိအားမပေးသင့်ပါဘူး။ သူမဟာ ရောဂါအကြောင်း မပြောချင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ သူမ ဆန္ဒကို ဦးစားပေးပြီး သူမပြောချင်တာကိုသာ နားထောင်ဖို့ အဆင်သင့်ဖြစ်တယ်ဆိုတာ သူမကို သိရှိပါစေ။ လူတစ်ယောက်ရဲ့ အခြေအနေကို အသိအမှတ်ပြုဖို့ဆိုတာ သတ္တိ လိုအပ်ပါတယ်။ သူမ လိုအပ်တဲ့အချိန်မှာ အချိန်ပေးပြီး ဂရုစိုက်ပါ။

၃။ ရင်းနှီးမှုကို ထိန်းသိမ်းပါ။

ရင်သားကင်ဆာ ရှိတဲ့အမျိုးသမီးတွေဟာ အထူးသဖြင့် ခွဲစိတ်မှု လုပ်ပြီးသွားရင် သူတို့ကိုယ်ကိုယ် စိတ်မလုံခြုံမှုတွေ ရှိတတ်ပါတယ်။ သင့်ချစ်သူဟာ ကြောက်ရွံ့နေနိုင်ပါတယ်။ သင်တို့မှာ ရှိခဲ့တဲ့ ကိုယ်ခန္ဓါ ရင်းနှီးမှုတွေ မရှိတော့ရင် သင်သူမကို မချစ်တော့ဘဲ ထားခဲ့တော့မှာလို့ ထင်နိုင်ပါတယ်။ သူမ အဆင်ပြေတယ်ဆိုရင် လိင်ဆက်ဆံမှု ပြုသင့်ပါတယ်။ သူမ ဘယ်လိုခံစားရလဲဆိုတာ မေးဖို့ မမေ့ပါနဲ့။ ဒါဟာ သင်သူမကို ချစ်ဆဲပဲ၊ လေးစားဆဲပဲ ဆိုတာ ဖေါ်ပြပါတယ်။

၄။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

သင့်ချစ်သူကို ပြုစုခြင်းဟာ အားအင်ကုန်ခမ်းစေပါတယ်။ ကျန်းမာသန်စွမ်းစေဖို့အတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ သင်နားဖို့ လိုအပ်တယ်ဆို သူမကို ပြောပြပါ။ သူငယ်ချင်းတွေနဲ့ ခဏတာ အပြင်ထွက်လည် နိုင်ပါတယ်။ စိတ်ဓါတ်ကျနေတယ်ဆိုရင် နှစ်သိမ့်ဆွေးနွေးမှု ယူနိုင်ပါတယ်။ အတွေ့အကြုံချင်းတူညီတဲ့ သူတွေနဲ့ စကားပြောခြင်းဟာ သင့်ချစ်သူအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ပိုမို သိရှိစေပါတယ်။

ရင်သားကင်ဆာကို အတူတိုက်ဖျက်ရခြင်းဟာ သင်တို့နှစ်ယောက် အတူသွားရမယ့် ခရီးတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ အားပေးချစ်ခင်မှုနဲ့ သင့်ချစ်သူဟာ ပုံမှန်ဘဝကို အကောင်းဆုံးနေထိုင်နိုင်သွားမှာဖြစ်ပါတယ်။ တစ်ခါတစ်လေ ခက်ခဲပြီး စိတ်ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် သူတို့ အတူတကွ ကျော်လွှားနိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Husband’s Guide to Breast Cancer: How to Best Support Your Spouse.

http://www.healthxchange.com.sg/healthyliving/SpecialFocus/Pages/The-Husbands- Guide-to- Breast-Cancer-How- to-Best- Support-Your- Spouse.aspx

Assessed September 24, 2016

ယခုပုံစံ

14/07/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement